MDCF က ကိုထင်ကျော် ဖမ်းဆီးခံရ



ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို တွေ့ရစဉ်
ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းက ပုဒ်မ ၅၀၅(က) အကြည်ညိုပျက်အောင်လုပ်ဆောင်မှုနဲ့ ဒီကနေ့ ညနေမှာ ဖမ်းဆီးလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က မြောက်ဥက္ကလာပတရားရုံးရှေ့မှာ ပြောခဲ့တဲ့ စကားကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ကိုထင်ကျော်က ပြောပါတယ်။

လွန်ခဲ့တဲ့၂၀၁၃ ခုနှစ်က နန်းထိုက်တော်ဝင် စားသောက်ဆိုင်ပိုင်ရှင် ဦးအိုက်လင်းကို ကိုထင်ကျော်က တရားစွဲဆိုထားအမှုကို မြောက်ဥက္ကလာပမြို့နယ်တရားရုံးက အမှုပိတ်သိမ်းခိုင်းတဲ့အတွက် ကိုထင်ကျော်က တရားရုံးရှေ့မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကိုထင်ကျော်ကို တရားစွဲဆိုသူဟာ စစ်ဦးစီးချုပ်ရုံးက ဒုတိယဗိုလ်မှူးကြီးတယောက်ဖြစ်ပြီး မနက်ဖြန် ၂၇ ရက်နေ့ မှာ ရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
Labels:

Post a Comment

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.