နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကွဲမှု စခန်း ၃ခုစလုံး တိုက်ခိုက်ခံရမှု သတင်းစာရှင်းလင်းပွဲ

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာ မနေ့ညသန်းခေါင်ကျော် (မနက် ၁နာရီခွဲ)မှာ ကျီးကန်းပြင်၊ ကိုးတန်ကောက်နဲ့ ငါးခူရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကွဲမှု စခန်း ၃ခုစလုံးကို အကြမ်းဖက် တိုက်ခိုက်သူ ၉ဝကျော်က တိုက်ခိုက်ခဲ့တဲ့အကြောင်း မြန်မာအစိုးရက ဒီကနေ့ညမှာ သတင်းစာရှင်းလင်းပွဲလုပ် ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲချုပ်ဇော်ဝင်းရဲ့ ရှင်းလင်းပြောဆိုချက်မှာတော့ အမှတ် ၁ နယ်ခြားစောင့်ရဲ ကွပ်ကဲမှုနယ်မြေအတွင်းက စခန်း ၃ခုထဲက ကျီးကန်းပြင်စခန်းကို လူ ၁ဝယောက်က ချဉ်းကပ်လာပြီး တာဝန်ကျတစ်ဦးကို ဓားနဲ့စတင်ခုတ်ခဲ့တဲ့အကြောင်း၊ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပြန်လည်ပစ်ခတ်ခဲ့လို့ အကြမ်းဖက်သမားတွေ ပြန်လည်ဆုတ်ခွာခဲ့တဲ့အကြောင်း၊ ဒီလူတွေဆီက ပစ္စတိုတစ်လက်နဲ့ ကျည်၂တောင့်ကို သိမ်းဆည်းမိတဲ့အကြောင်း ပြောခဲ့ပါတယ်။

မနက် ၁နာရီ မိနစ် ၅ဝမှာတော့ အကြမ်းဖက် တိုက်ခိုက်သူ ၉ဝလောက်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေ အပြင်းအထန်ဖြစ်ခဲ့ပြီး မနက် ၄နာရီလောက်ကျမှာ အကြမ်းဖက်သမားတွေ ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင် ၅ယောက်ကို ဓားတွေနဲ့ ခုတ်ပြီးသတ်ဖြတ်သွားတာဖြစ်တဲ့အကြောင်း၊ စုစုပေါင်း တပ်ဖွဲ့ဝင် ၆ယောက်ကျဆုံးပြီး ၂ယောက် ဒဏ်ရာရခဲ့သလို လက်နက် ၆၂လက်နဲ့ ကျည်တောင့်ပေါင်း တစ်သောင်းဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။

ကိုးတန်ကောက်စခန်းကိုတော့ မနက် ၃နာရီခွဲလောက်မှာ အင်အား ၃ဝကျော်လောက်က ကင်းစခန်းအနောက်ကနေ စီးနင်းဝင်ရောက်ပြီး ဓား။ လှံတွေနဲ့ ထိုးခုတ်တိုက်ခိုက်ခဲ့ရာမှာ တပ်ဖွဲ့ဝင် ၁ဝယောက်က ပြန်လည်တိုက်ခိုက်ခဲ့လို့ တစ်ဦးကို အသေမိပြီး ၂ဦးကို အရှင်ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

ငါးခူရနယ်မြေရုံးကိုတော့ မနက် ၄နာရီခွဲမှာ အကြမ်းဖက်သမား ၅ဝလောက်က ဓား။ လှံ။ ဂျင်ကလိတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်သူ ၇ယောက်အလောင်းကို ရခဲ့သလို ရဲတပ်ဖွဲ့ဝင် ၂ယောက် ကျဆုံးခဲ့ပြီး ၁ယောက် ပျောက်ဆုံးနေတဲ့အကြောင်း၊ နယ်ခြားစောင့်ရဲနဲ့ နယ်မြေခံ တပ်မတော်စစ်ကြောင်းတွေ ပူးပေါင်းပြီး နယ်မြေရှင်းလင်းမှုတွေလုပ်တဲ့အခါမှာ လက်နက်မျိုးစံ ၁၃ခုကို ဆုတ်ခွာရာလမ်းကြောင်းမှာ ပြန်လည်သိမ်းဆည်းနိုင်တဲ့အကြောင်း၊ ဖြစ်စဉ်တစ်ခုလုံးမှာ ရဲတပ်ဖွဲ့က စုစုပေါင်း ၉ယောက်ကျဆုံးပြီး တစ်ဦးပျောက်ဆုံး၊ ၅ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
Kamayut Media

Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.