မောင်တောဒေသသွားခွင့် နိုင်ငံတကာအဖွဲ့တွေ တောင်းဆို

Photo: Min Thein Aung/ RFA
( ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို အောက်တိုဘာလ ၁၇ ရက်နေ့က စစ်တွေမြို့ ဓမ္မာရာမကျောင်းတိုက်မှာ တွေ့ရစဉ် )
နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက မောင်တောဒေသကို လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းတွေပို့ခွင့်ပြုဖို့ မြန်မာအစိုးရကို ဆက်လက်တိုက်တွန်းနေပါတယ်။ အောက်တိုဘာ ၉ ရက် အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြီးကတည်းက အဲဒီဒေသကို သွားရောက်ကူညီလို့ မရဖူးလို့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့တွေကလည်း ပြောပါတယ်။

နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ညွန်ကြားရေးမှူး Brad Adams ကလည်း အစိုးရအနေနဲ့ လုံခြုံရေးစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို ခြေမှုန်းဖြိုခွင်းရဖို့ တာဝန်ရှိပါတယ်။ ဒါပေမယ့် တပြိုင်နက်မှာပဲ လူ့အခွင့်အရေးတွေကိုလည်း လေးစား လိုက်နာရမှာဖြစ်ပါတယ်။ အဲဒီဒေသက ဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို လူမှုရေးဆိုင်ရာ အကူအညီတွေပေးဖို့ရရေးအတွက် အာမခံရမှာဖြစ်ပြီး သတင်းထောက်တွေ သတင်းယူဖို့နဲ့ လူ့အခွင့် အရေးကိုယ်စားလှယ်တွေ သွားရောက် စောင့်ကြည့်ဖို့လည်း ခွင့်ပြုဖို့လိုပါတယ်လို့ မနေ့က ပြောပါတယ်။

ဒီအတောအတွင်း ဒေသခံမွတ်စလင်တွေနဲ့ လူ့အခွင့်ရေးအဖွဲ့တွေရဲ့ပြောကြားချက်အရ မောင်တော ဒေသမှာ အစိုးရတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့်သေဆုံးသူတွေထဲမှာ အရပ်သားတွေပါဝင်တယ်လို့ ရိုက်တာ သတင်းမှာ ဖေါ်ပြပါတယ်။

ဒါ့အပြင် အစိုးရတပ်ဖွဲ့တွေက အိမ်တွေမီးရှို့ပြီး အကြောင်းမဲ့ ဖမ်းဆီးတာတွေရှိတယ်လို့လည်း လူအခွင့်ရေးအဖွဲ့တွေက ပြောပါတယ်။ မြန်မာပြည်က သတင်းထောက်တွေကလည်း မောင်တောဒေသကို သွားရောက်ခွင့်မရတဲ့အတွက် အမှန်ပကတိ ဖြစ်ပျက်နေတာတွေကို သူတို့ မသိနိုင်ကြဘူးလို့ ပြောနေကြပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.