၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဗုံးခွဲရန်ကြံစည်မှု ဆော်ဒီ ဖော်ထုတ်

Saudi Arbia နိုင်ငံ Fahad ကစားကွင်းတွင် ပရိတ်သတ်များကိုတွေ့ရစဉ်

Saudi Arbia နိုင်ငံ Fahad ကစားကွင်းတွင် ပရိတ်သတ်များကိုတွေ့ရစဉ်.                                      ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံး ခြေစစ်ပွဲကို ဗုံးခွဲတိုက်ခိုက်မယ့် အစီအစဉ်ကို ဖော်ထုတ် တားဆီးလိုက်ကြောင်းနဲ့ IS အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်မှုရှိတယ်လို့ မသင်္ကာရသူတွေကို ဖမ်းဆီးလိုက်နိုင်ကြောင်း ဆော်ဒီအာရေးဗီးယားက ပြောပါတယ်။

Jeddah မြို့ Al-Jawhara အားကစားကွင်းမှာ အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပဖို့ရှိတဲ့ ဆော်ဒီအာရေးဗီးယားနဲ့ UAE အာရပ်စော်ဘွားများနိုင်ငံတို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အားကစားရုံအပြင်မှာ ကားဗုံးထောင် တိုက်ခိုက်ဖို့ လူတစုက စီစဉ်ခဲ့ကြောင်း ဆော်ဒီ အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ ဒီအားကစားကွင်းဟာ လူပေါင်း ၆၂,၀၀၀ ဆန့်တဲ့ကွင်း ဖြစ်ပါတယ်။

တိုက်ခိုက်မှု မဖြစ်ပွားခင် တရက်အလိုမှာ ပါကစ္စတန်နိုင်ငံသား ၂ ဦး၊ ဆီးရီးယားနဲ့ ဆူဒန်နိုင်ငံသား တဦးစီ၊ စုစုပေါင်း နိုင်ငံခြားသား ၄ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ IS အဖွဲ့နဲ့ ဆက်နွယ်မှု ရှိမရှိဆိုတာကိုတော့ တာဝန်ရှိသူတွေက ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

အလားတူပဲ IS အဖွဲ့ရဲ့ ညွန်ကြားချက်အရ Shaqraa ခရိုင်အတွင်းက ရဲအရာရှိတွေကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့တဲ့ ဆော်ဒီနိုင်ငံသား ၄ ဦးကိုလည်း တိုက်ခိုက်မှု မဖြစ်ပွားခင် ဖမ်းဆီးလိုက်ကြောင်း ဆော်ဒီ အာဏာပိုင်တွေက ပြောပါတယ်။.                                  VOA    

Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.