အင်းဝအပ်ချုပ်ဆိုင်မိသားစုကို တရားမကြောင်းအရ လျှော်ကြေးတောင်း၍ရသည်


သရ၀ဏ်(ပြည်)

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် က လူကြီးလေးယောက်ကတော့ သူတို့ ဆန္ဒအရနုတ်ထွက်သွားပြီလို့ သမ္မတရုံးကကြေငြာပါတယ် ။မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်အဖွဲ့ ဝင်တွေဖြစ်တဲ့ ဦးဇော်ဝင်း ၊ဒေါက်တာဥာဏ်ဇော် ၊ ဒေါက်တာဒေါ်သန်းနွဲ့  နဲ့ ဒေါ်မြမြတို့ဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၆/၂၀၁၆ )နဲ့  အောက်တိုဘာလ (၆)ရက်နေ့ကထုတ်ပြန်ကြေငြာခဲ့တာပါ။ သူတို့သဘောဆန္ဒအရဆိုတာ လူကြားကောင်းအောင်ပြောပုံရပါတယ် ။ တကယ်တော့ သူတို့သာတကယ် တာဝန်ယူတတ်သူ တာဝန်သိတတ်သူတွေ ရှက်တတ်သူတွေဆိုရင် ဒီပြသနာတွေစဖြစ်ကတည်းက ကိုယ့်တာဝန်ကိုယ်ယူပြီးနုတ်ထွက်ရမှာပါ ။ သတင်းစာရှင်းလင်းပွဲမှာ အားလုံးကိုဝန်ချတောင်းပန်ပြီးထွက်ရမှာပါ ။ အခုတော့သူတို့တတွေဟာမျက်နှာထားတင်းတင်းနဲ့ ဘယ်သူ့ကိုမှထီမထင်တဲ့ဟန်ခင်းခဲ့ကြပြီး နောက်ဆုံးပြသနာဟာလွှတ်တော်အထိရောက်လို့  မရှူနိုင်မကယ်နိုင် ပြုတ်တော့မယ့်အရေးမြင်ကာမှ မိမိဆန္ဒအရနှုတ်ထွက်တယ်တို့ဘာတို့ပြောလာတာကတော့
“ယာဂုထမနဲ အိုးကြီးကွဲကာမှ စွန့် ကြဲလေသောဒါန “ဆိုသလို သူတို့ စိတ်ရင်းလို့ ယုံလို့မရပါဘူး ။ အားမတန်မာန်လျှော့ အခြေအနေမဟန်ကာမှ နုတ်ထွက်တယ်လို့ ကြေငြာခဲ့တာပါ ။ ဒီအခါ မှာမေးစရာ နှစ်ခုရှိပါတယ် ။ ပထမတစ်ခုကအင်းဝအပ်ချုပ်ဆိုင် ကအိမ်အကူနှစ်ယောက်ကိုနှိပ်စက်တဲ့အမှုမှာ မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မရှင်က လူလေးယောက်ပဲတာဝန်ရှိတာလား ။ဘယ်အဖွဲ့ မဆို ဥက္ကဌလုပ်တဲ့သူက တာဝန်အရှိဆုံးမဟုတ်လား ။ ဒါ့ကြောင့် ဥက္ကဌမပါပဲ အဖွဲ့ ဝင်လေးဦးပဲ နုတ်ထွက်တာသဘာဝကျမကျဆိုတာပါပဲ ။တကယ်တော့ ဥက္ကဌ အပါအ၀င် မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မရှင်ကို မြေလှန်အမြစ်ဖြုတ်ပြီးသင့်တော်တဲ့သူတွေနဲ့အသစ်ပြန်ဖွဲ့ ရမှာ ဒီမိုကရေစီအစိုးရရဲ့သမိုင်းပေးတာဝန်ပါပဲ ။ကျွန်တော့်အနေနဲ့ကတော့ လူ့အခွင့်အရေးကိုတကယ်အလေးထားတဲ့ ကိုမင်းကိုနိုင်တို့  ၊ ကိုကိုကြီး (၈၈ မျိုးဆက်တို့ ) ၊ ဦးရောဘတ်စန်းအောင်တို့  တို့ လို တိုင်းပြည်ကစိတ်ချယုံကြည်ရသူတွေနဲ့ ၊ အခြားလူကြည်ငြိုလေးစားတဲ့သူတွေ သမာသမတ်ကျတဲ့ပုဂ္ဂိုလ်တွေနဲ့ပြန်ဖွဲ့သင့်တာပါပဲ။ ပညာဂုဏ်ရာထူးဂုဏ်တွေချည်းကြည့်ပြီးအရင်ကလိုခန့်ခဲ့မယ်ဆိုရင်တော့ ဥပဒေပါမောက္ခပင်ဖြစ်လင့်ကစား လူ့အခွင့်အရေးကိုလစ်လျှူရှုခဲ့တဲ့ဖြစ်တွေပေါ်ပေါက်လာနိုင်ပါသေးတယ် ။ထပ်ဖွဲ့မယ့်အဖွဲ့ထဲမှာ ထောင်မှူးတို့ ထောင်ပိုင်တို့  ၊ တပ်မတော်အငြိမ်းစားတို့လည်းမပါဝင်စေချင်ပါ ။

ဒုတိယပြောလိုတဲ့အချက်က သူတို့လေးယောက်ကို တာဝန်မှအနားယူခွင့်ပြုလိုက်ရုံနဲ့ ပြီးရောလား ။ သူတို့ရဲ့ နိုင်ငံ့လစာရိက္ခာတွေခံစားပြီးနိုင်ငံအတွက်တာဝန်မကြေခဲ့ပဲ ရာဇ၀တ်မှုကြီးတစ်ခုကိုအလိုတူအလိုပါဖုံးဖိခဲ့ကြတာအတွက် ပြစ်ဒဏ်ကဒါပဲလားဆိုတဲ့မေးခွန်းဖြစ်ပါတယ် ။ ရာဇ၀တ်ကြောင်းအရထိရောက်တဲ့ပြစ်ဒဏ်ကိုလဲ ဥပဒေအရခံကြရဖို့သင့်ပါတယ် ။ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥပဒေ အခန်း (၉) ပုဒ်မ ၆၂။ မှာ “ဤဥပဒေအရပေးအပ်ထားသောတာဝန်နှင့် လုပ်ပိုင်ခွင့်များကို သဘောရိုးဖြင့်ဆောင်ရွက်ခြင်း ၊ဆောင်ရွက်ရန်ပျက်ကွက်ခြင်း၊ သဘောထားမှတ်ချက်ပေးခြင်း ၊ သို့ မဟုတ် ထင်မြင်ချက်ပေးခြင်း တို့အတွက်ကော်မရှင်ကိုဖြစ်စေ ၊ကော်မရှင်အဖွဲ့ဝင်ကိုဖြစ်စေ ၊ကော်မရှင်ကတာဝန်ပေးအပ်ခြင်းခံရသူကိုဖြစ်စေ ပြစ်မှုကြောင်းအရသော်လည်းကောင်း၊ တရားမကြောင်းအရသော်လည်းကောင်း တရားစွဲဆိုခြင်းမပြုရ “ လို့ပါပါတယ်။ ဒါ့ကြောင့်လည်း ဦးဇော်ဝင်းတို့ လွှတ်တော်မှလာရှင်းတုန်းက သဘောရိုးနဲ့ဆောင်ရွက်ခဲ့တာပါ ။သဘောရိုးပါ ဆိုတာကိုအကြိမ်ကြိမ်ပြောနေခဲ့တာပါ။ဥပဒေက သဘောရိုးနဲ့လုပ်တာဆိုလွတ်စေလို့ပါတာကိုး ။ဒါပေမယ့် သဘောရိုးဟုတ်သလား မဟုတ်သလားဆိုတာတော့ ပါးစပ်ပြောတစ်ခုနဲ့တင်မလုံလောက်ပါဘူး ။ ဖွဲ့ စည်းပုံအခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်ရမှာဖြစ်ပါတယ် ။ ကော်မရှင်လူကြီးတွေကို တရားစွဲဖို့ ကိစ္စကတော့ ရှေ့နေတွေဆောင်ရွက်နေတာကြောင့် ဘယ်လိုဖြစ်မလဲစောင့်ကြည့်ရမှာပါ။ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ “ ကော်မရှင်ကနေပြီး သူတို့ကို နုတ်ထွက်ခွင့်ပြုလိုက်တာက တရားစွဲအရေးယူ မှုလုပ်ဖို့အတွက် ပထမခြေလှမ်းလို့ပဲ သုံးသပ်မိပါတယ် ။ဒါပြီးရင်တော့ ရှေ့နေချုပ်ရုံးရဲ့အကြံပြုချက်ရတဲ့အခါမှာ အရေးယူဖို့ဆက်လက် ဆောင်ရွက်မယ်လို့ ယူဆပါတယ် ။မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင် ဥပဒေအရနုတ်ထွက်ခွင့်ပေးလိုက်ပြီ ။သူတို့အနေနဲ့တာဝန်ပြီးဆုံးပြီ သူတို့ကိုအရေးယူဆောင်ရွက်ရေးကတော့ ပြီးပြတ်တယ်လို့ကောက်ယူလို့မရဘူး ။အဲဒိတော့နိုင်ငံတော်အစိုးရအနေနဲ့ ဆက်လက်ပြီးတော့ အရေးယူဆောင်ရွက်မယ်လို့ပဲ ကျွန်တော်နဲ့ပြည်သူတရပ်လုံးကမျှော်လင့်ပါတယ်။တရားစွဲဆိုမှုကတော့လုပ်တာလုပ်မှာပဲ ။ သူတို့ကြောင့်အင်မတန်မှအရေးကြီးတဲ့ပြစ်မှုကြီးက ပေါ်သင့်ရဲ့သားနဲ့ အချိန်မီမပေါ်ခဲ့ရဘူး။တရားဥပဒေအရအရေးယူဆောင်ရွက်မှုကြန့်ကြာခြင်းက နစ်နာသူအတွက်ပိုပြီးတော့နစ်နာမှုဖြစ်စေတယ်” လို့ပြောကြားခဲ့တယ် ။

နောက်တစ်ခုကတော့ အင်းဝအပ်ချုပ်ဆိုင်မိသားစု ဟာ အခုအခါမှာ လူကုန်ကူးမှု ၊ အပြင်းအထန်နာကျင်စေမှု အပါအ၀င် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့တရားစွဲခံထားရတာဖြစ်ပါတယ် ။ ဒီပုဒ်မတွေအရ အပြစ်ရှိရင်သေဒဏ်ဖြစ်စေ ၊ထောင်ဒဏ်ဖြစ်စေကျခံရမှာဖြစ်ပါတယ် ။ထောင်ဒဏ်ကျခံရလို့  နှစ်စေ့လို့လွတ်လာသည်ဖြစ်စေ ၊မလွတ်သေးတဲ့အချိန်မှာဖြစ်စေ သူတို့နှိပ်စက်လို့ လူစဉ်မမီ ဖြစ်သွား တဲ့ အိမ်အကူကောင်မလေး ဘက်ကနေပြီး ကျူးလွန်သူ အင်းဝအပ်ချုပ်ဆိုင်မိသားစု ကို တရားမကြောင်းအရ လျော်ကြေးငွေရလိုမှုနဲ့ ထပ်ပြီးတရားစွဲလို့ ရပါတယ် ။ဒီကောင်မလေးလို လူမဆန်စွာကျွန်ပြုနှိပ်စက်ခံရတာမဟုတ်ပဲနဲ့ ကိုယ့်ပေါင်ပေါ်ကို ကော်ဖီတစ်ခွက် မတော်တဆ ကိုယ့်ဘာသာဖိတ်ကျခဲ့တဲ့အမှုတစ်ခုမှာတောင် အပူလောင်ခံရတဲ့ သူက ကော်ဖီဆိုင်ကို တရားမကြောင်းအရနစ်နာကြေးရလိုမှုနဲ့တရားစွဲတာ အောင်မြင်ခဲ့ဖူးတဲ့သာဓက အမေရိကန်ပြည်ထောင်စုမှာရှိခဲ့ဖူးပါတယ် ။ဒီအကြောင်းကို ကော်ဖီပူပူတခွက်၊ခရုတကောင်နှင့်နေရောင်ခြည်ရပိုင်ခွင့်ဆိုတဲ့နာမည်နဲ့ ၁၉.၃.၂၀၁၃ စောင့်ကြည့်ဂျာနယ်မှာကျွန်တော်ဆောင်းပါးရေးခဲ့ဖူးပါတယ်။

ဖြစ်ပုံကတော. ၁၉၉၂ ဖေဖော်ဝါရီ ၂၇ မှာ အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ. အမေရိကန်ပြည်ထောင်စု နယူးမက္ကဆီကိုပြည်နယ် က Stella Liebeck ဆိုသူအမျိုးသမီးဟာ ကားမောင်းလာရင်း လမ်းမဘေးက အသင်.စား မက်ဒေါ်နယ်ကော်ဖီဆိုင်က နေ ၄၉ ဆင်.တန်ဖိုးရှိတဲ.ကော်ဖီတစ်ခွက်ဝယ်ပါတယ် ။ သူတို.ဆီကကော်ဖီဆိုင်တွေက မြန်မာပြည်အဝေးပြေးလမ်းတွေပေါ်က Toll Gate တွေမှာ လမ်းတံတားကြေးဆောင်သလိုပါပဲ ။ကားပေါ်ကဆင်းစရာမလိုပါ ။ကားရပ်ပြီး ပိုက်ဆံပေးလိုက်တာနဲ. ကားပေါ်ကို မှာတဲ. အစား အသောက်ပို.ပေးပါတယ် ။ သူဟာဒရိုင်ဘာဘေးကခုံမှာထိုင်နေပြီး သူ.မြေးကကားမောင်းပါတယ် ။ အဖွားဟာ ကော်ဖီခွက်ကိုပေါင်နှစ်လုံးကြားမှာညှပ်ထားပြီး နို.နဲ.သကြား ထုပ်ကိုဖောက်ပါတယ် ပြီးတော.ကော်ဖီခွက်အဖုံးကို ဖွင်.ဖို.သူ.ဘက်ဆွဲယူလိုက်စဉ်မှာပဲ ကော်ဖီခွက်ဟာ သူ.ပေါင်ပေါ်ကိုမှောက်ကျပါတယ် ။ သူဝတ်ထားတဲ.ဘောင်းဘီဟာ ချည်သားနဲ.ရက်ထားတဲ.ချွေးစုတ်ဘောင်းဘီဖြစ်တာကြောင်.ကော်ဖီဟာ ဘောင်းဘီမှာ စုတ်ဝင်ပြီး သူ.ကို အပူလောင်စေပါတယ် ။ပေါင် ၊ တင်ပါး ၊ ခွဆုံတို.ကို အပူလောင်ခံရတယ်လို.ဆိုပါတယ် ။ အပူလောင်ခံရတဲ.အမျိုးသမီးကြီး လိုင်းဘက် ကိုဆေးရုံကို ချက်ချင်းပို.လိုက်ရပါတယ် ။ ဆေးရုံမှတ်တမ်းမှာတော. အမျိုးသမီးဟာ သူ.ခန္စာကိုယ်အရည်ပြားဧရိယာစုစုပေါင်.ရဲ. (၆) ရာခိုင်နှုန်း ဆိုးဆိုးဝါးဝါး အပူလောင်ခံရပြီး ၊ ခန္စာကိုယ်ရဲ. (၁၆)ရာခိုင်နှုန်းကိုတော. အနည်းငယ် အပူလောင်ခံရတယ်လို. မှတ်တမ်းတင်ပါတယ် ။ သူမဟာဆေးရုံမှာ (၈) ရက်တက်ရောက်ကုသရပြီး အရေပြားအစားထိုးကုသမှုကိုလဲခံယူခဲ.ရပါတယ် ။ ဆေးရုံတက်နေရတဲ.အခိုက်မှာ သူမရဲ.ခန္စာကိုယ်အလေးချိန်ဟာ ပေါင် ၂၀ ( ၉ ကီလိုဂရမ် ၊ သူမခန္စာကိုယ်အလေးချိန်စုစုပေါင်း၏ ၂၀% ခန်. ) အလေးချိန်လျော.ကျသွားပါတယ် ။ နောက်ထပ်နှစ်နှစ်တိတိလဲ ဆေးကုသမှုကိုဆက်လက်ခံယူခဲ.ရပါတယ် ။

အစပိုင်းမှာ ရုံးရောက်ဂါတ်ရောက်မဖြစ်ကြပဲ အပူလောင်ခံရသူအမျိုးသမီးက နစ်နာကြေး ဒေါ်လာ နှစ်သောင်း မက်ဒေါ်နယ်ကော်ဖီဆိုင်ကနေတောင်းပါတယ် ။ သူတွက်ပြတာကတော. ပြီးခဲ.တဲ.ဆေးကုသစားရိတ် ( ၁၀၅၀၀ ဒေါ်လာ ) ၊ နောင်ကုန်မယ်.ဆေးကုသစားရိတ် ( ၂၅၀၀ ဒေါ်လာ )၊ ၀င်ငွေထိခိုက်ရတဲ.အတွက် ဒေါ်လာငါးထောင် ( ၅၀၀၀ ) ။ စုစုပေါင်း တစ်သောင်းရှစ်ထောင်ကျတာမို. ဒေါ်လာ နှစ်သောင်းပေးဖို.တောင်းတာပါ ။ သူကဒီလောက်တောင်းပေမယ်. မက်ဒေါ်နယ်ကော်ဖီဆိုင်က ဒေါ်လာ ရှစ်ရာ ( ၈၀၀ $ ) ပဲပေးနိုင်မယ်လို. ပြောပါတယ် ။ ကော်ဖီဆိုင်ဘက်က လျော်ကြေးတိုးမပေးတာကြောင်. အမျိုးသမီးကြီးဟာ တက္ကဆက်ပြည်နယ်ကရှေ.နေ ကြီး ရိဒ်မော်ဂန် ကိုငှားပြီး အန္တရာယ်ရှိသောပစ္စည်းတစ်ခုကိုသတိမပေးပဲရောင်းချမှု ၊ ပေါ.လျော.စွာကုန်စည်ထုတ်လုပ်မှု တွေနဲ.တရားစွဲပါတယ် ။ ရှေ.နေကြီးတောင်းဆိုတဲ. ဒေါ်လာ ကိုးသောင်းပေးရင်ကြေအေးမယ်ဆိုတဲ. ညှိနှိုင်းချက်ကို ကော်ဖီ ကုမ္မဏီကပါယ်ချလိုက်ပါတယ် ။ ဒါနဲ.ရှေ.နေက သုံးသိန်းပေးမှကြေနပ်မယ်ဖြစ်သွားပါတယ် ။ကြားက၀င်ပြီးညှိပေးသူက နှစ်သိန်းနှစ်သောင်းငါးထောင် (၂၂၅,၀၀၀ ) နဲ. ရုံးမရောက်ခင်မှာညှိပေးပါတယ် ။ဒါပေမယ်. မက်ဒေါ်နယ်ကလက်မခံပဲ နောက်ဆုံးတရားရုံးမှာရင်ဆိုင်ကြဖို.သဘောတူပါတယ် ။

၁၉၉၄ သြဂုတ်လ (၈) ရက်နေ.မှာ အမှုစစ်ပါတယ် ။ အမှုရင်ဆိုင်နေစဉ်အတွင်း ရှေ.နေကြီးစုံစမ်းသိရှိလာတာကတော. မက်ဒေါ်နယ်ကော်ဖီဆိုင်ဟာ သူ. ဖရန်ချိုက် လက်ခွဲကော်ဖီဆိုင်အားလုံးကို ညွှန်ကြားထားတာက ကော်ဖီရောင်းတဲ.အခါမှာ ကော်ဖီရဲ.အပူချိန်ဟာ ၁၈၀ ကနေ ၁၉၀ ဒီဂရီ ဖာရင်ဟိုက် ( ၈၂ မှ ၈၈ ဒီဂရီ စင်တီဂရိတ် ) အထိရှိရမယ်ဆိုတဲ.ညွှန်ကြားချက်ပါပဲ ။ အဲဒိလောက်အပူချိန်ဟာ နှစ်စက္ကန်.ကနေ ခုနှစ်စက္ကန်.အတွင်းလူတစ်ယောက်ကို ဆိုးရွားစွာအပူလောင်နိုင်စေတယ်ဆိုတာပါပဲ ။ ရှေ.နေကြီးကတရားရုံးမှာ ကော်ဖီဆိုတာအပူချိန် ၁၄၀ ဒီဂရီ ဖာရင်ဟိုက်( ၆၀ စင်တီဂရိတ်) အပူချိန်လောက်ပဲရှိသင်.ကြောင်. တခြားကော်ဖီဆိုင်တွေအားလုံးမှာလဲ ၁၄၀ ဒီဂရီ သာ ကော်ဖီကိုအပူပေးကြောင်း ၊ မက်ဒေါ်နယ်ကော်ဖီဆိုင်တွေမှာသာ ၁၈၀ ဖာရင်ဟိုက်အပူချိန်ရှိနေကြောင်း ။တခြားကော်ဖီဆိုင်တွေဟာ မက်ဒေါ်နယ်ကော်ဖီထက် အပူချိန်လျော.နည်းကြောင်း လျောက်ထားပါတယ် ။ ကြွက်ကြွက်ဆူနေတဲ. မက်ဒေါ်နယ်ကော်ဖီတစ်ခွက်ဟာ အရေပြားပေါ်ကိုဖိတ်ကျခဲ.မယ်ဆိုရင် ဆယ်.နှစ်စက္ကန်.ကနေ ဆယ်.ငါးစက္ကန်.အတွင်းမှာ ဆိုးဆိုးရွားရွားအရေပြားလောင်ကျွမ်းခံရပြီး ၊ အရေပြားအစားထိုးခွဲစိတ်မှုပင်လိုမှာဖြစ်ကြောင်းသက်သေနဲ.တကွတင်ပြခဲ.ပါတယ် ။

မက်ဒေါ်နယ်ဘက်ကလဲ ကော်ဖီကို အရမ်းပူအောင်လုပ်ထားရခြင်းမှာ သူတို.ဆိုင်ကိုအားပေးသူတွေဟာ အဝေးပြေးလမ်းမှာကားမောင်းသူတွေဖြစ်လို. ကားမောင်းရင်းနဲ.အေးအေးလူလူသောက်ရအောင် ချက်ချင်းအေးမသွားအောင် လုပ်ထားတာပါလို.ချေပတယ် ။ ကော်ဖီခွက်ပေါင်ပေါ်မှောက်ကျခြင်းဟာလဲ ဖြစ်လေ.ဖြစ်ထမရှိပဲ ကာယကံရှင်ရဲ.နမော်နမဲ.မှုသာဖြစ်တယ်လို.ချေပပါတယ် ။ တရားလိုရှေ.နေဘက်ကလဲ မက်ဒေါ်နယ်ဆိုင်ကကော်ဖီအပူလောင်တဲ.သူတွေရဲ.အလားတူဖြစ်ရပ်တွေကိုရှာပြီး တင်ပြပါတယ် ။ အစားအသောက်တစ်ခုဟာ ၁၃၀ ဒီဂရီ ဖာရင်ဟိုက်ထက်ကျော်ခဲ.ရင် အန္တရာယ်ရှိတယ် အပူလောင်နိုင်တယ်ဆိုတာကို မီးမောင်းထိုးပြလိုက်ပါတယ် ။

အဖွဲ.၀င်ဆယ်.နှစ်ယောက်ပါဝင်တဲ. ဂျူရီအဖွဲ.က ဒီအပူလောင်မှုမှာ မက်ဒေါ်နယ်ကော်ဖီဆိုင်မှာ ၈၀% တာဝန်ရှိတယ် ။စားသုံးသူရဲ. အမှားဟာ ၂၀% ရှိတယ်လို.ဆုံးဖြတ်တယ် ။ ဒါ.ကြောင်.ဆေးကုသစားရိတ် ဒေါ်လာ နှစ်သိန်း ရဲ. ၈၀ % ဖြစ်တဲ. ဒေါ်လာ တစ်သိန်းခြောက်သောင်း (၁၆၀၀၀၀ ) ရယူစေ ။ဒါ.အပြင် စိတ်ပိုင်း ရုပ်ပိုင်း နစ်နာကြေး ပြစ်ဒဏ်အဖြစ် မက်ဒေါ်နယ်ကော်ဖီ ကုမ္မဏီက သူမကို ဒေါ်လာ နှစ်ဒဿမ ခုနစ်သန်း ( ၂.၇ သန်း) ပေးဆောင်စေဖို. ရာဇ၀င်တွင်မယ်.ဆုံးဖြတ်ချက်အမိန်. ကိုချမှတ်ခဲ.ပါတယ် ။
အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေနှိပ်စက်ခဲ့တာဟာ ကော်ဖီတစ်ခွက်ပေါ င်ပေါ်မှောက်ကျတာထက်အများကြီးဆိုးရွားပါတယ် ။ စိတ်ပိုင်းရုပ်ပိုင်းထိခိုက်နစ်နာမှုတွေများပါတယ် ။တဘ၀လုံး ထိခိုက်ခံစားနေရတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့တရားဥပဒေသာ တကယ်တမ်း ပြည်သူလူထုအားကိုးရတဲ့အဆင့်ရှိမယ်ဆိုရင် (အားကိုးလို့ရမရစမ်းသပ်တဲ့အနေနဲ့ ) ဥပမာ လျှော်ကြေးငွေ ကျပ် သိန်းငါးထောင်နစ်နာကြေးရလိုမှုနဲ့ တရားမကြောင်းအရထပ်မံတရားစွဲစေချင်ပါတယ် ။

ဥပဒေအတိုင်းသာမှန်မှန်ကန်ကန်ဆုံးဖြတ်ခဲ့မယ်ဆိုရင် လျော်ကြေးရကိုရရမယ့်အမှုဖြစ်ပါတယ် ။ အဲဒိလျှော်ကြေးငွေကို တရားခံအင်းဝမိသားစုဘက်ကမပေးနိုင်ခဲ့ရင် သူတို့ရဲ့ ပိုင်ဆိုင်မှု (တိုက်ခန်း ၊အတွင်းပစ္စည်း စတာတွေကို ) လေလံ တင်ရောင်းချပြီးပေးဆပ်စေရမှာဖြစ်ပါတယ် ။အင်းဝအပ်ချုပ်ဆိုင်အမှုကိုအဓိကမူတည်ပြီးပြောပေမယ့် ပဲခူးကတရားသူကြီးအိမ်မှာ တရားသူကြီးမိန်းမက မီးပူနဲ့ကပ်ပြီးနှိပ်စက်ခံရတဲ့အိမ်ဖော်မလေးအတွက်ရော ၊ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်က ဗိုလ်မှူးတစ်ယောက်အိမ်မှာ နှိပ်စက်ခံရတဲ့ကလေးတစ်ယောက်အမှုရော ၊ ဒဂုံမြို့သစ်မြောက်ပိုင်း(၄၂)ရပ်ကွက်မှာ အိမ်ရှင်က တစ်ကိုယ်လုံးဒဏ်ရာရအောင်နှိပ်စက်ညှဉ်းပန်းခဲ့မှုအတွက်ရော ၊ မန္တလေး ပန်ဒိုရာ အဆီချလုပ်ငန်းမှ အလုပ်သမားကောင်မလေး အား ခွေးလှောင်အိမ်ထဲထည့်ကာ ရိုက်နှက်နှိပ်စက်ညှဉ်းပန်းခဲ့မှုအတွက်ရော စတဲ့အမှုတွေမှာလည်းကျူးလွန်သူတွေဆီက နစ်နာကြေး သိန်းထောင်ချီပြီး တရားမကြောင်းအရတရားစွဲတောင်းခံပိုင်ခွင့်ရှိပါတယ် ။ လူတွေက တရားဥပဒေကိုနားမလည်တာရယ် ။ တရားတဘောင်ရင်ဆိုင်ရမှာကို ဆင်းရဲသားတွေဖြစ်လို့ မ၀ံ့မရတာရယ်တွေကြောင့် ဥပဒေဟာနောက်ရောက်နေတာပါ။တစ်ယောက်ကမှစပြီး မစွဲသေးလို့ စီရင်ထုံးအနေနဲ့လည်းမရှိသေးတာပါ ။ တကယ်တော့ လူ့ ပယောဂကြောင့်နှိပ်စက်ညှဉ်းပန်းတာမျိုးမပြောနဲ့ ဘီယာဗူးထဲမှခရုခွံပါလာတာမျိုး ကိုတောင်တရားစွဲတောင်းဆိုတဲ့အခါ ဘီယာကုမ္မဏီကစားသုံးသူကိုလျှော်ကြေးပေးခဲ့ရပါတယ် ။ ဘေးအိမ်က သစ်ပင်တွေကြောင့်ကိုယ့်အိမ်ကိုအရိပ်ထိုးပြီးနေရောင်ခြည်မရတော့တာမျိုးတောင် နေရောင်ခြည်ရပိုင်ခွင့် ဆုံးရှုံးလို့ဆိုပြီး တရားစွဲနစ်နာကြေးတောင်းတဲ့အမှုတွေကမ္ဘာမှာရှိခဲ့ပါတယ် ။တရားရုံးကလည်း သစ်ပင်တွေကွယ်နေလို့နေရောင်ခြည်မရတဲ့နစ်နာမှုအတွက် သစ်ပင်ကိုခုတ်ရင်ခုတ် ။မခုတ်ရင် တစ်ရက်ကို ဒေါ်လာတစ်ထောင်ပေးစေလို့အမိန့် ချခဲ့တာ ရှိခဲ့ဖူးပါတယ် ။

မြန်မာနိုင်ငံမှာတော့ ငွေရှိသူ တွေဟာ ဥပဒေကိုထီမထင်တဲ့ပုံစံနဲ့ ငွေများတရားနိုင်ဆိုတဲ့အယူအဆအတိုင်း မရှိဆင်းရဲသားတွေအပေါ်မှာမတရားသဖြင့်ကျူးလွန်နေကြတာပါ ။ အာဏာရှိသူ ငွေရှိသူတွေကို အာဏာမဲ့သူငွေ မဲ့သူတွေကကြောက်နေရတာပါ ။ ကိုယ်ပိုင်မြေကို တပ်ကလာသိမ်းလို့လည်း လူ့ အခွင့်အရေး အရဘာမှတိုင်တန်းခွင့် နစ်နာကြေးရခွင့်မရှိဖြစ်နေကြရတာပါ ။ တကယ်တော့ဥပဒေဆိုတာ နစ်နာသူတွေဘက်ကပဲအမြဲရှိသင့်တာပါ ။ မြန်မာနိုင်ငံမှာလည်း ခေတ်ပြောင်းပြီဆိုတာဟုတ်မဟုတ် သူတပါးကိုနှိပ်စက်ညှဉ်းပန်းကြသူတွေကိုတရားမကြောင်းအရတရားစွဲလျော်ကြေးတောင်းဖို့ အချိန်တန်ပြီဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်)

စောင့်ကြည့်ဂျာနယ်
၁၄.၁၀.၂၀၁၆

COMMENTS

Name

art,1,article,1301,cartoon variety,22,crime,66,culture,1,documentary,7,Entertainment,8,health,32,history,2,international,7336,interview,219,knowledge,8,Live,8,LocalNews,15674,news,2842,opinion,764,photos,203,poem,116,satires,39,song,12,speech,12,sports,139,statement,59,technic,55,translate,34,video,1068,voice,76,
ltr
item
dawnmanhon: အင်းဝအပ်ချုပ်ဆိုင်မိသားစုကို တရားမကြောင်းအရ လျှော်ကြေးတောင်း၍ရသည်
အင်းဝအပ်ချုပ်ဆိုင်မိသားစုကို တရားမကြောင်းအရ လျှော်ကြေးတောင်း၍ရသည်
https://4.bp.blogspot.com/-En7LV6aTGYg/WAD-lk1yUsI/AAAAAAAAZog/TtxwjNen_jQtEy93B-fjBC0v7I7cxfNuACLcB/s400/q1.jpg
https://4.bp.blogspot.com/-En7LV6aTGYg/WAD-lk1yUsI/AAAAAAAAZog/TtxwjNen_jQtEy93B-fjBC0v7I7cxfNuACLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2016/10/blog-post_743.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/10/blog-post_743.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy