
ဆီးရီးယားသူပုန်များအား ပစ်မှတ်ထားတိုက်ခိုက်နေသည့် ဆီးရီးယားအစိုးရတပ်ဖွဲ့၏ တင့်ကားတစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ) |
ဆီးရီးယားအစိုးရတပ်ဖွဲ့သည် ဆီးရီးယားသူပုန်များ ရှိနေသည့် နေရာများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်စစ်ဆင်မှုများ ပြုလုပ်ပြီးနောက် ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ် ရှိ ဘာဇို တောင်ကုန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး မဟာဗျူဟာမြောက် ဧရိယာအတွင်း အစိုးရတပ်ဖွဲ့များ နောက်ဆုံးရရှိခဲ့သည့် အောင်မြင်မှုများဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဋ္ဌာန SANA ကသတင်းဖော်ပြခဲ့သည်။
၁၀၇၀ အိမ်ရာစီမံကိန်းအနီးရှိ လေကြောင်းကာကွယ်ရေးတပ်ရင်း အား ဆီးရီးယားအစိုးရက ပြန်လည်သိမ်းပိုက်ခဲ့ပြီး တစ်ရက်အကြာတွင် ဘာဇို တောင်ကုန်းအား သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
(ဆင်ဟွာ)
China Xinhua News
COMMENTS