နယ်ခြားစောင့်ရဲကင်းစခန်းကို လာတိုက်တဲ့ ဘင်္ဂါလီများအား ပစ်ခတ်တားဆီး ဖမ်းဆီးရမိ


မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲကင်းစခန်းအနီးသို့ ညအချိန် ချဉ်းကပ်လာသည့် ဘင်္ဂါလီများအား ပစ်ခတ်တားဆီး ဖမ်းဆီးရမိခြင်း
နေပြည်တော်၊ နိုဝင်ဘာ ၁၀

မောင်တောမြို့နယ်၊ ကညင်ချောင်းဝကျေးရွာ၊ နယ်မြေ(၆)နယ်ခြားစောင့်ရဲကင်းစခန်းသို့ နိုဝင်ဘာလ ၉ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန်က ဘင်္ဂါလီ(၁၅)ဦးခန့်သည် ဓားများကိုင်ဆောင်ကာ ချဉ်းကပ်လာသဖြင့် တပ်ဖွဲ့ဝင်များက ရပ်တန့်ရန် အော်ဟစ်သတိပေးသော်လည်း ဆက်လက်ချဉ်းကပ် လာသဖြင့် ပစ်ခတ်တားဆီး ခဲ့ရသည်။

 မာမတ်တာလီ(၂၅)နှစ်၊ ဘင်္ဂါလီ/ အစ္စလာမ်(ဖ)ဟာဘေအူလာ၊ ရွှေဓားမြောက် ရွာနေသူတွင် ကျောယာဘက်၌ သေနတ်ရှပ်ထိဒဏ်ရာ (၁)ချက်(မစိုးရိမ်ရ)၊ နိုအာလောင်(၂၀)နှစ်၊ ဘင်္ဂါလီ/အစ္စလာမ်(ဖ)ဟာဘောင်းဂျူဟတ်၊ ရွှေဓားအလယ်ရွာနေထိုင်သူတွင် ဝဲခြေသလုံးကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်(မစိုးရိမ်ရ)ဒဏ်ရာ အသီးသီး ရရှိဖမ်းဆီးမိပြီး ကျန်ဘင်္ဂါလီများမှာ ကပ္ပကောင်းကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

 မာမတ်တာလီ ထံမှ ဓါးရှည်(၁)ချောင်းပါ သိမ်းဆည်းရမိခဲ့သဖြင့် တရားခံများအား ဥပဒေနှင့်အညီ တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်သွားသူများကိုလည်း ဖော်ထုတ် ဖမ်းဆီးရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.