DNA ဆေးစစ်ချက်အပြီး ထိုင်းအိမ်ယာမဲ့  လေးဦးအား ဆက်တိုက်သတ်ခဲ့သူမှာ မြန်မာနိုင်ငံသား ဂျင်မီ ဖြစ်ကြောင်း ရဲအတည်ပြု


၁၁-၁၀-၂၀၁၆

ဘန်ကောက်မြို့  ပထုံဌာနီ အတွင်း ကျတူးကျတ်နယ်မြေ လတ်ဖလောဝ့်နဲ့ ဖဟွန်ရိုထင်းလမ်းဆုံ တံတားအောက်တွေမှာ နေထိုင်နေကြသူ အမှိုက်ကောက် သမား (၄) ဦး (အမျိုးသမီးနှစ်ဦးပါ) ဆက်တိုက်အသတ်ခံရမှုနဲ့  ဖမ်းဆီး ထားတဲ့ တရားခံ ဂျင်မီ အသက် (၂၀)ဟာအမှန်တကယ်သတ်ခဲ့ တာဖြစ်ကြောင်း ဒုရဲချုပ်ChalermkiatSriWannaချလန်ကရက်စီရီဝမ်နာကအတည်ပြုပြော
ဆိုခဲ့ပါတယ်။

သက်သေထွက်ဆိုချက်တွေနဲ့ တရားခံရဲ့  DNA ကို စစ်ဆေးခဲ့ပြီး တဲ့နောက် သေဆုံးသူ ထိုင်းနို်င်ငံသားတွေရဲ့  သွေးစတွေ ဂျင်မီဝတ်ထားတဲ့ အ၀တ်အစားတွေမှာ တွေ့ ရကြောင်းဖေါ်ထုတ်တွေ့ ရှိခဲ့ပါတယ်။


သူဟာ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့  ကနေ၀င်ရောက်လာကြောင်း ထွက် ဆိုခဲ့သူဂျက်မီ ဟာ စက်ဘီးတစ်စီးနဲ့  ဘန်ကောက်မြို့ နယ်အတွင်းအမှိုက် လိုက်ကောက်နေသူဖြစ်ပါတယ်။

သူနဲ့  ရင်းနှီးတဲ့ အိမ်ယာမဲ့  အမှိုက်ကောက်နေသူတွေကို အရက်အတူသောက်ခဲ့ကြတယ်၊ ညပိုင်း အိပ်နေချိန်မှာ လက်ပြန်ကြိုးတုတ်ပြီး အုပ်ခဲနဲ့ ထု၊ ဓါးနဲ ထိုးသတ်သွားခဲ့တာပါ။

အဓိကမျက်မြင် သက်သေဟာ ထိုင်းနိုင်ငံသား မိန်းမလျာ (အခြောက်) တစ်ဦးဖြစ်ပါတယ်။ လူသတ်မှုဖြစ်ပွားနေတဲ့ ရက်ပိုင်းတွေအတွင်းမှာ သူနဲ့ လိင်ဆက် ဆံဘို့  ငြင်းခဲ့လို့  ဂျင်မီက ရိုက်နှက်မလို့  လုပ်ခဲ့တာကို ထွက်ပြေးခဲ့ရသူဟာ ရဲစခန်းမှာ သက်သေအဖြစ် လာရောက်ထွက်ဆိုသွားခဲ့ပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ နေရာက CCTV မှတ်တမ်းမှာ စက်ဘီးနဲ့  ထွက်သွားတဲ့ ဂျင်မီ ကို စတွေ့ ခဲ့ပြီး ရှာဖွေဖမ်းဆီးနိုင်ခဲ့ပါတယ်။

khaosod.
Social Action for Women - SAW
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.