မယောင်ရာ ဆီလူး Job Passportနဲ့ Visit Passportခွဲခြား



Job Passport လျှောက်ဖို့ ထုတ်ပြန်တဲ့ စာတဲ့။

စာထဲပါတဲ့ အကြောင်းပြချက်က ... Visa သက်တမ်းတိုးရ ခက်မှာစိုးလို့၊ အလုပ်သွားလုပ်သူနဲ့ အလည်သွားသူ ခွဲခြားစီစစ်ရတာ ခက်လို့ .. အလုပ်သွားလုပ်သူက Job Passport အလည်သွားသူက Visit Passport လျှောက်ဆိုတာမျိုး ရေးထားတယ်။

စာထုတ်သူဟာ Visa သက်တမ်းတိုးရာမှာ ကြုံရတဲ့ အခက်အခဲက ဘာလဲ ဆိုတာကို သေချာ နားလည်ပုံလည်း မရဘူး။ တဖက်နိုင်ငံက ဗီဇာသက်တမ်း တိုးပေးတယ် ဆိုတာက သူ့နိုင်ငံမှာ “ဘာကြောင့်ဆက်လက်နေထိုင်ခွင့်ပေးသင့်သလဲ“ ဆိုတာကိုပဲ ကြည့်တယ်။ ဘာပစ်စပို့ ကိုင်လာသလဲ ဆိုတာကို စိတ်မဝင်စားဘူးဆိုတာကို နားလည်ပုံမရဘူး။ မြန်မာနိုင်ငံက လက်ယားလို့ Job Passport၊ Visit Passport ခွဲခြားတာကို သူ့နိုင်ငံဗီဇာ သက်တမ်းတိုးခွင့်မှာ ထည့်ကို မစဉ်းစားဘူး။

အလည်သွားသွား၊ အလုပ်သွားလုပ်လုပ် နှစ်ခုလုံးဟာ အပြောင်းအလဲ ဖြစ်နိုင်တယ်။ ဥပမာ အလည်သွားရင်း အလုပ်ရလို့ လုပ်ချင်လုပ်မယ်။ ဒါကို တဖက်နိုင်ငံက ခွင့်ပြုရင် ပြီးတာပဲ။ အလုပ်သွားလုပ်ဖို့ သွားရင်း မလုပ်ချင်တော့လို့ အလည်ထွက်ပြီး ပြန်လာတော့ရော ဘာဖြစ်သလဲ။ ဒါဆို အလုပ်သွားလုပ်ဖို့ Job Passport နဲ့ ထွက်လာသူက .. အလုပ်သွားလုပ်တဲ့ နိုင်ငံကနေ ခွင့်ရလို့ အခြားနိုင်ငံနောက်တစ်ခုကို holiday အလည်ထွက်ခွင့် မရှိဘူးလား။

မယောင်ရာ ဆီလူးပြီးတော့ .. အမျိုးအစား ခွဲခြားနေသေးတယ်။

.. နောက်တစ်ခုက အလုပ်သွားလုပ်သူ၊ အလည်ထွက်သူ ခွဲခြား စီစစ်ရခက်လို့ ဆိုတော့ ... သူ့ဘာသာ နိုင်ငံခြားသွားတာ ... ဘာကို စီစစ်ချင်နေတာလဲ။ ဘာအတွက် စီစစ်ချင်ရတာလဲ။ အေဂျင်စီတွေက လိမ်ကြလို့လား။ လိမ်ရင် လိမ်တဲ့ အေဂျင်စီကို ဖေါ်ထုတ် အရေးယူလေ။

ခရီးသွားသူတွေဖြစ်တဲ့ မြန်မာတနိုင်ငံသားလုံးကို အခုလို ဒုက္ခမပေးသင့်ဘူး။

.. နိုင်ငံခြား အလုပ်သွားလုပ်သူတွေကို ကူဖို့လား။ ရီစရာ သိပ်မပြောပါနဲ့။ သံရုံးကနေ မြန်မာနိုင်ငံသားတွေကို ကူညီတယ် ဆိုတာ ... ဒီဘက်နှစ်ပိုင်းရောက်မှ .. မလွှဲရှောင်သာ ကိစ္စလောက်၊ .... အများက ပြောလွန်းမက ပြောမှသာ ဝင်ကူတာ။ ကျန်အချိန် မြန်မာနိုင်ငံသားတွေဆီက ဘယ်လို “ဂွင်ရှာရမလဲ“ ဆိုတာသာ တွေးပြီး လုပ်ကိုင်နေတာ အားလုံးလည်း အသိ။ အခုအထိလည်း ဒီအကျင့်အတိုင်းပဲ။

အစိုးရသစ် အနေနဲ့ ... အခုလို မယောင်ရာ ဆီလူး ... ပြည်သူတွေကို အလုပ်မရှုပ် ရှုပ်အောင်လုပ်ဖို့ .. ခွဲခြား သတ်မှတ်နေတဲ့ Job Passport .. Visit Passport ဆိုတာကြီးကို ... မရှိသင့်တာကြောင့် ဖျက်သိမ်းဖို့ လိုအပ်အောင်း အကြံပြု တောင်းဆိုပါတယ်။

ကိုထိုက်
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.