ဘူမိဘော အဒူဂျာဒက်


 
 
ဗစ်ရှနူးရဲ့ သံပြား ၀ိုင်းကြီး ကြား ရှီဗား ရဲ့ သုံးမြှောင့်သွား လှံ ဖြတ်ထွက်သွားတဲ့ အမှတ်တံဆိပ် ဖြစ်တဲ့ ချတ်ကရီ နန်းဆက် (ပုံပါ) ကို ဆက်ခံခဲ့ပြီး ကမ္ဘာ မှာ သက်တမ်း အရှည်ဆုံး မင်း ဖြစ်ခဲ့တဲ့ အသက် ၈၈ နှစ်ရှိ ထိုင်းဘုရငိ အောက်တိုဘာ ၁၃ ရက် က ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

၁၉၂၇ မှာ အမေရိကန်မှာ မွေးဖွားခဲ့တဲ့ဘူမိဘေသည်ာ ထီးနန်းကို တရားဝင် ဆက်ခံတဲ့ အချိန်မှာ အသက် ၂၂ နှစ်ပဲ ရှိပါသေးတယ်။ ထီးနန်းဆက်ခံဖို့ဆွစ်ဇာလန်မှ  ကျောင်းပြီးလို့ ပြန်လာတော့မယ် အချိန် ၁၉၅၀ ခုနှစ် နွေဦးမှာ မကြုံစဖူးလောက်အောင် အတိတ်နမိတ်တွေ ပေါ်ထွန်းခဲ့တယ်လို့ ဆိုပါတယ်။

ဆင်ဖြူတော်တကောင် တောထဲက ထွက်လာတဲ့အပြင် ဘန်ကောက်မြို့ တော် အပေါ် မကြုံစဖူး အောင် မိုးသီးတွေ ရွာသွန်းခဲ့ပါတယ်။

သို့အတွက်ကြောင့် ဘူမိဘော ပြည်တော် ပြန်ခရီးကို စောင့်ဆိုင်းနေကြတဲ့ ထိုင်းပြည်သူတွေကို ပန်းများနဲ့ ဆန်ပမ်း ပေါက်ပေါက် တွေ လေယာဉ်ပေါ်ကနေ ကြဲချပေးပြီး ဂုဏ်ပြု ခဲ့ကြပါတယ်။

၁၉၅၀ မေလ ၅ ရက်နေ့  န၀မ မြောက် ရာမ ဘုရင် အဖြစ် တရားဝင် ဘိဘိတ်ခံပွဲမှာ အမွှေးနံ့သာ များ နဲ့ ကိုယ်လက်သန့် စင်ပြီး ထီးဖြူ   ၉ လက် အုပ်မိုးထားတဲ့ ရှစ်ထောင့်ပုံ ပလ္လင် တော် ပေါ် ကို ရွှေဖိနပ်စီး တက်ရောက်ခဲ့ပါတယ်။ ထီးနန်း အရိုက်အရာ တရားဝင် လွှဲပေးမယ့်သူ မရှိတဲ့ အတွက် ကိုယ်တိုင်ပဲ သရဖူ မဏ္ကိုင် ကြီးကို ဆောင်းခဲ့ရပါတယ်။ (ပုံတွင်ရှု)

သူနန်းဆက်ခံခဲ့တဲ့ အချိန်မှာ ထိုင်းဘုရင်တွေရဲ့ ဘုန်းတန်ခိုး အာဏာကျဆင်းနေချိန် ဖြစ်ပြီး သူအရင်အဆက်ဆက်က ကျင့်သုံးခဲ့တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ် နေရာမှာ ၁၉၃၂ တော်လှန်ရေးကြောင့် စည်းမျဉ်းခံ ဘုရင်စနစ် ပြောင်းလဲ ကျင့်သုံးနေချိန်လည်း ဖြစ်ပါတယ်။

ဟားဗတ်တက္ကသိုလ် ကျောင်းဆ်း ခဲ့ပြီးးး ဆွစ်ဇာလနမှာ် မှ ဥပဒေ နဲ့ နိုင်ငံရေး သိပ္ပံ ပညာကို ဆက်လက် ဆည်းပူးခဲ့ပါတယ်။ာ။ အင်္ဂလိပ် နဲ့ ပြင်သစ် လို ကောင်းစွာ ပြောနိုင်သူ ဖြစ်ပါတယ်။

အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်း ဥပဓိရုပ် ခန့် ခန့် ညားညား ဖြစ်ပြီး ဘုရင်တပါး မှာ ရှိသင့်ရှိထိုက်တဲ့ ကြန်ရေ လက္ခဏ တွေ ပြည့်စုံခဲ့ပေမယ့် ဘုရင် အဖြစ် ပြုစု ပျိုးထောင်မှုကို မခံခဲ့ရပါဘူး။

အကို ဖြစ်သူ အာနန္ဒာ ဘုရင် အိပ်ယာထဲမှာ ခေါင်းကို ကျည်ဆံ မှန်ပြီး သေဆုံးခဲ့ရတဲ့ အတွက် သူ့ အဖို့ ထီးနန်းဆက်ခံဖို့ ဖြစ်လာရပါတယ်။ အကို ကို လုပ်ကြံမှု အတွက် နန်းတော်အတွင်းရှိ အစေခံ နှစ်ဦး နဲ့ နန်းတော် အတွင်းဝန်ကို ကွပ်မျက် ခဲ့ပေမယ့် ဖြစ်ရတဲ့ အကြောင်းရင်းကို သေချာ စုံစမ်း စစ်ဆေး ခဲ့ခြင်း မရှိပါဘူး။ ဘူမိဘော ကိုယ်တိုင်ကလည်း အဲ့ဒီလို ပြု လုပ်ဖို့ ဆန္ဒ မရှိခဲ့တဲ့ အတွက် ညီအစ်ကို နှစ်ယောက် ပစ္စတို တလက်နဲ့ ကစားကြရင်း မတော်တဆ ကျည်ဆံမှန်ခဲ့ရတယ်လို့ ကောလဟာသ တွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

ဘူမိဘောသည် အကို ကွယ်လွန်ချိန် ၁၉၄၆  မှာ ထီးနန်းကို ဆက်ခံခဲ့ပေမယ့် ကျောင်းမပြီးသေးလို့ ဆွစ်ဇာလန် ပြန်သွားပြီး ပညာဆက်လက် ဆည်းပူးခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၈ မှာ ဆွစ်ဇာလန်မှာ ကားချင်းတိုက်လို့ ညာဘက်မျက်လုံး ကွယ်သွားခဲ့ရပြီး ပြင်သစ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ရဲ့ သမီးဖြစ်သူ သီရိခေတ်နဲ့ မေတ္တာမျခဲ့ကြပါတယ်။

ဘူမိဘော ဘုရင်သည် အနုပညာ ၀ါသနာ ပါပြီး သူကိုယ်တိုင် သီချင်းရေးစပ်ကာ နန်းအတွင်းမှ ရေဒီယို နဲ့ တပြည်လုံးကို ဖျော်ဖြေလေ့ ရှိခဲ့ဘူးပါတယ်။ တနေ့ကို နာရီပေါင်း များစွာ အလုပ်လုပ်လေ့ရှိပြီး တက္ကသိုလ် ကောလိပ်များရဲ့ ဘွဲ့နှင်းသဘင်တွေကိုပါ ကိုယ်တိုင် တက်ရောက် ပြီး ဘွဲ့ လက်မှတ်တွေကို ပေးခဲ့တာကြောင့် လက်မောင်းရိုး ပြုတ်ထွက်မတတ် ဖြစ်ခဲ့ရတယ်လို့ အဆိုရှိပါတယ်။

နောက်ပိုင်း မှာ တနှစ်ကို နန်းတော်တွင် ၆ လ ကျန် ၆ လကို ကျေးလက်ဒေသ နဲ့ တောတောင် အနှံကို ကင်မရာ တလုံး လွယ်ပြီး လျောက်သွားလေ့ရှိကာ လယ်သမားကြီးများနဲ့ လက်ရည်တပြင်တည်း နေထိုင်လေ့ရှိလာတတ်ပါတယ်။

၎င်းတို့ အတွက် စံပြ  စမ်းသပ် စိုက်ခင်းများ ဖန်တီးပေးခဲ့ယုံမက သမ၀ါယမ စနစ်ကိုပါ အကောင်အထည် ဖေါ်လာခဲ့ပါတယ်။

ဘုရင်ကြီး အခုလို ပရဟိတ ၀ါသနာတွေ ပါလာတာကြောင့် ထိုင်းနန်းတွင်းရှိ  ဆွေတော်မျိုးတော်များက ဘုရင်ကြီးအတွက်   Crown Property Bureau ဆိုတဲ့ ကုမ္ပဏီ ကြီး.ထူထောင်ပြီး စီးပွားရေးမှာ ရင်းနှီးမြုပ်နှံမှု တွေ ပြု လုပ်ပေးခဲ့ပါတယ်။ 

ဒီအတွက်  ဘုရင်ကြီး အနေနဲ့  နိုင်ငံအနှံ ပေးးးကမ်း စွန့်ကြဲမှုတွေ စိတ်ကြိုက် ပြု လုပ်လာနိုင်ခဲ့ပြီး ကွယ်လွန်ချိန် မှာ အဆိုပါ ကုမ္ပဏီ ရဲ့ ပိုင်ဆိုင်မှု က အမေရိကန် ဒေါ်လာ သန်း ၄၀ ဘီလီယံ နီးပါး ရှိနေခဲ့ပါတယ်။

ဘုရင်မိသားစု များကလည်း ထီးနန်း အရှိန်အ၀ါ ကြီးသထက်ကြီးအောင် နိုင်ငံသားတွေကို ပေးကမ်းတဲ့နေရာမှာ ဘယ် နိုင်ငံရေးသမား ၊ ဘယ် စစ်ဗိုလ်ချူ  ပ်မှ ဘုရင်ကြီးကို ယှဉ်လို့ မရအောင် စောင့်ကြည့်ခဲ့ကြပါတယ်။

နိုင်ငံရေး မှာ ဘက်လိုက်မှု မရှိဘူးလို့ ကတိပေးခဲ့ပေမယ့် ဘုရင်ကြီး မျက်နှာညို က စစ်ခေါင်းဆောင် တွေ နှုတ်ထွက်ပေးခဲ့ရတဲ့ အစဉ်အလာ ရှိခဲ့ပေမယ့် အာဏာသိမ်းပွဲ အတော်များများကို နောက်ကွယ်က ထောက်ခံမှု ပေးခဲ့ပါတယ်။

ဒီအတွက် သူ့ ရဲ့ နန်းသက်တလျောက်မှာ ၀န်ကြီးချူပ်ပေါင်း ၂၆ ဦး၊ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပေါင်း ၁၉ ခု၊ အာဏာသိမ်းပွဲပေါင်း ၁၅ ခုနဲ့ အောင်မြင်ခဲ့တာ ၉ ခု ရှိပါတယ်။

သို့သော်လည်း ထိုင်းစီးပွားရေးသည် သူ့ နန်းသက် အတွင်း အဆ ၄၀ တိုးပွားလာခဲ့ရပါတယ် ခင်ဗျာ။

ကိုးကား။ ။ "Thailand's Tears" from The Economist October 13, 2016

HSW.                                                   BrainWave ဉာဏ်လှိုင်း
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.