ထရမ့်နှင့် တွေ့ဆုံဆွေးနွေးမည့် ဂျပန်ဝန်ကြီးချုပ် အာဘေး


    အမေရိကန် ရွေးကောက်ပွဲတွင် ဒေါ်နယ်လ်ထရမ့် အနိုင်ရခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တစ်ဦးနှင့် ဆွေးနွေးတော့မည် ဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် နိုဝင်ဘာ ၁၇ ရက်တွင် ထရမ့်နှင့် တွေ့ဆုံသွားမည်ဟု သိရသည်။

ထရမ့်သည် ရွေးကောက်ပွဲကြို မဲဆွယ်မှုများ အတွင်း၌ အမေရိကန်သည် ဂျပန်ကို လုံခြုံရေးအတွက် အာမခံချက်ပေး စောင့်ရှောက်နေရမှုမျိုး ရှေ့ဆက်ရန် မလိုလားကြောင်း၊ ဂျပန်အနေဖြင့် မိမိကိုယ်ကို ကာကွယ်ရပ်တည်သင့်ကြောင်း ပြောဆိုခဲ့ဖူးသည်။ ထိုအခြေအနေနှင့် ပတ်သက်ပြီး အာဘေးက ထရမ့်၏ ဂျပန်နှင့် မဟာမိတ် ဆက်ဆံရေးအပေါ် သဘောထား အမြင်ကို တိတိကျကျ သိရှိရန် စုံစမ်းမေးမြန်းသွားမည် ဖြစ်သည်။

အာဘေးအနေဖြင့် ထရမ့်နှင့် ဆုံတွေ့ရမည့်အပေါ် စိတ်လှုပ်ရှား ပျော်ရွှင်နေကြောင်း ဂျပန်ဝန်ကြီးချုပ်၏ အစိုးရအဖွဲ့ အထူးအကြံပေး အရာရှိ တိုမိုဟီကို တာနီဂူချီက ပြောကြားခဲ့သည်။ “ဝန်ကြီးချုပ်က မစ္စတာထရမ့်နဲ့ လက်တွဲ အလုပ်လုပ်ဖို့ မျှော်လင့်ထားပါတယ်။ အခုတွေ့ဆုံမှုဟာ ခေါင်းဆောင်နှစ်ယောက်ကြား အချင်းချင်း ပုဂ္ဂိုလ်ရေးအရ ပိုပြီး သိကျွမ်းရင်းနှီးနိုင်မယ့် အခွင့်အရေး တစ်ခုလို့ ယူဆပါတယ်”ဟုလည်း တာနီဂူချီက ဆိုသည်။

အာဘေးသည် ပီရူးနိုင်ငံတွင် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံ တက်ရောက်နေစဉ် အတောအတွင်း ထရမ့်နှင့် တွေ့ဆုံရန် စီစဉ်ထားခြင်း ဖြစ်သည်။ ထရမ့်သည် ရွေးကောက်ပွဲ ကာလအတွင်း မဲဆွယ်စည်းရုံးရာ၌ ၎င်းသမ္မတ ဖြစ်လာပါက ပစိဖိတ်ဒေသရှိ အမေရိကန်၏ အခိုင်မာဆုံး မဟာမိတ် နှစ်နိုင်ငံဖြစ်သော ဂျပန်နှင့် တောင်ကိုရီးယားတို့မှ အမေရိကန်တပ်များ ရုပ်သိမ်းရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ဖူးသည်။

သို့သော် ထရမ့်အနေဖြင့် ဂျပန်-အမေရိကန် ဆက်ဆံရေးသည် နှစ်နိုင်ငံတည်း၏ ကိစ္စမဟုတ်ဘဲ အင်ဒို-ပစိဖိတ် ဒေသတစ်ခုလုံး၏ တည်ငြိမ်မှုအတွက် အလွန်အရေးကြီးသည်ကို နားလည်လာလိမ့်မည်ဟု ယုံကြည်ကြောင်း တာနီဂူချီက မှတ်ချက်ပေးခဲ့သည်။

“ဒီဒေသအပေါ် အမေရိကန်က အာရုံစိုက်နေသ၍ နေရာနဲ့ ပတ်သက်ပြီး ရွေးချယ်ရမယ့် အပိုင်းတွေ ရှိလာမှာပဲ။ ဒီဒေသမှာ ဂျပန်ထက် ပိုကောင်းတဲ့ နေရာမျိုး အမေရိကန် ရှာမတွေ့နိုင်ပါဘူး”ဟု တာနီဂူချီက ဆိုသည်။ မတ်လအတွင်းက ထရမ့်သည် CNN၏ အန်ဒါဆန် ကူးပါးနှင့် တွေ့ဆုံရာ၌ “မြောက်ကိုရီးယား အရူးထသမျှကို ဂျပန်က သူ့ဖာသာသူ ကာကွယ်တာပဲ ပိုကောင်းလိမ့်မယ်”ဟု ပြောကြားခဲ့ဖူးသည်။ ထိုအချိန်က အာဘေးသည် “အမေရိကန် သမ္မတသစ် ဘယ်သူဖြစ်ဖြစ်ပါ။ ဂျပန်-အမေရိကန် မဟာမိတ် ဆက်ဆံရေးဟာ ဂျပန်ရဲ့ သံတမန် မူဝါဒမှာ အခြေခံ အုတ်မြစ်အဖြစ် ဆက်ရှိနေပါလိမ့်မယ်”ဟု တုံ့ပြန်ခဲ့ဖူးသည်။

ဂျပန်သည် အမေရိကန် သမ္မတအဖြစ် ထရမ့် တာဝန်ယူချိန်တွင် မြောက်ကိုရီးယားနှင့် ပတ်သက်၍ မည်သို့ သဘောထား ရှိမည်ကိုလည်း တိတိကျကျ စုံစမ်းမေးမြန်းဖွယ် ရှိနေသည်။ ထရမ့်က မိမိသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသာ အမေရိကန်သို့ အလည်အပတ် လာရောက်ပါက နိုင်ငံတော် ခရီးစဉ် တစ်ရပ်အဖြစ် အသိအမှတ်ပြု ကြိုဆိုရန် အသင့်ရှိကြောင်း ပြောဆိုခဲ့ဖူးသည်။

Ref: CNN
7daydaily မှ ကူးယူဖော်ပြသည်။
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.