လူဦးရေတစ်သောင်းကျော်ကို ဧရာဝတီတိုင်းအစိုး ရ နေရာရွှေ့ပြောင်းပေး


မုန်တိုင်းသတိပေးချက်ကြောင့် လပွတ္တာမြို့ပေါ်ကဘုန်းကြီးကျောင်းတွေကို တိမ်းရှောင်လာသူတချို့ကို အောက်တိုဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ Photo: လပွတ္တာသူ/သားများဆုံဆည်းရာ/ Facebook
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ၊ မော်လမြိုင်ကျွန်းနဲ့ ဟိုင်းကြီးကျွန်းမြို့တွေက လူဦးရေ တစ်သောင်းကျော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က Cyclone Shelter လို့ခေါ်တဲ့ မုန်တိုင်းဒဏ်ခံနိုင်တဲ့ အဆောက်အဦးတွေနဲ့ ကုန်းမြင့်တဲ့ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့နေရာချထားပေးနေပါတယ်။

မုန်တိုင်းဝင်ရောက်မယ်လို့ ခန့်မှန်းထားတဲ့ နေရာတွေဖြစ်တဲ့ လပွတ္တာမြို့နယ်က လူဦးရေ ၄ ထောင်ကျော် ၊ မော်လမြိုင်ကျွန်းက လူဦးရေ ၅ထောင်နီးပါးနဲ့ ဟိုင်းကြီးကျွန်းက လူဦးရေ တစ်ထောင်ကျော်တို့ ကို ပြောင်းရွှေ့ပေးနေတာ ဖြစ်ပါတယ်။

မုန်တိုင်းဝင်ရောက်လာရင် စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေဖို့အတွက် ဟိုင်းကြီးကျွန်းကို ဆန်အိတ် ၁၀၀ ကျော် ဒီနေ့ ပို့ဆောင်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု လက်မှုနဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

မုန်တိုင်းကြောင့် ဧရာဝတီတိုင်းအတွင်းက စာသင်ကျောင်းပေါင်း လေးထောင်ကျော်ကိုလည်း ပိတ်ထားတယ်လို့ သိရပါတယ်။

မုန်တိုင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲခရိုင်တို့မှာ ဒီရေဟာ (၇)ပေကနေ (၁၀)ပေအထိ မြင့်တက်နိုင်တယ်လို့ သတိပေးကြေငြာထားတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.