လက်နက်ခဲယမ်းများနှင့် အကြမ်းဖက်သမားတစ်ဦးဖမ်းဆီးရမိပြီး ၊ RSO တံဆိပ်ပါ အလံ ၊ လည်စီး များ သိမ်းဆည်းရမိ


တပ်မတော်စစ်ကြောင်းများက ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူတစ်ဦး၊ သေနတ်တစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

နေပြည်တော်၊ အောက်တိုဘာ ၁၃

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် တပ်မတော် စစ်ကြောင်းများက ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လျက်ရှိရာ အောက်တိုဘာ ၁၂ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် မောင်တောမြို့နယ်၊ ၀ါးပိတ်ကျေးရွာ၏ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာရှိ တောင်ကုန်း၌ ကျီးကန်းပြင်အုပ်စု၊ ၀ါးပိတ်ကျေးရွာနေ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ဖော်ဆော်လာမောက်(ဘ) ဖွေဘာမောက်အား ဖမ်းဆီးရမိခဲ့သည်။


ယနေ့နံနက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းက အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ အောက်တိုဘာ ၁၂ ရက်တွင် မီးရှို့ဖျက်ဆီးသွားခဲ့သည့် ၀ါးပိတ်ကျေးရွာအတွင်းအသေး စိတ်ထပ်မံရှင်းလင်းရာ မီးလောင်ထားသည့် MA-11 အမျိုးအစားသေနတ်တစ်လက်၊ ကျည်အိမ်မျိုးစုံ ၁၁ ခု၊ ကျည်မျိုးစုံ ၁၅၁၀ တောင့်၊ ပြောက်ကျားယူနီဖောင်းတစ်စုံ၊ RSO အလံ ၂၄ ခုနှင့် RSO တံဆိပ်ပါ လည်စီး ၄၀ ခုနှင့် ဓားရှည်တစ်ချောင်းတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

Myanmar President Office
https://www.facebook.com/myanmarpresidentoffice.gov.mm/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.