အင်မတန်ရုပ်ဆိုးတဲ့ မြန်မာနိုင်ငံက အကျင့်ပျက်ခြစားမှုများ

၁၂/၀၉/၂၀၁၆ က လေကြောင်းကာဂိုနဲ့ မြန်မာနိုင်ငံကို ပစ္စည်းတွေပို့ပါတယ်။ ညီမလေး မင်္ဂလာဆောင်အတွက် တစ်ချို့ပစ္စည်းတွေနဲ့ တူမလေးအတွက် အဝတ်တွေ၊အဘွားအတွက်အားဆေးတွေ ၊ပို့လက်စနဲ့ ဆိုပြီးတူ၊တူမတွေအတွက်ချောကလက်တွေ တစ်ခါတည်း ထည့်ပေးလိုက်ပါတယ်။ မြန်မာ Custom ကရစ်တတ်တယ်၊ ငွေတောင်းတတ်တယ်ဆိုတော့ အများကြီးမဟုတ်ဘဲ နည်းနည်းစီပဲပေးလိုက်တာပါ။ အမေနဲ့မှ့ သယ်ရရင် လေးမှာစိုးလို့၊ သူ့ဒူးတွေနဲ့ အလေးလုံးဝသယ်မရလို့ ငွေကုန်ခံပီး ပို့ရတာပါ။ သူ သွားရင် လက်လွတ် Check in luggage နဲ့သွားရုံစီစဉ်ပေးထားတာ။

၂၂/၀၉/၂၀၁၆ မှာ ပစ္စည်းတွေရောက်ကြောင်းဖုန်းလာတယ်။ ဘာစာရွက်စာတမ်းလိုလဲဆိုတော့ သူတို့ပြောတဲ့အတိုင်း လိုတာယူသွားတယ်။ဟိုရောက်တော့ စာရွက်တွေလိုတာက စပြီးရစ်ပါတယ်။ သွားထုတ်ရတာလဲနေပူထဲ ဟိုသွားခိုင်း ဒီသွားခိုင်း၊ဟိုက အော်၊ ဒီကခြိမ်းခြောက်နဲ့ အထဲမှာဘာတွေပါလဲမေးပါတယ်။ ပါတာတွေပြောလဲ သြစတြေးလျက ပို့တာဆိုတော့ အထင်ကြီးပြီး ဆက်ခြိမ်းခြောက်တယ်။ အားဆေးတွေကို သွင်းခွင့်မရှိဘူး။ စာရွက်တစ်ခုမပါရင် ထုတ်မပေးဘူး။ လူကိုယ်တိုင်မလာရင်ထုတ်မပေးဘူး။ ဘာယူလာ ညာယူလာပေါ့။ ဖုန်းထဲမှာမေးတော့ ဘာမှမလိုဘူး သူတို့ပြောတာပါရင်ရပီဆိုပြီး သူတို့ဆီရောက်မှ ပြောင်းသွားတာ။ သွားယူတဲ့ မောင်လေးကလဲ လာဘ်ထိုးကြည့်တယ်။ မယူဘူး CCTV ရှိတယ်ပြောတယ်။ အတိုချုံးရရင် သူတို့ကို ရစ်လွှတ်လိုက်တာနဲ့ စိတ်တွေညစ်ပြီး ငိုမဲ့မဲ့နဲ့ပြန်လာတယ်။ တရားမဝင်ပစ္စည်းတွေ သွားထုတ်ရသလို ခေါင်းငုံ့ပြန်လာရတယ်။ ဒီက အဲ့ဒီလိုတဲ့ စာရွက်စီစဉ်ပေးတော့လဲ တခြားနည်းနဲ့ ခြိမ်းခြောက်ပြန်တယ်။ စာရွက်တွေထပ်တောင်းတယ်။

ကလေးတွေ စိတ်ရောလူရောချုံးချုံးကျနေပြီဆိုတော့ ကျမတို့လင်မယားလည်း လေဆိပ်မှာဘယ်သူအသိရှိလဲဆိုပြီး နီးစပ်ရာ မိတ်ဆွေတွေကို စုံစမ်းရပါတော့တယ်။ အစ်မတစ်ယောက်က ပြောတယ် ၂ သိန်းပေးပြီး အေးဂျင့်ကိုလုပ်ခိုင်းလိုက်တဲ့။ ပို့တဲ့ပစ္စည်းက နည်းလို့ ပို့ခတောင် မြန်မာငွေ ၂ သိန်းပဲကျပါတယ်။ အထဲကပစ္စည်းတန်ဖိုးလဲ အဲလောက်ရှိတာမဟုတ်ဘူး။သူတို့အကြောင်းသိလို့ တန်ဖိုးများတာထည့်မပေးပါဘူး။ (ဒါပေမဲ့ အစိုးရြေ့ပာင်းတော့ မူလဲပြောင်းပြီ အရင်လို အောက်တန်းကျတာတွေမလုပ်တော့ဘူးထင်ခဲ့မိတာ)အဲဒီတော့ ငွေ ၂ သိန်းထပ်မပေးချင်ဘူး။ ကျမတို့ တကယ်မဟုတ်မမှန် မှောင်ခိုလုပ်တယ် ဥပဒေပြင်ပကလုပ်တယ်ဆို တရားဝင် ဒဏ်ဆောင်နိုင်ပါတယ်။ ၂၀၀၉ ခုနှစ်ကလဲ လန်ဒန်ကနေအမေ့အတွက် နှုတ်ခမ်းနီနဲ့ လက်ဆောင်နည်းနည်း DHL နဲ့ပို့တုန်းကလည်း ပစ္စည်းတန်ဖိုးအတိုင်းအခွန်ဆောင်ရဖူးတယ်။ ကျမ ကြားဖူးတာက သတ်မှတ်တန်ဖိုးကျော်မှ ဆောင်ရတာပါ။ သြစတြေးလျမှာဆို ဒေါ်လာ ၉၀၀ ကျော်ဖိုးသွင်းလာရင်ဆောင်ရပါတယ်။ ခုလဲ ပစ္စည်းတွေတန်ဖိုးအတိုင်းကို အခွန်ဆောင်ရမယ်တဲ့။

ဒါနဲ့ကျမတို့လင်မယားလည်း ဟိုမေးဒီမေးနဲ့ နောက်ဆုံး အမျိုးသားနဲ့ ညီအစ်ကိုလိုခင်ကြတဲ့ အစ်ကိုက လေဆိပ်မှာအသိရှိတယ်ဆိုပြီးကူညီပေးပါတယ်။ အဲ့ဒီအစ်ကိုကဆက်သွယ်ပြီးမေးပေးတော့ မောင်လေးဆီကို လေဆိပ်က ဘယ်သူပါဆိုပြီး ဖုန်းဆက်တယ်တဲ့။ မနက်လာထုတ်ပါဆိုလို့ သွားထုတ်တော့ စာရွက်စာတမ်း ထပ်လုပ်ရမှမို့ဆိုပြီး ၃၀၀၀၀ နဲ့ ဖောင်ဖိုးဆိုလား ၃၀၀၀ တောင်းပါတယ်။ သူတို့ ဌာနမှာ ၁၉၀၀၀၀ ကုန်မယ် ပြီးရင်နောက်ဌာနမှာ ပစ္စည်းထိန်းသိမ်းခ ထပ်ပေးရမယ်လို့ပြောပါတယ်။ ဘယ်လောက်ကျမလဲ မသိဘူးတဲ။ အဲဒါနဲ့ကျမတို့လဲ မိတ်ဆွေအစ်ကိုကို တစ်ခါပြန်မေးပြီး အားနာပေမဲ့ သူ့ကိုပဲထုတ်ဖို့ အကူအညီတောင်းရပါတယ်။ ကိုယ်တွေသွားရင် တအားခြိမ်းခြောက်ငွေညှစ်နေလို့ကြောက်လို့ပါ။
နောက်ဆုံးတော့ ဒီနေ့ ၃၀/၀၉/၂၀၁၆ မှာ မိတ်ဆွေအစ်ကိုရဲ့ကျေးဇူးနဲ့ ပစ္စည်းတွေရပါတယ်။ ဒီက ယောကျာ်းအလုပ်က Canon ဗူးခွံတွေနဲ့ သပ်သပ်ရပ်ရပ်ထုပ်ပိုးပေးလိုက်ပေမဲ့ သူတို့ဆီမှာကြွက်တွေကိုက်တယ်ပြောပါတယ်။ နိုင်ငံတကာလေကြောင်းနဲ့ပို့တဲ့ ပစ္စည်းတွေ အဲလို ပျက်စီးပြီးရောက်သွားတာ လက်ခံနိုင်စရာမရှိပါဘူး။
ရန်ကုန်က ပို့ရင်တောင် ဗူးက မပျက်စီးဘဲဒီကိုရောက်တာပဲ။ ဘယ်သူကမှလဲ ဘာဖိုးမှ ထပ်မတောင်းဘူး။ မြန်မာနိုင်ငံပဲငွေညှစ်တာတော်တော်အရုပ်ဆိုးတာပါ။ စိတ်ညစ်တဲ့ ဒါဏ်မခံနိုင်လို့ နောက်ဆုံးကျမတို့လဲ တောင်းသလောက်ပေးပီးထုတ်ခဲ့ပါပြီ။ ဒါပေမဲ့ ပစ္စည်းတွေ ဘယ်လိုဖြစ်နေလဲ ပုံတွေသာကြည့်ပါ။ ဖွင့်ကြည့်ပီးတန်ဖိုးကြီးတာမပါလို့ လွှတ်ပေးလိုက်တဲ့ သဘောမျိုးပါ။

ကျမပြောချင်တာက ငွေကိုအငမ်းမရ ကောက်ကျစ်ယုတ်မာပီး လုပ်ကြံတောင်းတဲ့ကိစ္စ။ ပစ္စည်းတွေကို ရစရာမရှိအာင်မွှေပြီးမှ အမှိုက်ပစ်သလို လက်လွတ်စပယ်လုပ်တဲ့ကိစ္စ၊ နိုင်ငံတကာ ကာဂိုတွေထိန်းသိမ်းတဲ့နေရာမှာ ကြွက်တွေနဲ့ညစ်ပတ်စုတ်ပြတ်နေအောင်ထားတဲ့ကိစ္စ။ တာဝန်ကျတော့မယူဘဲ ငွေပဲ ငမ်းကြတဲ့ ကိစ္စ။ ဒီလို အကျင့်တွေ စိတ်ဓါတ်တွေ အရမ်းရွံဖို့ကောင်းပါတယ်။ ရှက်ဖို့လဲ အရမ်းကောင်းပါတယ်။

CCTV တပ်ထားလို့ လာဘ်ထိုးတာလက်မခံရတော့လဲ သူ့လမ်းကြောင်းနဲ့သူ လုပ်စားကြတာပါပဲ။ လက်ထဲရောက်တဲ့ အမဲကို အရိုးကျအောင်ကိုက်၊ရစရာမရှိတော့မှလွှင့်ပစ်သလိုဖြစ်နေတော့ စိတ်ဓါတ်တွေက ခွေးနဲ့နှိုင်းရမှာတောင်အားနာစရာပါ။ ပုံတွေကိုသာကြည့်ပါ။ ပွင့်လင်းမြင်သာတဲ့ စည်းကမ်းတွေမရှိတဲ့ သူတို့ဌာနနဲ့နောက်ဆို လုံးဝ မဆက်ဆံရအောင်ရှောင်ပါတော့မယ်။ သူများနိုင်ငံက သိရင် ရှက်စရာ ကောင်းပေမဲ့ သူတို့ကတော့ရှက်ရကောင်းမှန်းမသိကြပါဘူး ။ တကယ်က တရားဝင် ၊တရားလမ်းကြောင်းအတိုင်း ဥပဒေဘောင်ထဲကပို့ထားတဲ့ ပစ္စည်းတွေကို သူတို့ ငွေထပ်တောင်းခွင့်မရှိပါဘူး။ ပစ္စည်းတွေ ဒီလိုစုတ်ပြတ်နေတာ လုံးဝမဖြစ်သင့်တာပါ။ ဗုံးတွေက ကြွက်ပုပ်နံ့ထွက်နေလို့ ယူပေးတဲ့ အစ်ကို ကိုတောင်အားနာတယ်။ပစ္စည်းတွေကတော့တော်တော်ပျက်စီးနေလောက်ပါတယ်။

Tin Mie
Labels:

Post a Comment

  1. CCTV တပ်ထားလို့ လာဘ်ထိုးတာလက်မခံရတော့လဲ။
    အမျိုးသားနဲ့ ညီအစ်ကိုလိုခင်ကြတဲ့ အစ်ကိုက လေဆိပ်မှာအသိရှိတယ်ဆိုပြီးကူညီပေးပါတယ်။

    ဒီအချက်အလက်တွေ ကိုကြည့်ခြင်းအားဖြင့်၊ နည်းလမ်းမမှန်တဲ့ ချဉ်းကပ်မှု မအောင်မြင်လို့ ခုလို မီဒီယာကနေ တင်ပြခြင်းဘဲလို့ သုံးသပ်မိပါတယ်၊


    ReplyDelete

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.