အမေရိကန်သမ္မတလောင်းနှစ်ဦးရဲ့ ဒုတိယမြောက်က စကားစစ်ထိုးပွဲ


 
သမ္မတဖြစ်ခဲ့ရင် ကလင်တန်ကို အီးမေးကိစ္စနဲ့ ထောင်ချမယ်လို့ ထရမ့်ကတိပြု၊ ဘီလ်ကလင်တန်ကိုပါ ထိုးနှက် တိုက်ခိုက်                                                                                   

စိန့်လူးဝစ်၊ အောက်တိုဘာ ၁၀ – ရန်တုံ့ပြန်လိုစိတ်ရှိတဲ့ ဒေါ်နယ်ထရမ့်ဟာ သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ အမျိုးသမီးတွေအပေါ်ပြုမှုဆက်ဆံခဲ့ပုံကို တိုက်ခိုက်လိုက်ပြီးနောက် အိမ်ဖြူတော်သမ္မတနေရာကို သူရခဲ့မယ်ဆို ရင် ဟီလာရီကလင်တန် နိုင်ငံခြားရေးဝန်ကြီးဘဝတုန်းက သီးသန့်အီးမေးလ်ဆာဗာတည်ထောင်ခဲ့တဲ့အတွက် ထောင်ကျအောင်လုပ်ဆောင်သွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။

မြို့နယ်ခန်းမအတွင်းက ဒုတိယမြောက်စကားစစ်ထိုးပွဲမှာ ရီပတ်ဘလစ်ကန်သမ္မတလောင်း ထရမ့်က ဟီလာရီဟာ အိုဘားမားရဲ့နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ချိန်မှာ အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေခဲ့တဲ့ အတွက် သည်ကိစ္စကိုစုံစမ်းစစ်ဆေးဖို့ အထူးအစိုးရရှေ့နေတစ်ဦးကို ခန့်အပ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ရွေးကောက်ပွဲအတွက် ပြိုင်ပွဲဝင်အမတ်လောင်းနှစ်ဦးဟာ လုပ်ရိုးလုပ်စဉ်လက်ဆွဲနှုတ်ဆက် ခြင်းမရှိခဲ့တာကြောင့် မိနစ်ကိုးဆယ်ကြာစကားစစ်ထိုးပွဲဟာ အေးတိအေးစက်နဲ့စတင်ခဲ့ပါတယ်။

သည်စကားစစ်ထိုးပွဲဟာ သောကြာနေ့ကထွက်ပေါ်လာတဲ့ ထရမ့်ရဲ့ ၂၀၀၅ ခုနှစ်တုန်းက ရိုင်းပျတဲ့ စကားလုံးတွေ သုံးနှုန်းပြောဆိုထားပြီး အမျိုးသမီးတွေရဲ့သဘောဆန္ဒမပါဘဲ မဖွယ်မရာ ပြောကြားထားတဲ့ ဗီဒီယိုတစ်ခု အကြောင်းကိုဆွေးနွေးချိန်မှာတော့ အဆင်မပြေတဲ့ စကားစစ်ထိုး မှုတစ်ခုအဖြစ် အလျင်အမြန် အသွင်ပြောင်းလဲ သွားပါတယ်။
ထရမ့်က သည်ဗီဒီယိုကြောင့် သူကသိကအောက်ဖြစ်ခဲ့ရပေမယ့် ဒါဟာ အဝတ်လဲခန်းအတွင်းပြောကြားမှု တော့မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ သူက သမ္မတဘီလ်ကလင်တန်က အမျိုးသမီးတွေအပေါ် သည့်ထက်ပိုပြီး သဘောထားဆိုးသေးတယ်လို့ ပြောပါတယ်။

‘ ကျွန်တော်က စကားအဖြစ်ပြောတာပဲရှိတယ်။ သူကမှလက်တွေ့လုပ်တာ’ လို့ ဘီလ်ကလင်တန်ရဲ့ လိင်ပိုင်း ဆိုင်ရာမဖွယ်မရာပြုလုပ်ခံခဲ့ရတဲ့ အမျိုးသမီးတွေပါရှိနေတဲ့ သည်စကားစစ်ထိုးပွဲမှာ ထရမ့်ကပြောပါတယ်။ သည်ပွဲမှာ ထရမ့်က ဟီလာရီဟာ ၁၉၉၃ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ သမ္မတတာဝန်ထမ်းဆောင်ခဲ့တဲ့ ခင်ပွန်းဖြစ်သူ ကလင်တန်ရဲ့လိင်ပိုင်း ဆိုင်ရာ မဖွယ်မရာပြုလုပ်ခံခဲ့ရတဲ့အမျိုးသမီးတွေကို ဆက်ပြီးတိုက်ခိုက် ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဟီလာရီကလင်တန်က ထရမ့်ရဲ့မှတ်ချက်စကားတွေဟာ အိမ်ဖြူတော်အတွက် သူ မသင့်တော်ဘူး ဆိုတာ ပြသနေတာပဲဖြစ်တယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

‘ သူက ဒီဗီဒီယိုက သူဘယ်သူဖြစ်လဲဆိုတာကို ကိုယ်စားမပြုဘူးလို့ဆိုပေမယ့်လည်း ကျွန်မကတော့ ဒီထဲက ပြောတာတွေကိုကြားတဲ့သူတိုင်းဟာ ထရမ့်ဘယ်သူဖြစ်လဲဆိုတာကို ရှင်းရှင်းလင်းလင်းသိကြမယ်လို့ ထင်တာပဲ’ လို့ ကလင်တန်ကပြောပါတယ်။

အီးမေးလ် ပြဿနာ
ထရမ့်က ကလင်တန်ကို သူ့ရဲ့သီးသန့်အီးမေးလ်ဆာဗာအသုံးပြုတာနဲ့ပတ်သက်ပြီး ဆက်လက်စကား နာထိုးခဲ့ကာ ‘ ခင်ဗျားကိုယ့်ကိုယ်ကိုယ် ရှက်သင့်တယ်’ ပြောကြားခဲ့ပါတယ်။
ကလင်တန်က ‘ ဒေါ်နယ်ထရမ့်လို စိတ်တိုစိတ်ဆတ်တတ်တဲ့လူမျိုးဟာ တိုင်းပြည်ရဲ့အကြီးအကဲ တစ်ယောက် မဖြစ်တာက တကယ့်ကိုအဆင်ပြေကောင်းမွန်တဲ့လုပ်ရပ်တစ်ခုဆိုတာ ရှင်တို့သိလား’ လို့ ပြောကြားခဲ့ပြီး ထရမ့်ကလည်း ‘ ခင်ဗျားဟာ ထောင်ထဲမှာရှိနေရမှာ’ လို့ တုံ့ပြန်ထိုးနှက်ခဲ့ပါတယ်။

သည်အီးမေးလ်ကိစ္စနဲ့ပတ်သက်ပြီး အက်ဖ်ဘီအိုင်ရဲ့တစ်နှစ်နီးပါးကြာစုံစမ်းစစ်ဆေးမှုဟာ သည်နှစ်အစောပိုင်း မှာပဲ တရားစွဲဆိုခံရတာမျိုးမရှိဘဲ အဆုံးသတ်သွားခဲ့ပါတယ်။ အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှူး ဂျိမ်းစ်ကိုမေးက ကလင်တန်ဟာ အထိခိုက်မခံတဲ့ကိစ္စရပ်တွေကို နမော်နမဲ့ကိုင်တွယ်ခဲ့တယ်လို့ ပြောပါတယ်။

ကလင်တန်ကလည်း သူ့ရဲ့ဆာဗာကို ထိုးဖောက်ခံရတဲ့ သက်သေမရှိသလို လျှို့ဝှက်သတင်းအချက်အလက်တွေ ဟာလည်း မသမာသူတွေရဲ့လက်ထဲကိုမရောက်သွားဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
အီးမေးလ် ၃၃၀၀၀ ကို ဖျက်လိုက်တာနဲ့ အဆင်ပြေသွားပြီလို့ ခင်ဗျားပြောပေမယ့် ကျွန်တော်ကတော့ ဒီလိုမထင်ဘူးလို့ ထရမ့်ကပြောပါတယ်။

ကလင်တန်က ခေါင်းခါပြီးတော့ ဒါဟာ အမှန်တရားတစ်ခုမဟုတ်ဘူးလို့ ပြန်ချေပပါတယ်။ ထရမ့်ဟာ သူသုံးတဲ့ နည်းလမ်းကပျက်ပြယ်သွားပြီး ရီပတ်ဘလစ်ကန်တွေက သူ့ကိုစွန့်ပြီးထွက်ခွာနေကြပြီဖြစ်တာကြောင့် သူ့ရဲ့ မဲဆွယ်လှုပ်ရှားမှုအကြောင်းမပြောရအောင် နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးဖို့အတွက် ခေါင်းရှောင်နေတယ်လို့ ကလင်တန်က စွပ်စွဲခဲ့ပါတယ်။

ရီပတ်ဘလစ်ကန်တွေရဲ့ထောက်ခံအားပေးမှုတွေ ရုပ်သိမ်းသွား

သည်ဗီဒီယိုကြောင့် ရီပတ်ဘလစ်ကန်အများအပြားဟာ ထရမ့်ကိုထောက်ခံအားပေးနေရာကနေ ရုပ်သိမ်းသွား ပါတယ်။
မြို့နယ်ခန်းမဆွေးနွေးမှုပုံစံလုပ်ထားပြီး မေးခွန်းတဝက်ခန့်ကို ဘယ်သူ့ကိုမဲပေးရမှန်းမဆုံးဖြတ်ရသေးသူတွေက မေးမြန်းတဲ့၊ ဒိုင်နှစ်ဦးက ကျန်တဲ့မေးခွန်းတွေကိုမေးတဲ့ သည်စကားစစ်ထိုးပွဲမှာ ပြိုင်ပွဲဝင်သမ္မတလောင်းနှစ်ဦးဟာ စတိတ်စင်တစ်ခုလုံးကို လွတ်လွတ်လပ်လပ်သွားလာနိုင်ပြီး မေးခွန်းမေးတဲ့သူတွေကို တိုက်ရိုက်ဖြေကြား နိုင်ပါတယ်။

ထရမ့်က ဒိုင်တွေဖြစ်တဲ့ စီအန်အန်က အန်ဒါဆင်ကူးပါးနဲ့ အေဘီစီသတင်းဌာနက မာသာရက်ဒက်ဇ်တို့နဲ့ ပတ်သက်ပြီး စောဒကတက်ခဲ့ကာ သည်စကားစစ်ထိုးပွဲဟာ သုံးယောက်နဲ့တစ်ယောက်ဖြစ်နေတယ်လို့ ပြောပါတယ်။

သည်စကားစစ်ထိုးပွဲတစ်လျှောက်လုံး ထရမ့်နဲ့ကလင်တန်ဟာ အကြောင်းအရာအတော်များများမှာ သဘောထား ချင်းပဋိပက္ခဖြစ်ခဲ့ပြီး အခွန်ကိစ္စ၊ ကျန်းမာရေးဝန်ဆောင်မှုကိစ္စ၊ ဆီးရီးယားပြည်တွင်းစစ်မှာ အမေရိကန်မူဝါဒ ရေးရာနဲ့  ထရမ့်ကိုထောက်ခံသူတဝက်ခန့်ဟာ မနှစ်မြို့ဖွယ်စကားတွေကို လက်ခံတတ်ကြတယ်ဆိုတဲ့ ကလင်တန်ရဲ့မှတ်ချက်စကားတွေနဲ့ပတ်သက်ပြီး အကြိတ်အနယ်ငြင်းခုံခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ကလင်တန် က ထရမ့်ရဲ့ထောက်ခံသူတွေအပေါ် သူထိုးနှက်ခဲ့တာအတွက် ပြန်တောင်းပန်ခဲ့ပါတယ်။

ထရမ့်ကလည်း ကလင်တန် နိုင်ငံခြားရေးဝန်ကြီးဘဝတုန်းက နိုင်ငံခြားရေးမူဝါဒအပေါ်ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကာ အောင်မြင်မှုမရှိဘူးလို့ တကျည်ကျည်ပြောဆိုခဲ့ပါတယ်။

‘ သူက စကားပြောတကယ်ကြမ်းပါတယ်။ အတော်လေးကို ကြမ်းပါတယ်။ သူပုန်တွေအကြောင်းလည်း ပြောခဲ့ သေးတယ်။ ဒါပေမဲ့လည်း ဘယ်သူက သူပုန်တွေလဲဆိုတာတောင် သူ မသိပါဘူး’ လို့ ထရမ့်က ပြောပါတယ်။

ဒုသမ္မတလောင်းနဲ့သဘောထားမတိုက်ဆိုင်ပြန်
ဒါ့အပြင် ထရမ့်က သူဟာ သူ့ရဲ့ဒုတိယသမ္မတလောင်း မိုက်ပန့်စ်နဲ့လည်း သဘောထား မတိုက်ဆိုင်ဘူးလို့ ပြောပါတယ်။ မိုက်ပန့်စ်ဟာ ပြီးခဲ့တဲ့အပတ်က ကလင်တန်ရဲ့ဒုတိယသမ္မတလောင်း တင်ကိန်းနဲ့စကားစစ်ထိုးပွဲမှာ ဆီးရီးယားနိုင်ငံမှာ လိုအပ်မယ်ဆိုရင် စစ်အင်အားသုံးဖို့ အမေရိကန်အနေနဲ့ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ကြေညာခဲ့သူပါ။
‘ သူနဲ့ကျွန်တော် စကားမပြောရသေးဘူး။ ကျွန်တော် ဒါကိုသဘောမတူဘူး’ လို့ ထရမ့်ကဆိုတယ်။

ထရမ့်ဟာ တနင်္ဂနွေနေ့မှာလုပ်တဲ့ သည်စကားစစ်ထိုးပွဲမစခင်နာရီပေါင်းများစွာအလိုမှာ ဘီလ်ကလင်တန်ရဲ့ လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုမူခံခဲ့ရတယ်လို့စွပ်စွဲထားတဲ့ အမျိုးသမီးသုံးဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ မုဒိမ်းမှုတစ်ခုမှာ သားကောင်အဖြစ်ခံလိုက်ရတဲ့ လေးယောက်မြောက်အမျိုးသမီးအမှုမှာ ဟီလာရီကလင်တန်ဟာ တရားခံရှေ့နေ အဖြစ်လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။ သည်အမျိုးသမီးတွေဟာ သည်စကားစစ်ထိုးပွဲမှာ ရှေ့ဆုံးတန်းကနေရာယူ ခဲ့ကြပါတယ်။

ဟီလာရီကလင်တန်က သည်ရီပတ်ဘလစ်ကန်ပြိုင်ပွဲဝင်လောင်းဟာ အမျိုးသမီးတွေပေါ်လွဲမှားဆက်ဆံဖူးတဲ့ ရာဇဝင်ရှိတဲ့ မိန်းမမုန်းသူတစ်ဦးဖြစ်တယ်လို့ ဝေဖန်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ ထရမ့်က  အိမ်ထောင်ရေးဖောက်ပြန် ခဲ့တဲ့ ဘီလ်ကလင်တန်ကိုလည်း တိုက်ခိုက်သွားမယ်လို့ စကားစစ်ထိုးပွဲမစမီမှာ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ သူတို့နှစ်ဦးရဲ့ တစ်ဦးအပေါ်တစ်ဦးအားကျမိတဲ့အချက်တစ်ခုကိုမေးကြည့်တဲ့အခါမှာ ကလင်တန်က ထရမ့်ကလေးတွေရဲ့စွမ်းရည်နဲ့ထရမ့်အပေါ် အမြဲချစ်ခင်ပြီးသစ္စာရှိတဲ့အချက်ကို လေးစားမိတယ်လို့ဆိုပြီး ထရမ့်ကတော့ ဟီလာရီကို တိုက်ခိုက်ရေးသမားတစ်ဦးလို့ခေါ်ဆိုခဲ့ပြီး သူ့ရဲ့ အရှုံးမပေးလိုတဲ့စိတ်ကို လေးစား မိတယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

ဒိုင်တွေက စကားစစ်ထိုးပွဲပြီးဆုံးပြီလို့ ကြေညာလိုက်ချိန်မှာ သည်ပြိုင်ပွဲဝင်နှစ်ဦးဟာ နှစ်ဦးမျက်နှာချင်းဆိုင်ပြီး လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။

သူတို့ရဲ့နောက်ဆုံးစကားစစ်ထိုးပွဲကတော့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ပြုလုပ်မှာပါ။

ချိုလေးငယ်                        ref:Reuters. Oct 10, 2016

Kumudra 

COMMENTS

Name

art,1,article,1301,cartoon variety,22,crime,66,culture,1,documentary,7,Entertainment,8,health,32,history,2,international,7339,interview,219,knowledge,8,Live,8,LocalNews,15684,news,2842,opinion,764,photos,203,poem,116,satires,39,song,12,speech,12,sports,139,statement,59,technic,55,translate,34,video,1068,voice,76,
ltr
item
dawnmanhon: အမေရိကန်သမ္မတလောင်းနှစ်ဦးရဲ့ ဒုတိယမြောက်က စကားစစ်ထိုးပွဲ
အမေရိကန်သမ္မတလောင်းနှစ်ဦးရဲ့ ဒုတိယမြောက်က စကားစစ်ထိုးပွဲ
https://lh3.googleusercontent.com/-V_8qh-KLOC4/V_wwnNha6YI/AAAAAAAAZko/Dh2zXDk4YQU/%25255BUNSET%25255D.png
https://lh3.googleusercontent.com/-V_8qh-KLOC4/V_wwnNha6YI/AAAAAAAAZko/Dh2zXDk4YQU/s72-c/%25255BUNSET%25255D.png
dawnmanhon
http://www.dawnmanhon.com/2016/10/blog-post_853.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/10/blog-post_853.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy