မီးရှို့ဖျက်စီးမှုတွေ စစ်ဆေးနေစဉ်မှာပဲ အကြမ်းဖက်သမားတွေ မီးရှို့ခဲ့



မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်သူတွေ မီးရှို့ဖျက်စီးခဲ့တဲ့ ကျေးရွာတွေကို တပ်မတော်က ရဟတ်ယာဉ်နဲ့ ဒီကနေ့ညနေမှာ လှည့်လည်ကြည့်ခဲ့ရာမှာ ရေခပ်ချောင်း ဂွဆုံကျေးရွာကို ညနေ ၃နာရီအချိန်မှာ အဆောက်အအုံတစ်ချို့ မီးလောင်နေတာမြင်ခဲ့ရလို့ ပတ်ဝန်းကျင်တဝိုက် လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းတွေကို အကြောင်းကြားပြီး မီးငြှိမ်းသတ်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်တိုက်ခိုက်သူတွေရဲ့ မီးတင်ရှို့မငတွေကြောင့် အိမ် ၁၇လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ မောင်တောနယ်မြေထဲ အကြမ်းဖက်သမားတွေနဲ့ ဖျက်စီးမှုတွေလုပ်နေတဲ့ မွတ်ဆလင်အကြမ်းဖက်သမားတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေအပေါ် အထင်အမြင်လွဲမှားစေဖို့ ကျေးရွာတွေကို မီးရှို့ဖျက်စီးပြီး သတင်းမီဒီယာတစ်ချို့နဲ့ချိတ်ဆက်ကာ လိမ်လည်သတင်းဖြန့်ချိ၊ နိုင်ငံတကာအထောက်အပံ့တွေရအောင် လုပ်ကြံဖန်တီးနေတာဖြစ်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
Kamayut Media
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.