နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကျိုတိုတက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ အပ်နှင်း





ကျိုတို နိုဝင်ဘာ ၃

ဂျပန်နိုင်ငံတွင် ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ကျိုတိုတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်းပွဲ အခမ်းအနားကို ဒေသစံတော်ချိန် ၁၄း၁၀ နာရီတွင် ကျိုတိုတက္ကသိုလ် Yamauchi Hall တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်းပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ယင်းတက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားနေ သည့် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတကာမှ ကျောင်းသူ/ကျောင်းသား (၈) ဦးနှင့် ဒီမိုကရေစီ ၊ လွတ်လပ်ခွင့် နှင့်လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေးမေးမြန်းမှု အခမ်းအနား အား ဆက်လက်ပြု လုပ်ခဲ့ကြောင်း၊ ကျောင်းသား/ ကျောင်းသူ ၆၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ကျိုတိုတက္ကသိုလ်အပါအ၀င် ကျိုတိုမြို့ရှိ အခြားတက္ကသိုလ်များတွင် ပညာသင်ကြား လျက်ရှိသည့် မြန်မာနိုင်ငံမှ ပညာတော်သင် ၀န်ထမ်းများ နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်းလည်း သိရှိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုကျိုမြို့မှ ကျိုတိုမြို့သို့ ဒေသစံတော်ချိန် ၁၃း၁၇ နာရီတွင် Shinkansen ရထားဖြင့်ရောက်ရှိခဲ့ကြောင်းနှင့် ကျိုတိုမြို့ တွင် ရောက်ရှိနေစဉ်အတွင်း ကျိုတိုမြို့တော် ကုန်သည်ကြီးများနှင့် စက်မှု လုပ်ငန်းရှင်များအသင်းမှ တည်ခင်းသည့် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက် မည်ဖြစ်ကြောင်း သိရှိရသည်။

Myanmar State Counsellor Office
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.