ထင်ကြေးနဲ့ အဆိုးကိုမမျှော်ဖို့ လူငယ်တွေကို အိုဘားမားပြော


အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား
 အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက မနေ့ စနေနေ့က လက်တင် အမေရိကနဲ့ ကာရစ်ဘီယံ ဒေသတလွှားက လူငယ် ခေါင်းဆောင် ၁၀၀၀ ကျော်နဲ့ တွေ့ဆုံတာမှာ အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပတ်သက်ပြီး အဆိုးဆုံး အခြေအနေကို ထင်ကြေးနဲ့ မျှော်လင့်မထားကြဖို့ ပြောဆိုခဲ့ပါတယ်။

ပီရူးနိုင်ငံ မြို့တော် Lima မှာ ပြုလုပ်ခဲ့တဲ့ Town-hall ပုံစုံ တွေ့ဆုံပွဲမှာ တက်ရောက်လာတဲ့ လူငယ်တွေက အမေရိကန် သမ္မတ အပြောင်းအလဲ အပေါ် စိုးရိမ်မကင်း မေးမြန်းကြတဲ့ မေးခွန်းတွေကို သမ္မတ အိုဘားမား ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ မျှော်လင့်ချက် မရှိရင် အခြေအနေတွေ ပိုပြီး ကောင်းအောင်လုပ်နိုင်မှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ပြောဆိုပြီး အကောင်းမြင်ကြဖို့ လူငယ်တွေကို တိုက်တွန်းခဲ့ပါတယ်။

ရွေးကောက်ခံ သမ္မတသစ် အပေါ်မှာ ချက်ချင်း ကောက်ချက်မချဘဲ အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းဖို့၊ ဖြေရှင်းရမယ့် အကြောင်းအရာတွေကို သုံးသပ်ဖို့နဲ့ ဘယ်လို မူဝါဒတွေ ချမှတ်ဆောင်ရွက်မလဲဆိုတာကို ဆုံးဖြတ်လုပ်ကိုင်ဖို့ အချိန်ပေးကြဖို့ အရေးကြီးတယ်လို့လည်း သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။

အမေရိကန် သမ္မတနဲ့ တခြား ကမ္ဘာ့ ခေါင်းဆောင်တွေက အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC နှစ်ပတ်လည် ညီလာခံကို တက်ရောက်ဖို့ ပီရူးနိုင်ငံ မြို့တော် လီမားကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ လူငယ်တွေနဲ့ Town Hall ပုံစံ အမေးအဖြေ တွေ့ဆုံမှု အပြီးမှာတော့ အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမားက တရုတ် သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ အမေရိကန် သမ္မတ အိုဘားမားက APEC ခေါင်းဆောင်တွေနဲ့ ထပ်ပြီးတွေ့ဆုံမှာ ဖြစ်ပြီး ၀ါရှင်တန်ကို မပြန်ခင်မှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့လည်း ရှိနေပါတယ်။ တနလာင်္နေ့မှာတော့ သမ္မတ အိုဘားမား ၀ါရှင်တန်ကို ပြန်လည် ရောက်ရှိမှာ ဖြစ်ပါတယ်။
VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.