ကိုထင်ကျော်ကို ပုဒ်မ ၅ဝ၅(က) နဲ့ ရုံးထုတ်



(MDCF ခေါင်းဆောင် ကိုထင်ကျော် ကို အောက်တိုဘာလ ၂၇ ရက်နေ့က ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ ရုံးထုတ်လာစဉ်) Photo:Aung Thain Kha/RFA
တပ်မတော်ကို ဝေဖန်ပြောဆိုမှုကြောင့် ပုဒ်မ ၅ဝ၅ (က)နဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစု MDCF ခေါင်းဆောင် ကိုထင်ကျော် ကို ဒီကနေ့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

ကိုထင်ကျော် ရုံးထုတ်မှာ MDCF အဖွဲ့ဝင်တွေက ကိုထင်ကျော် အမြန်ဆုံးလွတ်မြောက်ရေးအတွက် တရားရုံးရှေ့မှာ ငှက်လွှတ်ပြီး ဆုတောင်းခဲ့ကြသလို ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ အစိုးရအပေါ် တပ်မတော်ရဲ့ ကြီးစိုးမှု လွတ်မြောက်ရေးနဲ့ မျှတတဲ့တရားစီရင်ရေးဖြစ်ဖို့ ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က မြောက်ဥက္ကလာပ တရားရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ချိန် တပ်မတော်ကို ဝေဖန်ပြောဆိုခဲ့တဲ့အတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်က တရားလိုပြု တရားစွဲတာဖြစ်တယ်လို့ တရားခွင်မှာ တရားသူကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်က နန်းထိုက်တော်ဝင် စားသောက်ဆိုင်ပိုင်ရှင် ဦးအိုက်လင်းကို ကိုထင်ကျော်က တရားစွဲဆိုထားတဲ့ အမှုကို မြောက်ဥက္ကလာပမြို့နယ် တရားရုံးက အမှုပိတ်သိမ်းခိုင်းတဲ့အတွက် ကိုထင်ကျော်က တရားစီရင်ရေးမဏ္ဍိုင်နဲ့ တပ်မတော်ကို ဝေဖန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကိုထင်ကျော်ကို မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ လာမယ့် နိုဝင်ဘာ ၉ ရက်မှာ ထပ်မံရုံးထုတ်မှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.