မြန်မာဇာတ်လမ်းတွေမှာ မပီပြင်တဲ့ ကွန်ပျူတာ ပြုလုပ်ချက်တွေပရိသတ် စိတ်ပျက်လာ


ရန်ကုန်၊ နိုဝင်ဘာ ၉ – မြန်မာ့ရုပ်ရှင်ဇာတ်လမ်းမှာ ကွန်ပျူတာနဲ့ ဖန်တီးလုပ်ဆောင် ချက်တွေဟာ ပီပီပြင်ပြင်မရှိဘဲ အရည်အသွေးတွေမကောင်းတာကြောင့် ကြည့်ရှုသူ ပရိသတ်တွေ စိတ်ပျက်စရာဖြစ်လာတယ်လို့ သိရပါတယ်။

ကြည့်တဲ့သူက effect တွေ မပီပြင်တော့ တန်းသိတယ်၊ တိုက်ပေါ်က ကျတဲ့အခန်းဆို နိုင်ငံခြားကားထဲက ဇာတ်ဝင်ခန်းတစ်ခုကို ဖြတ်ထည့်လိုက်တာပဲ၊ အရမ်းအပေါစားဆန် တယ်၊ ပရိသတ်ကို မလေးစားဘူးလို့ လူငယ်ပရိသတ်ဖြစ်သူ နည်းပညာ တက္ကသိုလ်ကျောင်းသားကိုရှိုင်းထက်အောင်က ပြောပါတယ်။


ရုပ်ရှင်ဇာတ်ကား ကောင်းတစ်ခုဖြစ်ဖို့ နည်းပညာအသုံးချနိုင်မှုကမရှိမဖြစ် အခန်းကဏ္ဍ မှာပါဝင်ခြင်းမရှိပေမဲ့ အသုံးပြုမယ်ဆိုပါကသေသပ်တဲ့ အထူးပြုလုပ်ချက်တွေကို ဖန်တီး နိုင်ဖို့လိုပါတယ်။ မြန်မာဇာတ်လမ်းအများစုမှာ အသုံးပြုထားတဲ့ကွန်ပျူတာ လုပ်ဆောင် ချက်တွေမှာ ကျွမ်းကျင်မှုနည်းပါးတာကြောင့် မြန်မာရုပ်ရှင်ပရိသတ်တွေကတဖြည်းဖြည်း စွန့်ခွာလာပါပြီ။

Effect တွေက School Project တွေလိုပဲ၊ ဇာတ်ကားထဲမှာပြောတဲ့ စကားတွေကလဲ အပြင်မှာ တော်ရုံမပြောကြတဲ့ talky တွေလို့ ရန်ကုန်မြို့က ကုမ္မဏီဝန်ထမ်းဖြစ်သူ ကိုထက်အောင်က ပြောပါတယ်။

လက်ရှိမြန်မာ့ရုပ်ရှင်လုပ်ငန်းဟာ နိုင်ငံတကာ အဆင့်မီတဲ့ဖန်တီးမှုတွေပြုလုပ်ဖို့ အားနည်း နေတာကြောင့် ပရိသတ်ရဲ့အနုတ်ပြတုံ့ပြန်သံတွေဆက်တိုက်ထွက်ပေါ်လာနေပါတယ်။

မြန်မာဇာတ်ကားတွေကို ပေါကားများဟု သုံးနှုန်းတဲ့အထိဖြစ်လာပြီး လူမှုကွန်ရက်တွေ ပေါ်မှာ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေတာပါ။ ထောက်ပြခြင်း အခံရဆုံးအားနည်းချက်တွေကတော့ နည်းပညာ ဖန်တီးအသုံးချခြင်း အားနည်းမှု၊ နောက်ခံအသံ၊ ဟာသမဟုတ်တဲ့ အပြောင်အပြက်လွန် ဇာတ်ကားတွေဖြစ်ပါတယ်။

ကြည့်ရှုသူပရိသတ်လိုချင်တဲ့ ဖန်တီးမှုတွေအားနည်းလာတာကြောင့် ဝေဖန်မှုတွေ ကြားမှ ရုပ်ရှင်လောကသားတွေနဲ့ ပရိသတ်တွေ(အထူးသဖြင့်မြို့ပြနေပရိသတ်တွေ) ကြားမှာ မကျေလည်မှုတွေလည်း အစပျိုးလာပါတယ်။ အဓိက အကြောင်းတစ်ခုဖြစ်တဲ့ မသေသပ်တဲ့ ကွန်ပျူတာလုပ်ဆောင်ချက်တွေကို ထည့်သွင်းထားတာကလည်း ပရိသတ် တွေအတွက် စိတ်ပျက်စရာတစ်ခုဖြစ်နေတုန်းပါပဲ။

‘နည်းပညာမြှင့်ချင်တယ်ဆိုရင် ကျွန်တော်တို့ production ကို နိုင်ငံခြားမှာသွားလုပ်လိုက် ရင် production ဆိုတာဥပမာအသံနည်းပညာ နိမ့်နေတာလား၊ အဲဒါဆို အသံကို နိုင်ငံခြားမှာသွားလုပ်လိုက် နောက်ပြီးတော့ graphic နိမ့်နေရင် နိုင်ငံခြားမှာသွားလုပ် လိုက်၊ ဘာလို့လဲဆိုတော့ ဒီမှာကျွန်တော်မြင်တာက ကင်မရာအားဖြင့်လဲ ကျွန်တော်တို့ နိုင်ငံတကာ အဆင့်မီကင်မရာတွေရှိတယ်၊ နောက်ပြီးအသံဖမ်းစက်တွေ auditing စက်တွေအနေနဲ့လဲ နိုင်ငံတကာရိုက်နေတဲ့စက်တွေအနေနဲ့ရှိတယ်၊အဲဒီတော့ ကျွန်တော် တို့ကဘာတွေလိုနေတာလဲ ဆိုတော့ ကျွန်တော်ထင်တာကတော့သုံးတဲ့ ဘတ်ဂျက်အနေ နဲ့ ကတော့ နိုင်ငံတကာ အဆင့်ကိုမမီသေးဘူး၊ ဒါပေမဲ့နိုင်ငံတကာ အဆင့်မှာလဲ အဲဒီ လောက်ဘတ်ဂျက်မသုံးဘဲ ကောင်းတဲ့ကားတွေတကယ်ရှိတယ်လို့ electronic pictures တည်ထောင်သူ လူငယ်ဒါရိုက်တာ ကိုမောင်ဆန်းကပြောပါတယ်။

နည်းပညာ

လက်ရှိ  မြန်မာ့ရုပ်ရှင်လုပ်ငန်းတွေတိုးတက်ဖို့အနေနဲ့ နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးပွဲ အချို့ (technical workshop) တွေပြုလုပ်ပြီး နိုင်ငံတကာနဲ့လည်းချိတ်ဆက်နိုင်အောင် ကြိုးစားနေပြီဖြစ်တယ်။ ပြည်တွင်းမှာရှိတဲ့ ပရိသတ်အများစုက ရုပ်ရှင်ကိုဘဝအမော ပြောစေဖို့အတွက် အလေးထားကြည့်နေကြပြီးရယ်မောစေတဲ့ ဟာသကားတွေကို အများစုက နှစ်သက်တာကြောင့်၊ ဈေးကွက်အရ  စီးပွားရေးသမားတွေကြောင့်လည်း ပါတယ်လို့ သုံးသပ်ကြတာတွေလည်းရှိပါတယ်။ မြန်မာ့ရုပ် ရှင်လောကမှာ အနုပညာ value နဲ့ artist အများအပြားကိုအသုံးပြုလိုတဲ့ ထုတ်လုပ်သူတွေအလွန်နည်းပါး လာတာလည်းဖြစ်ပါတယ်။ စီးပွားရေးအရသာမကဘဲ မြန်မာလူမျိုးအနုပညာသမားတွေ  အနေနဲ့ တီထွင်ဖန်တီးမှုအသစ်တွေပြုလုပ်ဖို့ လိုအပ်နေတာပါ။

နည်းပညာပိုင်းအရ ကျွမ်းကျင်သူတွေရှိပေမဲ့ မြန်မာ့ရုပ်ရှင်အသိုင်းအဝိုင်းနဲ့ ဆက်စပ်မှု မရှိဘဲ ပြတ်တောက်နေတာမျိုးလည်းတွေ့ရပါတယ်။ လူမှုကွန်ရက်တွေမှာ တစ်ခါတစ်ရံ ပျံ့နှံ့လာတဲ့ မြန်မာလူငယ်တွေ ဖန်တီးထားတဲ့ ကွန်ပျူတာ အထူးလုပ်ဆောင်ချက် ဗီဒီယိုဖိုင် အတိုတွေကလက်ရှိ မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေမှာအသုံးပြုနေတဲ့ ဖန်တီးမှု တွေထက်သာလွန်တယ်လို့ ပရိသတ်တွေကပြောဆိုကြပါတယ်။

ဝါရင့်သရုပ်ဆောင်ဖြစ်သူ ဒေါ်ဆွေဇင်ထိုက်က နည်းပညာလုပ်နိုင်တဲ့လူငယ်တွေဆိုတာ Independence Film Maker တွေဖြစ်တာကိုး၊ Mainstream film Maker တွေက Independence Film Maker တွေနဲ့ ပူးပေါင်းပြီးတော့လုပ်ရမယ်လို့ ကျွန်မအမြဲပြော တယ်လေ၊ ဒါပေမဲ့လို့ ပြည်တွင်းမှာရှိနေတဲ့ ပြည်တွင်းဈေးကွက်မှာ ပြည်တွင်းတင် ဆက်မှုနဲ့ survive ဖြစ်နေတဲ့အခါကျတော့ သူတို့အသစ်အဆန်းတွေလုပ်ဖို့အတွက်ကို များသောအားဖြင့်တော့ ငွေကြေးကိုကြည့်ပြီးတော့ မလုပ်ဖြစ်ကြတာပေါ့လို့ ပြောပါတယ်။

မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေမှာ နည်းပညာကို အလေးမထားတာတော့ရှိတယ်လို့ ရုပ်ရှင်ပရိသတ်တစ်ဦးဖြစ်သလိုကိုယ်တိုင်လည်း ဖန်တီးရိုက်ကူးနေတဲ့ ပုသိမ်မြို့က ကိုချစ်ကိုအောင်က ပြောပါတယ်။ ကိုချစ်ကိုအောင်က လူမှုကွန်ရက်မှာ ကွန်ပျူတာ အထူးလုပ်ဆောင်ချက်တွေနဲ့ ဗီဒီယိုဇာတ်ကားအတိုလေးတွေဖန်တီးပြီး လူသိများ သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာ့ဇာတ်လမ်းတွေကို နည်းပညာပိုင်းအရ ဖန်တီးမှုမှာ ကိုယ်တိုင်လေ့ လာပြီးရိုက်ကူးရင်း အဲသည့်ပညာတွေကိုဆက်လက် သင်ကြားဖို့ စိတ်အားထက်သန်နေတာပါ။

ဝေဖန်မှုတွေ

ကိုချစ်ကိုအောင်က ဒါရိုက်တာတော်တော်များများက လေ့လာကြည့်သလောက်ကွန်ပျူတာ သိပ်မတတ်ဘူး၊ ပါးပါးပဲသိတာ၊ ဒါကြောင့် special effect ကို ရှောင်ရိုက်ရင်းကပေါကား တွေပဲများလာတာ၊ မလုပ်တတ်တော့ရှောင်ရိုက် တာပါ၊ လုပ်တတ်တဲ့သူတွေလဲရှိပါတယ်၊ မလုပ်တတ်တော့  ဖန်တီးဖို့စိတ်ကူးတွေလဲပေါ်မလာတော့ဘူးပေါ့၊ ရိုက်ရင်းကသူတို့မလုပ် တတ်တော့တဲ့နေရာဆို ပေါပစ်လိုက်တယ်လေ၊ ဒါကြောင့် ပရိသတ်ကပြောနေတာ၊ သူများနိုင်ငံက ဇာတ်ကားတွေက သရုပ်ပြပြီး သရုပ်ဖော်တယ်၊ မြန်မာကားကတော့  စကားတွေပဲပြောနေပြီး ဟိုနေရာ လူစုလိုက်၊ ဒီနေရာလူစုလိုက်နဲ့ အသံပိတ်ပြီးကြည့်ရင် ဘာ လုပ်နေမှန်းကိုမသိတာ၊ ကိုရီးယားကားကြည့် စကားသိပ်မပြောကြဘူး၊ ကြည့်လို့ ကောင်းတယ်လို့ ပြောပါတယ်။

မြန်မာဇာတ်ကားတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကိုဖြေရှင်းတဲ့အခါ ငွေအရင်းအနှီး မစိုက်ထုတ်နိုင်မှုကြောင့်လို့ ရုပ်ရှင်လောကသားအများစုက ဖြေရှင်းပြောဆိုကြပါတယ်။ နိုင်ငံတကာမှာရော မြန်မာဇာတ်ကားအချို့မှာငွေကြေး အရင်းအနှီးအများကြီးမစိုက် ထုတ်ဘဲ  အနုပညာရသ အပြည့်အဝပေးစွမ်းနိုင်ပြီးအောင်မြင်တဲ့ ဇာတ်ကားတွေ ရှိပါတယ်။  အဲဒါကြောင့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်ဖို့အတွက် ငွေကြေးအ ရင်းအနှီး၊ နည်းပညာအသုံးချနိုင်မှု စတာတွေနဲ့တင် တိုင်းတာလို့တော့မရပါဘူး။

‘ကျွန်တော်တို့ ရုပ်ရှင်ဇာတ်ကားတစ်ကားကို အမှန်တကယ်ကောင်းစေချင်တဲ့စိတ်ပေါ့၊  အဲဒီ တော့ ကျွန်တော်တို့က ရုပ်ရှင်ကားကောင်းတယ်ဆိုတာကို နည်းပညာနဲ့ တိုင်းမှာလား၊ ဒါမှမဟုတ်ရင်ကောင်းအောင် ဘယ်လိုရိုက်သွား သလဲ၊ ဇာတ်လမ်းကို ဘယ်လိုသရုပ်ဖော် သွားသလဲ၊ သရုပ်ဆောင်တွေ ဘယ်လိုကောင်းအောင် သရုပ်ဆောင်သွားသလဲ၊ အဲဒီပေါ်မှာ တိုင်းမလားပေါ့၊ ကျွန်တော့်စိတ်အထင်ကတော့ နည်းပညာဆိုတာက ကျွန်တော်တို့ ပိုက်ဆံ ရှိရင် ကြိုက်တဲ့နည်းပညာနဲ့ ရိုက်လို့ရတယ်၊ ရုပ်ရှင်တကယ် ကောင်းပြီဆိုလို့ရင် သူ့ဟာသူတုန်နေအောင်ပဲ ရိုက်ရိုက်၊  မှုန်နေအောင်ပဲရိုက်ရိုက်၊ ရှေးခေတ်ကကားတွေဆို အဖြူ အမည်း၊ တုန်လဲတုန်တယ်၊ မှုန်လဲမှုန်တယ်၊ အစင်း အကျားတွေလဲရှိတယ်၊ အသံလဲမကောင်းဘူး၊ အဲဒါတွေကိုကျွန်တော်တို့ ဒီခေတ်အထိ စောင့် ကြည့်နေရတယ်၊ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ နည်းပညာဆိုတာကရှိရင် ကောင်းတယ်၊ ဒါပေမဲ့မရှိမဖြစ်တော့ မဟုတ်ဘူးလို့ electronic pictures တည်ထောင် သူလူငယ်ဒါရိုက်တာ ကိုမောင်ဆန်းက ပြောပါတယ်။

Author – သက်ဖြိုး၊ နေရဲရင့်
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.