ဘန်ကောက်မှာဗုံးဖောက်ခွဲမှုဖြစ်နိုင်လို့ထိုင်းရဲတပ်ဖွဲ့သတိပေးချက်ထုတ်ပြန်၊လုံခြုံရေးတိုးမြှင့်


အောက်တိုဘာ ၁၁ – ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ဘန်ကောက်မြို့တော်ရှိ အထင်ကရနေရာတွေ၊ လေဆိပ်တွေနဲ့ ကပ်လျက်ပြည်နယ်တွေမှာ လုံခြုံရေးတိုးမြှင့်ထားတယ်လို့ အင်္ဂါနေ့မှာပြောပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က ဘန်ကောက်အနီးပြည်နယ်တစ်ခုမှာ ကားဗုံးဖောက်ခွဲဖို့ စီစဉ်နေကြတယ်လို့ သတင်းရထားကြောင်း ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးတပ်ဖွဲ့အကြီးအကဲ ကပြောပါတယ်။

“ဗုံးပြင်ဆင်ရာမှာအသုံးပြုတဲ့ပစ္စည်းတွေနဲ့ကားတွေအပါအဝင် မူမမှန်တာမှန်သမျှကို အနီးကပ်စောင့်ကြည့် စစ်ဆေးကြဖို့ လုံခြုံရေးဌာနတွေကို ဒုဝန်ကြီးချုပ်ကညွှန်ကြားထားတယ်” လို့ ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေး ကောင်စီ အကြီးအကဲ သာဝစ်နက်နီယွန်ကပြောပါတယ်။

နိုင်ငံခြားခရီးသွားတွေစည်ကားတဲ့ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ရက်သီတင်းပတ်အနည်းငယ်က နိုင်ငံတောင်ပိုင်းမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့သလို လူလေးဦးသေဆုံးခဲ့ရတဲ့ သြဂုတ် ၁၁-၁၂ ပေါက်ကွဲမှုတွေလည်း အပါအဝင်ဖြစ်ပါတယ်။

သည်တိုက်ခိုက်မှုတွေဟာ ထိုင်းနိုင်ငံတောင်ဘက်စွန်းမှာ လှုပ်ရှားနေတဲ့ မွတ်စလင်ခွဲထွက်ရေးသူပုန်တွေ နဲ့ဆက်နွှယ်နေတယ်လို့ ရဲတွေကပြောပါတယ်။ စီစဉ်ထားတဲ့ကားဗုံးဖောက်ခွဲမှုနဲ့သြဂုတ်လတိုက်ခိုက်မှုတွေက ပတ်သက်မှုရှိနေသလားဆိုတာကို သေချာမသိရသေးဘူးလို့ သာဝစ် ကဆိုပါတယ်။

ဗြိတိန်ရဲ့နိုင်ငံခြားရေးဌာနကတော့ ခရီးသွားတွေအနေနဲ့ သြဂုတ်လပေါက်ကွဲမှုတွေနောက်ပိုင်းမှာ သတိဝီရိယနဲ့သွားလာကြဖို့ အကြံပေးခဲ့ပါတယ်။

“သတိထားကြသင့်ပါတယ်။ အထူးသဖြင့် လူများတဲ့နေရာတွေမှာပါ။ အဲဒီနေရာတွေနဲ့ ထိုင်းနိုင်ငံရဲ့တခြား ဧရိယာတွေမှာ နောက်ထပ်ဒီလိုဖြစ်ရပ်တွေဖြစ်လာနိုင်တယ်” လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။

၂၀၁၅သြဂုတ်လက ဘန်ကောက် ဘုရားကျောင်းတစ်ခုမှာ ပေါက်ကွဲခဲ့တဲ့ဗုံးကြောင့် နိုင်ငံခြားခရီးသွား အများစုအပါအဝင် လူ ၂၀ ခန့်သေဆုံးခဲ့ရပါတယ်။

လက်ရှိတော့ ဘန်ကောက်မှာ ကမ္ဘာ့ခေါင်းဆောင်တချို့နဲ့စီးပွားရေးခေါင်းဆောင်တွေတက်ရောက်တဲ့ ဒေသတွင်းအစည်းအဝေးတစ်ခုကို လက်ခံကျင်းပနေတာဖြစ်ပြီး ရဲတပ်ဖွဲ့က သတိကြီးကြီးစောင့်ကြပ်နေတယ်လို့ ပြောပါတယ်။

Ref: Reuters, Oct-11, 2016

YSD
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.