မြန်မာဂုဏ်သိက္ခာတက်မယ့်အရေးလည်းရေးတတ်ကြပါစေ




• ၁၁ရက် ၁၁ လ ၂၀၁၆ ကတော့ ဆယ့်တစ်မီးငြိမ်းတဲ့ အေးငြိမ်းပျော်ရွှင်စရာ အဖြစ်လေးတစ်ရပ်နဲ့ ဂုဏ်သိက္ခာ ပြန်လည်ပိုင်ဆိုင်ရှိမှု အပေါ် ခင်မင်သူမိတ်ဆွေများကြား ကြည်နူးမုဒိတာပွား ဂုဏ်ပြုသံတွေညံခဲ့ပါတယ်။ ( ဒါက မီဒီယာတစ်ခုနဲ့တိုင်းအစိုးရတစ်ရပ်အရေးအမှုကိစ္စတစ်ခု ရဲ့သတင်းအောက်မှာ သိပ်ပေါ်လွင်သင့်သလောက်မပေါ် ခဲ့ဘူးဆိုတဲ့တိုင်ဂုဏ်ယူတတ်သူတွေဂုဏ်ယူခဲ့ကြပါတယ်)

• ဒေါက်တာအံ့ထွန်းမောင် အတွက် …
• ဒေါက်တာအံ့ထွန်းမောင် မိသားစုအတွက် …
• ဒေါက်တာအံ့ထွန်းမောင် နိုင်ငံနဲ့လူမျိုးတို့အတွက်
ဂုဏ်သိက္ခာပြန်လည်ရရှိပေးတဲ့တရားစီရင်ရေးကို
တွေးမိတော့ ကိုယ့်နိုင်ငံတွင်းက မဏ္ဍိုင်လေးရပ်
အထူးသဖြင့်တရားစီရင်ရေးမဏ္ဍိုင်နဲ့ စာနယ်ဇင်း
သတင်းမီဒီယာများ ကိုရည်ညွှန်းတဲ့ စတုတ္ထမဏ္ဍိုင်
တို့ကိုအားမရမိတာတော့ အမှန်ပါဘဲ။ စိတ်လည်း
မကောင်းဖြစ်ရတယ်။

• မှားယွင်းတဲ့တရား စီရင်မှု နဲ့ လွဲမှားတဲ့ သတင်းစာ
မျက်နှာတွေဟာ မသမာသူများအတွက်မှာ လက်ခ
မောင်းခတ်စရာဖြစ်လို့နေပေမဲ့ အေးဆေးစွာနေလို
ကြတဲ့ပြည်သူလူထုဘဝတွေအတွက်မှာ မူးယစ်ရမ်း
ကားသူအရပ်လူမိုက်တွေနဲ့ တစ်ရပ်ထဲမှာ အတူနေ
ရတဲ့ပမာသာယာချမ်းမြေ့မှုကို ခြိမ်းခြောက် နေတဲ့
အတွက်ပါ။ မီဒီယာသမားတွေကို စိတ်နာသွားကြ
သူပြည်သူတွေရဲ့စကားသံ ကြားသိရတဲ့ အခါတိုင်း
မီဒီယာလောကကြီး ဂုဏ်သိက္ခာတက်ရေး ကိုယ်
လည်းဆိုဘာမှမလုပ်ပေးနိုင်တာအရှက်ရမိတယ်။

• အဓိက ဆိုချင်တာကတော့ မနှစ်က ဒေါက်တာ
ကိုအံ့ထွန်းမောင်စွပ်စွဲခံရမှုအပေါ်မှာ မြန်မာပြည်
တွင်းက သတင်းစာမျက်နှာများမှာဇနီးအမည်ကို
မလိုအပ်ပါဘဲ(ဒီနေရာမှာတော့အယူအဆကွဲနိုင်)
ဖေါ်ညွှန်း ရေးသားခဲ့ကြပုံများက ဘယ်သူ တွေ
နှစ်ထောင်း အားရ ရှိစေဖို့ အစွမ်းကုန် ရေးသား
အစွမ်းပြနေခဲ့သလဲလို့ မေးရလောက်အောင်ကို
မီဒီယာလက်သံပြောင်ခဲ့ကြတာ စိတ်မကောင်း
ဖွယ်တွေ့ခဲ့ကြရခြင်းအကြောင်းကိုပါ။

• အခုအခါ အင်္ဂလန်တရား စီရင်မှုက မိသားစုနဲ့
တကွနိုင်ငံအတွက်ဂုဏ်သိက္ခာကိုပါ ပြန်လည်
ပေးလိုက်ပြီဖြစ်လို့ ဒီအရေးကို ဝမ်းသာအားရ
မုဒီတာအပြည့်နဲ့ ပြန်လည် မရေးသားကြပါက
လက်သံပြောင်သလောက်မျက်နှာပြောင်ကြသူ
တွေရယ်လို့ သတင်းမီဒီယာသမားတွေဟာ လူ
ထုကြားမှာ မနှစ်မြို့စရာအဖြစ်နဲ့ ဂုဏ်သိက္ခာ မဲ့
စွာ ညှိုးငယ်နေရတော့မှာကို စိုးရိမ်မိပါတယ်။

ဘာပဲဖြစ်ဖြစ် ဂုဏ်ယူစရာ မိသားစုအတွက် ဂုဏ်ယူကာ
ဒေါက်တာအံ့၊မထားနဲ့သမီးလေးတို့ ထာဝရချမ်းမြေ့ပါစေ
ကြောင်းမေတ္တာပို့သပါတယ်

ချစ်ခင်လေးစားစွာ
ကိုမျိုး(မြန်မာစာ) ၊ ရည်မွန်(ယဉ်ကျေးမှုတက္ကသိုလ်)နဲ့
သမီးလေး violet မြတ်ပန်းဖွေး
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.