မောင်တောပြဿနာ စိုးရိမ်ကြောင်း ကန်ပြောကြား

ဓါတ်ပုံ - ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ရိုဟင်ဂျာ မွတ်စလင် အမျိုးသမီးတွေကို အစိုးရစစ်သားတွေက အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး စုံစမ်းအရေးယူဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို အသိပေးပြောကြားခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက သောကြာနေ့ မနေ့က ထုတ်ဖေါ်ကြေညာပါတယ်။

ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ သတင်းတွေကို မြန်မာအစိုးရအနေနဲ့ သေသေချာချာ မြန်မြန်ဆန်ဆန် စုံစမ်းအရေးယူဖို့ လန်ဒန်အခြေစိုက် လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ကလည်း အောက်တိုဘာ ၂၈ ရက်နေ့ မနေ့က ထပ်မံတောင်းဆိုလိုက်ပါတယ်။

အဲဒီဒေသမှာ အဓမ္မပြုကျင့်မှုတွေ ဥပဒေမဲ့ ဖမ်းဆီးမှုတွေဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်း အမြောက်အများ မိမိတို့ ရရှိနေကြောင်း နဲ့ အစိုးရက သွားလာခွင့်ပိတ်ထားတဲ့အတွက် ပကတိ အခြေအနေတွေကို သိဖို့ခက်ခဲနေကြောင်းလည်း AI အဖွဲ့ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသ ဆိုင်ရာ ညွန်ကြားရေးမှူး ရာဖင်ဒီ Rafendi က ပြောပါတယ်။

အစိုးရအာဏာပိုင်တွေ ပြောနေသလို မြန်မာတပ်ဖွဲ့တွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို မကျူးလွန်ဖူးဆိုရင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်စုံစမ်းမယ့်သူတွေကို ဘာကြောင့် အဲဒီဒေသ သွားခွင့်မပေးပဲ ပိတ်ပင်ထားတာလဲလို့လည်း AI အကြီးအကဲက မေးခွန်းထုတ်လိုက်ပါတယ်။
RFA

Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.