ရခိုင်ပြည်နယ်အရေး စိုးရိမ်ကြောင်း OIC ပြောဆို


( အစိုးရတပ်သားတချို့ကို အောက်တိုဘာလ ၁၀ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့မှာ တွေ့ရစဉ် )
Photo: Khaing Htoo Mrat

အစ္စလာမ်ဘာသာဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စိုးရိမ်ပူပန်ကြောင်း အောက်တိုဘာ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ဖေါ်ပြောကြား လိုက်ပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့က မောင်တောဒေသမှာ မြန်မာရဲတပ်ဖွဲ့စခန်းတွေကို သောင်းကျန်းသူတွေ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အစိုးရနဲ့ သောင်းကျန်းသူအများအပြား သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေနဲ့ အညီ အရေးယူဖို့ OIC ကတောင်းဆိုကြောင်း အဲဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောမြို့နယ်နဲ့ တဝိုက်မှာ ရိုဟင်ဂျာမွတ်စလင်တွေ ဥပဒေမဲ့ သတ်ဖြတ်ခံနေရပြီး၊ သူတို့ အိုးအိမ်တွေမီးရှို့ခံရသလို အဓမ္မဖမ်းဆီးမှုတွေ ပေါ်ပေါက်နေတယ်ဆိုတဲ့ သတင်းတွေကို ရရှိထားကြောင်းနဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ကျေးရွာတွေက ထွက်ပြေးပြီး အစာရေစာ အခက်ကြုံနေရကြောင်းလည်း OIC က ပြောပါတယ်။

ဒါ့အပြင် OIC အတွင်းရေးမှူးချုပ် Madani မဒါးနီ က ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်သူအားလုံး အကြမ်းဖက်မှုတွေကို ရှောင်ကျဉ်ပြီး စိတ်ရှည်သည်းခံကြဖို့၊ မြန်မာအစိုးရအနေနဲ့လည်း အဲဒီဒေသ မှာရှိတဲ့ ရိုဟင်ဂျာတွေကို အပြည့်အဝ အကာအကွယ်ပေးဖို့နဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့သာ ပြဿနာတွေကို အဖြေရှာဖို့ တိုက်တွန်းကြောင်း စသဖြင့် ဆော်ဒီ အာရေးဗီးယားနိုင်ငံဂျက်ဒါမြို့ကလာတဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.