ရခိုင်ပြည်နယ်အရေး သတင်း ထုတ်ပြန်ရေးကော်မတီ ဖွဲ့စည်း

 နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို နိုဝင်ဘာလ ၁၆ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်အရေး အထူးသတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို နိုဝင်ဘာလ ၁၆ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်အရေး အထူးသတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆောင်ပြီး ရခိုင်ပြည်နယ်အရေး သတင်းထုတ်ပြန်ရေးကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။

ဒီနေ့ နေပြည်တော် သမ္မတအိမ်တော်မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်အရေး အထူးသတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က သတင်းထုတ်ပြန်ရေးကော်မတီ ဖွဲ့စည်းလိုက်တဲ့အကြောင်း အခုလိုပြောပါတယ်။

သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ဒုဥက္ကဌက ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) ဗိုလ်ချုပ်စိုးနိုင်ဦး၊ အဖွဲ့ဝင်တွေ အဖြစ် သတင်းနဲ့ စာနယ်ဇင်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးကျော်စိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုညွှန်ချုပ် ဒေါ်အေးအေးစိုး ၊ ပြည်ထဲရေးဝန်ကြီးဌာနက ရဲမှူးကြီး မျိုးသူစိုး၊ နယ်စပ်ရေးရာဝန်ကြီး ဌာနက ဦးဇော်ဝင်းအောင်နဲ့ အတွင်းရေးမှူးအဖြစ် နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးတို့ ပါဝင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းက ကျေးရွာ ၃ရွာမှာ အဆောက်အဦး ၄၃၀ လောက် ဖျက်ဆီးခံထားရတာကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဂြိုလ်တုကနေ ရိုက်ထားတဲ့ ဓါတ်ပုံတွေနဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး အစိုးရက ရရှိထားတဲ့ အချက်အလက်တွေအရ ကွာဟနေ ကြောင်းနဲ့ အစိုးရကရရှိထားတဲ့စာရင်းတွေအရ ၀ပိတ်ကျေးရွာ မှာ နေအိမ် ၁၀၅ လုံး၊ ပြောင်ပိုက် ကျေးရွာမှာ နေအိမ် အလုံး ၂၀ အပါအ၀င် ရွာလေးရွာမှာ စုစုပေါင်း နေအိမ် ၁၈၅ လုံး မီးလောင် ပျက်စီးနေတာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေး က ပြောပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.