အမေရိကန်နှင့် စစ်ရေး နိုင်ငံရေး လမ်းခွဲတော့မည်ဟု ဖိလစ်ပိုင် သမ္မတ ဒူတာတေ တရုတ်ခရီးစဉ်အတွင်း ပြောကြား


ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေသည် “အမေရိကန်နိုင်ငံအား နှုတ်ဆက်ရန် အချိန်ကျရောက်ပြီ” ဟု တရုတ်ပြည်ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။ သမ္မတ ဒူတာတေသည် နိုင်ငံ၏ သံတမန်ရေးရာ မဟာမိတ် ရွေးချယ်မှုကို ပြောင်းလဲရန် ဆောင်ရွက်လျက်ရှိသည်။

သမ္မတ၏ လေးရက်ကြာ တရုတ်ခရီးစဉ်က အမေရိကန်အား ဖယ်ခွာပြီး တရုတ်လွှမ်းမိုးမှုထံ ဦးတည်သည့် သူ၏ သံတမန်ရေးမူဝါဒကို အတည်ပြုလျက် ရှိသည်။ ဘေဂျင်းရှိ ဖိလစ်ပိုင် အသိုင်းအ၀ိုင်းအား မိန့်ခွန်းပြောကြားရာတွင် သမ္မတက နိုင်ငံ၏ ကိုလိုနီအုပ်ချုပ်သူဟောင်း ကာလရှည် မဟာမိတ် အမေရိကန်ထံမှ ဖိလစ်ပိုင်သည် အကျိုးကျေးဇူး အနည်းငယ်သာ ရရှိသည်ဟု ပြောကြားခဲ့သည်။

သမ္မတက အမေရိကန်နိုင်ငံအား ရည်ညွှန်း၍ “မင်းတို့က ကိုယ်ကျိုးအတွက်ပဲ ငါတို့နိုင်ငံမှာ ရှိနေတာပါ။ ဒါကြောင့် နှုတ်ဆက်ချိန်ရောက်ပြီ သူငယ်ချင်း” ဟု ပြောကြားခဲ့သည်။ ထို့အပြင် “ကျွန်တော် အမေရိကန်ကို သွားမှာမဟုတ်ပါဘူး။ ကျွန်တော် အဲဒီမှာဆိုရင် စော်ကားခံရမှာပါ” ဟု သမ္မတဒူတာတေက ဆိုသည်။

ဇွန်လတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတ ဒူတာတေက အနောက်နိုင်ငံများ၏ အစီအစဉ်အတိုင်း လိုက်နာနေသည့် ဖိလစ်ပိုင် နိုင်ငံခြားရေးမူဝါဒကို စိတ်ကုန်နေပြီဟု ပြောကြားခဲ့သည်။ ယင်းက “တရုတ်နဲ့ ဖယ်ခွာနေတာဟာ ကျွန်တော်တို့ ကိုယ်ပိုင်ဆုံးဖြတ်ချက် မဟုတ်ခဲ့ပါဘူး။ ကျွန်တော် လမ်းကြောင်းသစ်ကို သွားပါမယ်” ဟု ပြောကြားသည်။

တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံအား နိုင်ငံတကာ ခုံရုံးတွင် အဆုံးအဖြတ်ခံယူရန် တင်သွင်းခဲ့သည့် သမ္မတဟောင်း အကွီနိုလက်ထက် နိုင်ငံခြားရေးမူဝါဒနှင့် နှိုင်းယှဉ်ပါက သမ္မတ ဒူတာတေ၏ နိုင်ငံခြားရေးမူဝါဒမှာ သိသာစွာ ပြောင်းလဲလာခြင်း ဖြစ်သည်။ ထိုသို့ နိုင်ငံတကာခုံရုံးတင်ခဲ့ခြင်းက တရုတ်နိုင်ငံကို အလွန်ဒေါသဖြစ်စေခဲ့သည်။ သို့သော် နိုင်ငံတကာခုံရုံးက ဆုံးဖြတ်ချက်မချမီ ဇွန်လတွင် အာဏာရခဲ့သည့် သမ္မတဒူတာတေက ခုံရုံးဆုံးဖြတ်ချက်အား အောင်ပွဲတစ်ခုအဖြစ် ဂုဏ်ယူပြောကြားခြင်းမျိုး မပြုလုပ်ခဲ့ပေ။

သမ္မတ ဒူတာတေက တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်နှင့် အမေရိကန် ပူးတွဲကင်းလှည့်ခြင်းကို ရပ်ဆိုင်းခဲ့ပြီး နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းကိုလည်း ရပ်ဆိုင်းမည်ဟု ခြိမ်းခြောက် ပြောကြားခဲ့ဖူးသည်။

KHTun

T The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.