iPhone 7 မီးလောင်​ပြီး ကားပျက်​စီးသွားမှုအ​ပေါ် Apple မှစုံစမ်းစစ်​​ဆေး

7 News ပြည်တွင်းသတင်းအရ သြစတေးလျလူမျိုး လှိုင်းစီး(surfing) နည်းပြ Mat Jones ဟာ သူ့ရဲ့ iPhone 7 ကို ကားထဲကအဝတ်တွေအောက်မှာ ထားခဲ့ပါတယ်။ကားဆီပြန်လာတဲ့အချိန်မှာတစ်ကားလုံးမီးခိုးတွေပြည့်နေပြီး ဖုန်းထားခဲ့တဲ့နေရာမှာပဲ မီးလောင်နေခဲ့တာပါ။ သင်တန်းသွားမပေးခင်က iPhone 7 ကို ကယအတွင်းဝတ်တွေနဲ့ ထုပ်ထားခဲ့ပြီး ပြန်လာတော့ အဝတ်တွေပါမီးလောင်နေခဲ့ပါတယ်လို့ Fortune ကဖြည့်စွက်ပြောကြားခဲ့ပါတယ်။ Samsung Galaxy Note 7 လိုပဲ iPhone 7 မှာ အပူလွန်ကဲမှုပြဿနာဖြစ်နိုင်လား?

Mat Jones ကတော့ iPhone 7 ကို လွန်ခဲ့တဲ့တပတ်ကဝယ်ယူခဲ့ပြီး ပြုတ်မကျဖူးသလို တခြားအားသွင်းကြိုးနဲ့လဲမသွင်းခဲ့ဖူးပါဘူးလို့ဆိုပါတယ်။ လောင်ကျွမ်းပျက်စီးသွားပြီး ကျန်ခဲ့တဲ့အပိုင်းတွေရဲ့ ပုံတွေ ဗွီဒီယိုတွေကို ဝေမျှခဲ့ပါတယ်။

“အတွင်းဝတ်တွေထဲက ပြာတွေမီးခိုးတွေထွက်လာလို့ ဖယ်ကြည့်လိုက်တော့ ဖုန်းကအထဲမှာ အရည်တောင်ပျော်နေပါပြီ” လို့ 7 News ကိုပြောခဲ့ပါတယ်။ Apple က Jones နဲ့တွေ့ဆုံပြီး စုံစမ်းမေးမြန်းမှုတွေလုပ်ခဲ့တယ်လို့ Apple ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောကြားခဲ့ပါတယ်။

ဒီ Lithium-ion ဘက်ထရီနည်းပညာက အပူလွန်တာမဖြစ်နိုင်ပါဘူး။ သြစတေးလျမှာ အပူချိန်အရမ်းမြင့်တာဖြစ်နိုင်ပြီး နေအပူက ကားအတွင်းပိုင်းပလတ်စတစ်ပစ္စည်းတွေကို အရည်ပျော်စေနိုင်ပါတယ်။ ဖုန်းကိုကားထဲထားခဲ့တဲ့အတွက် အရမ်းပူပြီး မီးလောင်သွားတာဖြစ်နိုင်ပါတယ်။
9to5Mac’s Ben Lovejoy ကတော့ “လွန်ခဲ့တဲ့နှစ်တွေထဲက iPhone တွေမီးလောင်တာဟာ မထူးဆန်းပါဘူး။ ဒီ Lithium ဘက်ထရီတွေ ရဲ့ ပျက်စီးနိုင်မှုနှုန်းက တစ်သန်းမှာ တစ်လုံးလောက်ပဲဖြစ်နိုင်ပါတယ်။ ဒါကြောင့် သန်းတစ်ရာမှာဆို အလုံးတစ်ရာလောက် ဖြစ်နိုင်မယ်လို့ မှန်းလို့ရပါတယ်။ ဒါဟာ တစ်ခုခုမှာပြဿနာရှိနေတယ်လို့ တော့ ဆိုလို့မရတော့ပါဘူး။” လို့ ဆိုခဲ့ပါတယ်။

နှိုင်းယှဉ်ကြည့်ရင် Note 7 က တင်ပို့ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ အလုံးရေငါးသန်းမှာ ၉၄ လုံး လောက်ကျွမ်းခဲ့ပြီးဖြစ်ပါတယ်။ Note 7 ရပ်ဆိုင်းလိုက်ရမှုနဲ့ လောင်ကျွမ်းမှုကို သမ္မတ အိုဘာမားက မိန့်ခွန်းမှာ ထည့်သွင်းနှိုင်းယှဉ်ပြခဲ့ပါတယ်။ ဥပဒေတစ်ခုမှာ ချို့ယွင်းချက်ရှိနေရင် ဖယ်ထုတ်တာထက် ပြင်ဆင်ဖို့ ပြောဆိုရင်း samsung ကို ဥပမာပေးခဲ့တာပါ။

မီးလောင်တဲ့အခါဈေးကွက်ကနေဖယ်လိုက်ပြီးပြန်လည်းအသုံးမပြုတော့ဘူးဆိုတာမျိုးမဖြစ်သင့်ပါဘူး။ အဲ့လိုပဲ ဥပဒေမှာအခြေခံစည်းမျဉ်းတွေကို ထပ်ထည့်သွင်းရမှာပါ။ အရင်တုန်းက အခြေအနေကို နောက်ပြန်ဆွဲနေမှာမဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
သင်တို့ဆိုရင်ရော ဘယ်လိုလုပ်ဖို့ စိတ်ကူးရှိပါသလဲ?
Nwe Oo Thant (Myanmar Mobile App)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.