၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လည် ၂ နာရီကျော် အချိန် မြိတ်မြို့ အမှတ်(၁) နယ်မြေ ရဲကင်းမှူး ရဲအုပ်မြင့်လွင်နှင့် တပ်ဖွဲ့ဝင် များသည် ကလွင်ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ပူးပေါင်း၍ နယ်မြေသတင်း ရယူ ဆောင်ရွက် နေစဉ် ရှမ်းချောင်းရပ် စန်းပွင့်လမ်းထိပ်၌ မသင်္ကာဖွယ်ရာ ဘင်္ဂလီလူမျိုး ၂ ဦးအား တွေ့ရှိ ထိန်းသိမ်း ခဲ့သည်။
ယင်းဘင်္ဂါလီ ၂ ဦးမှာ ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ်က တဆင့် မြိတ်သို့ လာရောက်ခဲ့ကြောင်း သိရပြီး လာရောက်သည့် အကြောင်းရင်း ၊ လာရောက်သည့် လမ်းကြောင်း တို့အား သက်ဆိုင်ရာက စုံစမ်းဖော်ထုတ်လျက် ရှိသည်။
ထိုသို့ မသင်္ကာဖွယ် တွေ့ရှိရသည့် ဘင်္ဂါလီလူမျိုး နူရူလာမိန် အသက် (၂၅)နှင့် ဟာဇော်ရှော်ရှိတ် (၁၈)နှစ် တို့အား မြန်မာနိုင်ငံအတွင်း နေထိုင် သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆(၃) အရ လ၀ကမှ အမှုဖွင့် တရားစွဲဆိုမည် ဖြစ်ကြောင်း သိရသည်။
မြိတ်ပုလဲမြေ
https://www.facebook.com/myeiknews/
COMMENTS