နောက်ဖေးလမ်းကြားဆိုင်များ ၁ပတ်အတွင်းဖယ်ရှားရန် YCDC မှ သတိပေးစာထုတ်ပြန်


ရန်ကုန်မြို့တွင်း နောက်ဖေးလမ်းကြားရှိ ဆိုင်ခန်းများအား ၁ ပတ်အတွင်း ဖယ်ရှားပေးရမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆောက်အအုံဌာနမှ အောက်တိုဘာ ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ထားသည်။

ယင်းကြေညာချက်တွင် နောက်ဖေးလမ်းကြားရှိ ဆိုင်များ ကျူးကျော်ဆောက်လုပ်ထားသည်ကို အောက်တိုဘာ ၁၁ ရက်က စစ်ဆေးတွေ့ရှိရသဖြင့် အောက်တိုဘာ ၁၇ ရက်နောက်ဆုံးထား၍ ဖျက်သိမ်းပေးရမည်ဟု ထုတ်ပြန်ထားသည်။ ယင်းကဲ့သို့ ဖျက်သိမ်းရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများဖြင့် အရေးယူသွားမည်ဟု ထုတ်ပြန်ကြေညာချက်တစောင်အား ယင်းဈေးရောင်းသူများထံ ဖြန့်ဝေထားပြီး မည်ကဲ့သို့ အရေးယူမည်ကို ဖော်ပြထားခြင်းမရှိပေ။

ယင်းကြေညာချက်နှင့်ပတ်သက်၍ “ရန်ကုန်မြို့မှာ နေ့စဉ်အများသူငါကို ထိခိုက်နေတာလည်း လမ်းဘေးဈေးသည်ပါ၊ လမ်းဘေးဈေးသည်ကို မကိုင်တွယ်ရဲဘဲ လမ်းကြားဈေးရောင်းသူကို ဖယ်ခိုင်းတာ သဘာဝမကျဘူး၊ အရင်ခေတ်တွေကဆို ဒီလိုတင်းတင်းကြပ်ကြပ် မလုပ်ဘူးမရှိလို့ လုပ်စားတဲ့ အခြေခံလူတန်းစားတွေကိုပဲ တခုပြီးတခု ဖိနှိပ်ဖို့ လုပ်နေတယ်”ဟု ကျောက်တံတားမြို့နယ်အတွင်း ထမင်းအသုပ်ရောင်းသည့် လမ်းကြားဈေးဆိုင်ရှင်တဦးက ပြောသည်။

အဆိုပါ နောက်ဖေးလမ်းကြားဈေးဆိုင်အများစုသည် ရောင်းချလာခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာသည့် ဆိုင်များဖြစ်ပြီး အခြေခံလူတန်းစားများ မှီခိုအားထားရသည့် အစားအသောက်များ ရောင်းချသည်ဟု ဆိုသည်။
“ဥပဒေတပြေးညီဖြစ်ရင် အခုဖယ်ဆို ဖယ်ပေးမှာပေါ့၊ အနော်ရထာလမ်းမတလျှောက် လမ်းဘေးဈေးသည်တွေ တရုတ်တန်းက လမ်းဘေးဈေးသည်တွေရှင်နိုင်ရင် ဖယ်ပေးဖို့အသင့်ပဲ” ဟု လက်ဖက်ရည်ဆိုင်ရှင်တဦးက ပြောသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.