ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက် မြန်မာလူထုတွေ့ဆုံပွဲ လက်မှတ်တစောင်လျှင် ၁၅ ဒေါ်လာ သတ်မှတ်


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံသို့ ဒီဇင်ဘာ ၁ ရက် ကြာသပတေးနေ့ ည ၈ နာရီတွင် စင်ကာပူရောက် မြန်မာလူထုနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး အဆိုပါပွဲသို့ တက်ရောက်လိုသူများအနေဖြင့် တဦးလျှင် စင်ကာပူဒေါ်လာ ၁၅ ဒေါ်လာဖြင့် လက်မှတ်ဝယ်ယူရမည်ဖြစ်ကြောင်း စင်ကာပူရှိ မြန်မာကလပ်(Myanmar Club)က ထုတ်ပြန်ထားသည်။

“၂၀၁၆ ဒီဇင်ဘာ ၁ ရက် ကြာသပတေးနေ့ ည ၈ နာရီ (Mega Box, Convention Centre (Big Box) တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက် မြန်မာလူထုတွေ့ဆုံပွဲသို့ တက်ရောက် မည့်သူများ မှတ်ပုံတင်ကြေး (စင်ကာပူ ၁၅ ဒေါ်လာ) ဖြင့် နံနက် ၈ နာရီမှ စ၍ http;//www.megaboxtickets.com/events/Link တွင် စတင်လက်ခံနေပြီဖြစ်ကြောင်း အသိပေးကြေညာအပ်သည်ဟု အသိပေးကြေညာအပ်သည်” စင်ကာပူမြန်မာကလပ်က ထုတ်ပြန်ထားသည်။ လူကိုယ်တိုင် စာရင်းပေးသွင်းလိုသူများအတွက် big box ပထမထပ်ရှိ Reception Counter ၌ စာရင်းသွင်းနိုင်သည်ဟု ကြေညာထားသည်။

ယင်းကဲ့သို့ စာရင်းပေးသွင်းရာ၌ နိုင်ငံတော်အတိုင်ပင်ခံ၏ လုံခြုံရေးအတွက် ကွန်ပျူတာမှ အလိုအလျောက် သတ်မှတ်ပေးသော ခုံနံပါတ်စနစ်ဖြင့် မှတ်ပုံတင်ပေးမည်ဖြစ်ပြီး မည်သူမျှ ခုံနံပါတ်ရွေးချယ်စာရင်းပေးသွင်းခြင်းပြုလုပ်၍မရဟု ကြေညာထားသည်။ မီဒီယာဝင်ခွင့်လျှောက်ထားလိုသော မီဒီယာဆိုင်ရာ မှတ်ပုံတင် ပြုလုပ်ထားပြီးကြောင်း အထောက်အထားကို အီးမေးလ်/ပြန်စာကိုယ်စားပြု မီဒီယာအချက်အလက်များအတွက် myatmartun@myanmar clubsg.org သို့ အီးမေးလ်ဖြင့် လျှောက်ထားရမည်ဟု ကြေညာထားသည်။ အဆိုပါ Mega Box, Convention Centre သည် စတုရန်းပေ ၇ သောင်းကျော် ကျယ်ဝန်းပြီး စင်္ကာပူနိုင်ငံ၏အကြီးမားဆုံးသောခန်းမတခုဖြစ်ကြောင်း သိရသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.