ဝါဒဖြန့်ဗီဒီယိုအတုဖန်တီးရန် ယူကေ PR ကုမ္ပဏီသို့ ပင်တဂွန်က ဒေါ်လာသန်းငါးရာပေးငှားရမ်းခဲ့


အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်သည် အီရတ်နိုင်ငံတွင် လျှို့ဝှက်ဝါဒဖြန့်တိုက်ပွဲအဖြစ် အကြမ်းဖက်သမား ဗီဒီယိုအတုများ ဖန်တီးပေးရန် ဒေါ်လာသန်း ၅၀၀ အကုန်အကျခံကာ ယူနိုက်တက်ကင်းဒမ်းမှ PR ကုမ္ပဏီကို စေခိုင်းခဲ့ကြောင်း စူးစမ်းလေ့လာသော စာနယ်ဇင်းဗျူရိုက ထုတ်ဖော်ပြသခဲ့သည်။ ဗြိတိန်နိုင်ငံမှ PR ကုမ္ပဏီဖြစ်သည့် ဘဲလ်ပေါ့တင်ဂါ (Bell Pottinger) ကုမ္ပဏီသည် ဆော်ဒီအစိုးရနှင့် ချီလီအာဏာရှင်သြဂုက်စတိုပီနိုချေ၏ဖောင်ဒေးရှင်းအပါအ၀င် အငြင်းပွားစရာ ဖောက်သည်များရှိသော ကုမ္ပဏီဖြစ်ပြီး အမေရိကန်စစ်တပ်၏ လျှို့ဝှက်စစ်ဆင်ရေးများအတွက် ၀ါဒဖြန့်လုပ်ငန်းများကို လုပ်ကိုင်ပေးခဲ့သည်။

ယင်းကုမ္ပဏီသည် စီအိုင်အေ၊ အမျိုးသားလုံခြုံရေးကောင်စီနှင့် ပင်တဂွန်တို့အတွက် အယ်ကေဒါများနှင့် အယ်ကေးဒါးလိုလားသူများကို အဆိုးမြင်ရှုထောင့်မှနေ၍ ပုံဖော်ပေးရန် စီမံချက်များ တင်ပြရသည်။ အိမ်ဖြူတော်နှင့် ဗိုလ်ချုပ်ကြီး ဒေးဗစ်ပက်ထရိယော့စ်တို့က ယင်းအေဂျင်စီ၏ စီမံချက်ပါ အကြောင်းအရာများကို အတည်ပြုပေးရသည်။ အဆိုပါကုမ္ပဏီ၏ ၀ါဒဖြန့်ချိရေးလုပ်ငန်းများသည် အမေရိကန်က အီရတ်နိုင်ငံကို ကျူးကျော်ခဲ့ပြီးနောက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ဒီမိုကရေစီရွေးကောက်ပွဲများပြန့်ပွားစေရေးအ ကြောင်းပြပြီး စိတ်ဓာတ်စစ်ဆင်ရေးနှင့် ပြန်ကြားရေးစစ်ဆင်မှုတို့ကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါကုမ္ပဏီမှဝန်ထမ်းဟောင်းဖြစ်သူ ဟာတင်ဝဲလ်က ဘဲလ်ပေါ့တင်ဂါကုမ္ပဏီက ၄င်းကို အီရတ်နိုင်ငံတွင် ဗီဒီယိုအယ်ဒီတာအဖြစ်တာဝန်ထမ်းဆောင်ရန် ငှားရမ်းစေခိုင်းခဲ့ကြောင်း၊ အီရတ်ရောက်ရှိပြီး ၄၈ နာရီအကြာတွင် ၄င်းက ဗစ်ထရီစစ်စခန်း၌ လျှို့စိတ်ဓာတ်စစ်ဆင်ရေးဗီဒီယိုများကို တည်းဖြတ်ခဲ့ရကြောင်း စာနယ်ဇင်းဗျူရိုကို ပြောပြခဲ့သည်။ ယင်းကုမ္ပဏီက အယ်ကေဒါများ၏ ဆိုးသွမ်းသော ပုံရိပ်များကို ထင်ဟပ်ထားသည့်ကြော်ငြာများ တင်ပြခဲ့ပြီး၊ ယင်းဗီဒီယိုပုံရိပ်များသည် အာရပ်ရုပ်သံမှ လွှင့်ထုတ်သည့် ပုံစံမျိုးဖြစ်အောင် ဖန်တီးခဲ့သည်ဟုဆိုသည်။

အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က အဆိုပါ ဗြိတိန် PR ကုမ္ပဏီနှင့် စိတ်ဓာတ်စစ်ဆင်ရေး သတင်းပြန်ကြားမှု လုပ်ငန်းများ လုပ်ကိုင်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ပြင်ပကုမ္ပဏီတခုနှင့်ယင်းကဲ့သို့ ပြည်သူလူထုကို အမြင်မှားစေရန ၀ါဒဖြန့်လုပ်ကိုင်မှုကို အမေရိကန်အစိုးရအနေနှင့် လုပ်ကိုင်ခြင်းမပြုရန် အမေရိကန်ဥပဒေက တားမြစ်ထားသည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ယင်းလုပ်ငန်းအတွက် ပင်တဂွန်က ဘဲလ်ပေါ့တင်ဂါကုမ္ပ ဏီကို ဒေါ်လာသန်း ၄၅၀ ပေးခဲ့ရသည်ဟု ဆိုသည်။

ထွဋ်ဝင်းထွဋ်
Ref; RT

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.