မိုဘိုင်းလ်ဖုန်း ကင်းလွတ်ရေး စာဖတ်ခန်း ဖန်တီးထားသည့် တရုတ်တက္ကသိုလ်



တရုတ်နိုင်ငံချွန်းကင်းမြို့ရဲ့ Southwest University က နှောင့်ယှက်မှုကင်းတဲ့ မိုဘိုင်းလ်ဖုန်း ကင်းလွတ်ရေး သီးသန့်စာဖတ်ခန်း အစီအစဉ်တခု ပြုလုပ်ခဲ့တယ်လို့ စီစီတီဗွီရဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။

မိုဘိုင်းလ်ဖုန်းကင်းလွတ်ရေး စာဖတ်ခန်းတွေကို လာတဲ့ကျောင်းသားတွေဟာ သူတို့ရဲ့ ဖုန်းတွေကို စာသင်ခုံတွေအရှေ့က အိတ်သေးလေးတွေထဲမှာ ထည့်ထားရပါတယ်။ အခန်းထဲက မထွက်ခင်အထိ သူတို့ရဲ့ဖုန်းတွေကို လုံးဝမထိရဘူးလို့လည်း သိရပါတယ်။

“ကျောင်းသားအများစုက သူတို့စာလုပ်နေတဲ့အချိန်မှာ အချိန်တိုင်း ဖုန်းမသုံးပဲ ဖုန်းနဲ့မကစားပဲ မနေနိုင်ကြဘူး” လို့ ဖုန်းကင်းလွတ်ရေး စာဖတ်ခန်းတွေကို စတင်ဖန်တီးခဲ့တဲ့ ဇန်ရှုရန်က ပြောပါတယ်။ ဒီလိုစာလုပ်နေရင်း ဖုန်းသုံးတာက အချိန်ကုန်ပြီး ကျောင်းသားတွေရဲ့ လေ့လာမှု စွမ်းရည်ကို အနုတ်လက္ခဏာပဲ ဖြစ်စေတယ်လို့လည်း ဖြည့်ပြောပါတယ်။
စာဖတ်ခန်းအတွင်းက အိတ်တွေထဲ ထည့်ထားရတဲ့ ဖုန်းတွေကို အခန်းထဲက ဝန်ထမ်းတွေက ကြည့်ထားပြီး ကျောင်းသားတွေရဲ့ မိဘနဲ့ဆရာစတဲ့ အရေးကြီးတဲ့ဖုန်းတွေအတွက်ကိုပဲ ကျောင်းသားတွေကို အကြောင်းကြားပေးတယ်လို့ ဆိုပါတယ်။

ဒီဖုန်းကင်းလွတ်ရေး စာသင်ခန်းတွေက ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိပါလဲ။
တနေ့ကို ၈ နာရီကျော် ဖုန်းဂိမ်းတွေ ကစားတဲ့ ဇီယိုလျူဆိုတဲ့ ဒုတိယနှစ်ကျောင်းသားကတော့ ဒီလို သူရဲ့ဖုန်းနဲ့ ခွဲနေပြီးနောက် သူက မိနစ် ၂၀ လောက်ပဲ ဖုန်းနဲ့ကစားတော့တယ်လို့ ဆိုပါတယ်။

“ဒါက ကိုယ့်ကိုယ်ကို စည်းကမ်းလုပ်နေတဲ့သူ တစ်ဦးအတွက်တော့ တကယ့်စိန်ခေါ်မှုကြီးပဲ” လို့ ဇီယိုလျူက ပြောပါတယ် သူရဲ့စမတ်ဖုန်းကို မသုံးဖြစ်အောင် ဖုန်းကင်းလွတ်ရေး စာဖတ်ခန်းတွေ ဆီ မကြာခဏ လာရမယ်လို့လည်း ဇီယိုက ဖြည့်ပြောပါတယ်။

ဒစ်ဂျစ်တယ်နည်းပညာတွေ အကြီးအကျယ်တိုးတက်လာသလို ခေတ်သစ်မိုဘိုင်းလ်ဖုန်းတွေကို အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်မှုက ပြီးခဲ့တဲ့ နှစ်တွေအတွင်း တရုတ်နိုင်ငံမှာ (တစ်နေ့အတွင်း အချိန်တော်တော်များများ ဖုန်သုံးနေကြတာနဲ့အတူ) တယ်လီဖုန်း သုံးစွဲသူ ပိုမိုများပြားလာတာပါ။

၂၀၁၆ ခုနှစ် ဇွန်လမှာ တရုတ်နိုင်ငံအတွင်း အင်တာနက်အသုံးပြုနိုင်တဲ့ မိုဘိုင်းလ်ဖုန်း သုံးစွဲသူအရေအတွက်ဟာ ၆၅၆ သန်းထိ ရှိသွားပြီလို့ သြဂုတ်လမှာ ထုတ်ပြန်ခဲ့တဲ့ တရုတ်နိုင်ငံ အင်တာနက်ဖွံ့ဖြိုးမှု အစီရင်ခံစာအရ သိရပါတယ်။ ဇူလိုင်လအထိ လေ့လာချက်အရ အင်တာနက်မိုဘိုင်းလ်ဖုန်း သုံးသူတွေဟာ အင်တာနက်မှာ ရှာဖွေကြည့်ရှုတာကို တဦးလျှင် တနေ့ မိနစ် ၁၁၀ လောက် သုံးကြတယ်လို့လည်း နောက်အစီရင်ခံစာ တခုအရ သိရပါတယ်။

“ကျောင်းသားတွေ ဖုန်းစွဲနေတာကို ပြတ်နိုင်အောင် ကူညီဖို့ ဒီလိုစာဖတ်ခန်းတွေ ဖန်တီးရတဲ့ အကြောင်းတရားတော့ ဒါတွေကြောင့်ပါပဲ”လို့ ဇန်ရှုရန်က ပြောပါတယ်။ သူက ကျောင်းသားတွေ ကို မင်းတို့ဖုန်းတွေချပြီး စာအုပ်များများ ဖတ်ဖို့လည်း တောင်းဆိုထားပါတယ်။

ဓာတ်ပုံ – စီစီတီဗွီ

DVB TV News

Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.