သမုဒ္ဒရာကို တစ်ဦးတည်းဖြတ်ကျော်ပြီး ကမ္ဘာ့စံချိန်တင်ရန် ကြိုးပမ်းသော တရုတ်ရွက်လွှင့်သူ ပစိဖိတ် သမုဒ္ဒရာတွင် ပျောက်ဆုံး


ပစိဖိတ်သမုဒ္ဒရာကို တစ်ဦးတည်းဖြတ်ကျော်ပြီး ကမ္ဘာ့စံချိန်တင်ရန် ကြိုးပမ်းနေသော တရုတ်ရွက်လွှင့်သူ ကူဝေါချူအန်သည် အောက်တိုဘာ ၂၆ ရက်က ပစိဖိတ် သမုဒ္ဒရာအတွင်း၌ ပျောက်ဆုံးသွားခဲ့ကြောင်း အစိုးရပိုင်မီဒီယာ ဆင်ဟွာက ပြောကြားခဲ့သည်။ ကူဝေါသည် ဟာဝိုင်ယီ အနောက်ဘက် ရေမိုင် ၉၀၀ တွင် ရှိနေစဉ် အောက်တိုဘာ ၂၅ ရက် ဒေသစံတော်ချိန် ၁၅ နာရီ၌ နောက်ဆုံး အဆက်အသွယ်ရခဲ့ကြောင်း သူ၏အဖွဲ့ကို ကိုးကားပြီး ဆင်ဟွာသတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

ကူဝေါကို ဆက်သွယ်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ပြီး အဆက်အသွယ် မရရှိခဲ့ကြောင်း ဟိုနိုလူလူမှ ရှာဖွေရေး လေယာဉ်တစ်စင်းသည် ကူဝေါ၏ ရွက်လှေကို ကျိုးပျက်နေသော ရွက်တိုင်နှင့်အတူ တွေ့ရှိခဲ့ကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။ အသက် ၅၁ နှစ်အရွယ် ကူဝေါသည် ဆန်ဖရန်စစ္စကိုမှ ရှန်ဟိုင်းအထိကို ပစိဖိတ်သမုဒ္ဒရာအား မရပ်မနားဖြတ်ကျော်ပြီး စံချိန်တင်ရန် ရည်ရွယ်၍ အောက်တိုဘာ ၁၉ ရက်တွင် စတင်ရွက်လွှင့်ခဲ့သည်။

ကူဝေါသည် ၂၀၁၃ ခုနှစ်က ကမ္ဘာကို ရေလမ်းကြောင်းမှ တစ်ကိုယ်တော် မရပ်မနား ပတ်ခဲ့သည့် ပထမဆုံး ရွက်လွှင့်သူဖြစ်ခဲ့သည်။ ကူဝေါ၏ ၉၇ ပေရှည်သော ရွက်လှေကို ဟာဝိုင်ယီ အနောက်ဘက် ကီလိုမီတာ ရာနှင့်ချီဝေးသော နေရာ၌ လှိုင်းများကြား မျောနေသည်ကို အမေရိကန် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည့် ဗီဒီယို တစ်စိတ်တစ်ပိုင်းတွင် မြင်တွေ့ခဲ့ရသည်။ ရွက်လှေ၏ အလိုလျောက် အချက်ပြ စနစ်သည် အလုပ်လုပ်နေဆဲဖြစ်ပြီး ရွက်လှေပေါ်တွင် မည်သူတစ်ဦး တစ်ယောက်ကိုမှ မတွေ့မြင်ခဲ့ရကြောင်း သိရသည်။

အမေရိကန်ရေတပ် ရဟတ်ယာဉ်တစ်စင်းနှင့် ကမ်းရိုးတန်းစောင့် ဟာကျူလီလေယာဉ် တစ်စင်းတို့သည် ရွက်လှေပေါ်တွင် ပျံဝဲခဲ့ပြီး ကူဝေါကို ဆက်သွယ်နိုင်ခဲ့ခြင်း မရှိကြောင်း ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ အမေရိကန်ရေတပ်မှ ကုန်းရေနှစ်သွယ်သင်္ဘော USS Makin Island မှ ကယ်ဆယ်ရေး သမားများသည် အောက်တိုဘာ ၂၇ ရက်တွင် ကူဝေါ၏ ရွက်လှေသို့ ရောက်ရှိခဲ့ကြောင်း ကမ်းရိုးတန်းစောင့် တပ်ဖွဲ့က ပြောကြားခဲ့သည်။

ရွက်လှေပေါ်တွင် ကူဝေါကို မတွေ့ခဲ့ရဘဲ သူ၏အသက်ကယ် အင်္ကျီကိုသာ တွေ့ခဲ့ရပြီးနောက် ရှာဖွေရေး လုပ်ငန်းများ ရပ်ဆိုင်းကြောင်း အမေရိကန် ကမ်းရိုးတန်းစောင့် တပ်ဖွဲ့က ကြေညာခဲ့သည်။

ကူဝေါ၏ အဖွဲ့သည် ရွက်လှေအား ဆယ်ယူရန် စီစဉ်နေပြီး သူ၏ကိုယ်ပိုင်ပစ္စည်းများအား ပြန်လည်ရရှိခဲ့ကြောင်း ၎င်းတို့၏တရားဝင် Weibo စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ကူဝေါသည် အသံသွင်းထားသော သားနှစ်ဦး၏ ရယ်သံကို ကွန်ပျူတာ၌ နားထောင်ခဲ့ပြီး "ကမ္ဘာတွင် အလှပဆုံး သီချင်းဖြစ်ကြောင်း၊ ယင်းသီချင်းကြောင့် သက်သောင့်သက်သာ အရှိဆုံး ဖြစ်ရကြောင်း" ပြောကြားခဲ့သည်ဟု အောက်တိုဘာ ၂၀ ရက်တွင် သူ၏အဖွဲ့က ရေးသားခဲ့သည်။

ရေထဲသို့ကျမည်ကို အကြောက်ဆုံးဖြစ်ကြောင်း ကူဝေါက ပြောခဲ့ဖူးသည်ဟု ဆင်ဟွာက ဖော်ပြခဲ့သည်။ ကူဝေါသည် မည်ကဲ့သို့ ပျောက်ဆုံးသွားရသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Ref : AFP
Eleven Media Group
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.