မြန်မာဘီယာသံဘူး ကံစမ်းမဲကာလ တဘူးကျပ် ၁၃၀၀ အထိ ဈေးမြင့် လိုအပ်သည့်အရေအတွက် ၀ယ်ယူရန် ခက်ခဲဟု ဆိုင်ရှင်အများစုပြော


မြန်မာဘီယာကံစမ်းမဲထည့်ထားသည့် သံဘူးများ ဈေးကွက်အတွင်း ဘီယာရောင်းချသူများ လိုအပ်သည့်အရေ အတွက်ဝယ်ယူရန် ခက်ခဲသဖြင့်
တဘူး ၁၃၀၀ ကျပ်အထိ စံချိန်တင် မြင့်တက်နေ ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရ သည်။

မြန်မာဘီယာ အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် သံဘူးများတွင်း ဆုမဲ များ ထည့်သည့် အချိန်မှစ၍ သံဘူးသောက် သုံးမှု မြင့်တက်လာပြီး ရောင်းချသူအများ စုမှ မြန်မာသံဘူးများ လိုအပ်သလောက် ၀ယ်ယူရန် အခက်အခဲဖြင့် ရင်ဆိုင်နေရသည်ဟု ဘီယာဆိုင်ရှင်တဦးကပြောသည်။

ဘီယာသောက်သုံးသူအများစုသည် စည် ဘီယာ၊ ပုလင်းဘီယာထက် ကံစမ်းမဲထည့် သည့် သံဘူးဘီယာအား သောက်သုံးမှု များပြားလာခဲ့သည်။
''အင်းစိန်က ဘီယာဆိုင်တဆိုင်မှာ မြန်မာသံဘူးဝယ်မလို့ ဈေးမေးတာ တဘူး ၁၃၀၀ ဆိုတော့ မသောက်တော့ဘူး။ နောက်ထပ် ၂၀၀ ထပ်စိုက်ပြီး စည်ဘီယာ နှစ်ခွက်သောက်တော့မယ်''ဟု ဘီယာ သောက်သုံးသူတဦးက ပြောသည်။

ကျောက်တံတားမြို့နယ် ဘီယာဆိုင်ရှင် တဦးက ''ကျွန်တော်တို့ရောင်းနိုင် သလောက်ကို ၀ယ်လို့မရဘူး။ သံဘူးက ရေခဲသေတ္တာထဲထည့်ရတာဆိုတော့ အလုံ အလောက်ထည့်ထားချင်ပေမယ့် ၀ယ်ရတာလည်း ခက်နေသလို ၀ယ်ရင်းဈေးလည်း တက်နေတယ်''ဟု ပြောသည်။

မြန်မာဘီယာ၏ နှစ် ၂၀ ပြည့် ဘီယာဘူးအတွင်း ကံစမ်းမဲထည့် သွင်း ထားပြီး အမြင့်ဆုံးဆုမဲအဖြစ် ကျပ်သန်း ၂၀ နှင့် အနိမ့်ဆုံးဆုမဲ ၂၀၀ ကျပ် ထည့် သွင်းထားပြီး သောက်သုံးသူများ အနေနှင့် အများဆုံး တဘူးသောက်လျှင် တဘူး ပေါက်သူ ပိုမိုများပြားသည်ဟုသိရသည်။

ဈေးကွက်အတွင်း မြန်မာသံဘူး တဘူးလျှင် ၁၃၀၀ ကျပ်ဖြင့် ရောင်းချနေ မှုအပေါ် မြန်မာဘီယာတာဝန်ရှိသူတဦးက ''ဈေးနှုန်းကို ထိန်းချုပ်ဖို့ခက်ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ဟိုတယ်မှာရောင်းတဲ့ ဈေးက ဟိုတယ်ဈေး၊ လမ်းဘေး ဆိုင်မှာ ရောင်းတဲ့ဈေးက လမ်းဘေးဈေး၊ အဆင့် မြင့် စားသောက်ဆိုင် မှာရောင်းတာတဈေးလေ။ ဒါပေမဲ့ ဆိုင်အများစုအနေနဲ့ ၀န်ဆောင်မှု ပိုမပေးရတဲ့နေရာမှာ ဟိုတယ် ဈေးတက်ရောင်းတာကတော့ မမျှဘူး''ဟု စာနယ်ဇင်းရှင်းလင်းပွဲတခုတွင် ဈေးတင် ရောင်းချခြင်းနှင့်ပတ်သက်၍ ပြောသည်။

ကံစမ်းမဲကာလအဖြစ် အောက်တိုဘာမှ ဒီဇင်ဘာလအထိ သုံးလအတွင်း ကျပ်သန်း ပေါင်းခုနစ်ထောင်ကျော် ထည့်သွင်းသွားမည်ဟု သိရပြီး ကံစမ်းမဲကြောင့် သောက် သုံးမှုအများဆုံးဖြစ်ရသည်ဟု သိရသည်။

ကိုး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.