ဆီးရီးယားသူပုန်တွေ ဒါဘစ်မြို့ကိုသိမ်းပိုက်



အစ္စလမ်မစ်နိုင်ငံအဖွဲ့ရဲ့ ဝါဒဖြန့်ချီရေးမှာ အရေးပါတဲ့ ဒါဘစ်မြို့က စစ်သွေးကြွတွေကို မောင်းထုတ်နိုင်
ဆီးရီးယားက တူရကီနောက်ခံပြုသူပုန်တွေက ဒါဘစ်မြို့က စစ်သွေးကြွတွေကို မောင်းထုတ်နိုင်ပြီလို့ ဆီးရီးယားမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီသတင်းတွေကို ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့အပါအဝင် တူရကီမီဒီယာနဲ့ သူပုန်တွေဘက်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါဘစ်ဒေသဟာ အစ္စလမ်မစ်နိုင်ငံအဖွဲ့ရဲ့ ဝါဒဖြန့်ချီရေးမှာ အရေးပါတဲ့ သမိုင်းဝင်နေရာတခု ဖြစ်ပြီး အိုင်အက်စ်အဖွဲ့ဝင်တွေက တပ်သား တထောင်ကျော်နဲ့ ခုခံခဲ့တာ ဖြစ်ပါတယ်။

သူပုန်တပ်သားပေါင်း နှစ်ထောင်ကျော် ပါဝင်ခဲ့တဲ့ တိုက်ပွဲတွေအပြီးမှာ အိုင်အက်စ် အဖွဲ့ဝင်တွေက ဒါဘစ်တောင်ပိုင်းက အယ်ဘက်မြို့ကို ဆုတ်ခွာသွားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက ဒီဒေသအပါအဝင် တူရကီနဲ့ ကပ်နေတဲ့ ဆီးရီးယားနယ်စပ်တလျှောက်က မြို့ရွာတွေကို သိမ်းနိုင်ဖို့ တူရကီက အဓိကကျတဲ့ ထိုးစစ်တခုကို စလုပ်ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.