Galaxy Note 7 ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် Samsung မှပေးလျော်သွားမည်မဟုတ်

Samsung ဟာ သုံးစွဲသူတွေလက်ထဲမှာ ကျန်ရှိနေသေးတဲ့ Galaxy Note 7 အားလုံးကို သိမ်းဆည်းဖို့ တော်တော်လေးကြိုးစားခဲ့ရပါတယ်။ ဒါပေမဲ့လည်း များစွာသောသုံးစွဲသူတွေဟာ ကုမ္ပဏီရဲ့သတိပေးချက်ကို ငြင်းဆန်ပြီး ဆက်လက်သုံးစွဲနေခဲ့ကြပါတယ်။

ဖုန်းပေါက်ကွဲခဲ့သူတွေနဲ့ သူတို့ရဲ့ပစ္စည်းတွေကိုပါ ထိခိုက်ပျက်စီးသူတွေရဲ့စကားသံကို နားထောင်ကြည့်ပြီး သင့်ရဲ့ Galaxy Note 7 ကို ပြန်ပေးလိုက်ရအောင်ပါ။ ပိုဆိုးတာကတော့ Samsung ဟာ Galaxy Note 7 ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ပေးလျော်သွားမှာမဟုတ်တာပါပဲ။

သူတို့ရဲ့ စမတ်ဖုန်းတွေ မီးလောင်ပြီး အမျိုးမျိုးသော ထိခိုက်ပျက်စီးမှုတွေနဲ့ ကြုံလာပြီးနောက်မှာ အနည်းဆုံးတော့ ဖုန်းပိုင်ရှင်သုံးယောက်လောက်ဟာ ပြန်လာပေးခဲ့ပါတယ်။

Marion, Illinois မှာနေထိုင်တဲ့ John Barwick ဟာ သူအိပ်ပျော်နေစဉ်မှာ ညကြည့်စားပွဲဘေးမှာထားထားတဲ့ သူ့ဇနီးရဲ့ Galaxy Note 7 က ရုတ်တရက်ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့်ဆုံးရှုံးမှုဟာ ဒေါ်လာ ၉,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
“ပထမဆုံးအနေနဲ့ အိမ်ကိုမီးမစွဲအောင် လုပ်ခဲ့ပါတယ်။ မီးက ညကြည့်စားပွဲကိုစွဲသွားပြီး အိပ်ယာတွေ၊ မွေ့ရာတွေ၊ ခန်းဆီးတွေနဲ့ ကော်ဇောတွေအပြင် ကြမ်းခင်းတွေကိုပါ ဓာတုပစ္စည်းတွေ ပြန့်ကျဲကုန်ပါတယ်။”

သူဟာ Samsung ကို ချက်ချင်းဖုန်းခေါ်ခဲ့ပေမယ့် သူတို့ကတော့ ၂၄နာရီအတွင်း ပြန်ဆက်သွယ်လိုက်ပါ့မယ်လို့သာ ပြောခဲ့ပါတယ်။ တောင်ကိုရီးယားကုမ္ပဏီဆီက ဖုန်းမလာတဲ့အတွက် သူဟာ နောက်တစ်ကြိမ်ထပ်ဆက်ပါတယ်။ ဒါပေမဲ့ သူ့ကို ပြန်မဆက်သွယ်ခဲ့ပြန်ပါဘူး။

နောက်ဆုံးမှာတော့ Barwick ဟာ Samsungဆီက ဖုန်းလက်ခံရရှိခဲ့ပါတယ်။ Samsung ရဲ့ မီးနဲ့ရေကြောင်းအာမခံဆီကို လွှဲပေးလိုက်တဲ့ဖုန်း ဖြစ်ပါတယ်။

“သူတို့ပြောတာကတော့ ထိခိုက်ပျက်စီးသွားမှုအားလုံးတန်ဖိုးကို သူတို့ပေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့က ကော်ဇောအစားထိုးလဲလှယ်ဖို့နဲ့ ပျက်စီးသွားတဲ့ပစ္စည်းတွေကိုလဲဖို့ တောင်းဆိုခဲ့တာပါ။ ကျွန်တော်တို့ ပုံတွေကိုလည်း ပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့ Samsung ရဲ့ ဦးစားပေးက ဖုန်းကိုပြန်သိမ်းဖို့လို့ ထင်ပါတယ်။”
Wesley Hartzog ကတော့ သူ့ရဲ့ Galaxy Note 7 ကို ဂိုဒေါင်ထဲက နံရံရဲ့ပလပ်ပေါက်မှာ အားသွင်းထားခဲ့ပြီး လူမရှိတဲ့အချိန်မှာ အိမ်ကိုမီးလောင်ခဲ့တာဖြစ်ပါတယ်။ မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး air compressor ကိုလည်း တစ်ပေါက်တည်းမှာ တပ်ထားလို့ဖြစ်တယ်လို့ ယူဆထားပါတယ်။

အဲဒီနောက်မှာ တစ်လကြာတဲ့အထိ Samsung နဲ့ ဆွေးနွေးခဲ့ပါတယ်။ သူ့မိသားစုအတွက် ယာယီကွန်ဒိုလေးတစ်လုံး ရရှိခဲ့ပါတယ်။ သူ့အနေနဲ့ Samsungရဲ့ အပြုအမူတွေကို မကျေနပ်ဘူးလို့ ပြောပါတယ်။

“ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော့်အိမ်ကိုပြန်ရတာဖြစ်ဖြစ်၊ စုံစမ်းမှုကိုမြန်မြန်ပြီးအောင်ကူညီတာဖြစ်ဖြစ် အဲဒီလိုအကူအညီဖြစ်မဲ့အရာမျိုးကိုလုပ်ပေးမယ်လို့ မျှော်လင့်ခဲ့တာပါ”
အလားတူဖြစ်ရပ်မျိုးကို Richmond, Virginia မှာနေထိုင်တဲ့ Shawn Minterလည်း ကြုံခဲ့ရပါတယ်။ တောင်ကိုရီးယားကုမ္ပဏီဟာ လာရောက်စုံစမ်းမယ်လို့ ပြောပြီး ရောက်မလာခဲ့ပါဘူး။

“သူတို့စိတ်ဝင်စားတာက ဖုန်းကိုပြန်သိမ်းဖို့ပါပဲ။ စားသုံးသူလုံခြုံရေးကော်မရှင်ကို ဖုန်းကိုပေးလိုက်မယ်လို့ပြောတော့ သူတို့ကပြန်ပြီး ဒေါသထွက်ခဲ့ပါသေးတယ်”
နိုဝင်ဘာ ၂၁ ရက်နေ့တွင် မန္တလေးမြို့မှာ မိုဘိုင်းဖုန်းပြုပြင်ရေးတန်းခွဲသစ်များဖွင့်လှစ်ပါမည် ။ တက်ရောက်လိုသူများ ဖုန်းနံပါတ် 0991033134 , 09797248488 သို့ဆက်သွယ်စာရင်းပေးနိုင်ပါပြီ ။

ဒီတော့ Galaxy Note 7 နဲ့ပတ်သတ်ပြီး တောင်းဆိုမှုတွေကို Samsungက ဘယ်လိုတုံ့ပြန်ခဲ့သလဲဆိုတာကို မြင်တွေ့ခဲ့ရတာပါ။ Galaxy Note 7 ကို သစ္စာရှိရှိဆက်သုံးပြီး အခုလိုပြုမူခံရမှာ တန်သလားဆိုတာကိုတော့ ကိုယ့်ဘာသာ မေးမြန်းစမ်းစစ်ကြည့်ပါ။

Aung Phyo Oo (Myanmar Mobile App)
http://www.myanmarmobileapp.com/2016/10/21/galaxy-note-7-%E1%80%B1%E1%80%95%E1%80%AB%E1%80%80%E1%80%B9%E1%80%80%E1%80%BC%E1%80%B2%E1%80%99%E1%82%88%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B7%E1%80%B9-%E1%80%95%E1%80%BA%E1%80%80/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.