အလွတ်တန်းသတင်းထောက် ကိုပါကြီးသေဆုံးမှုနှင့်ပတ်သက်၍ ဇနီးဖြစ်သူဒေါ်သန္တာက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ စာချွန်လွှာတင်


အလွတ်တန်းသတင်းထောက်ကိုပါကြီးသေဆုံးမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်စေရန်အတွက် ဇနီးဖြစ်သူ အိမ်မဲမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက နိုဝင်ဘာ ၁၈ ရက်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ စာချွန်လွှာတင်ခဲ့ကြောင်း သတင်းရရှိသည်။

“ကျွန်မအနေနဲ့ ဥပဒေကြောင်းအရ ကျွန်မခင်ပွန်းနစ်နာခဲ့မှုနဲ့ပတ်သက်ပြီး စာချွန်တင်တာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားတွေရဲ့ တန်းတူညီမျှခံစားခွင့်ရှိတယ်။ ဥပဒေရဲ့အကာအကွယ်ရသင့်တယ်ထင်လို့ အခုလို စာချွန်တင်ခြင်းဖြစ်ပါတယ်။ ကျွန်မခင်ပွန်းဟာ ပြစ်မှုကျူးလွန်တယ်ဆိုပြီး တရားဥပဒေလမ်းကြောင်း အတိုင်း လုပ်ဆောင်မှုကိုမခံရဘဲ အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် မျှတမှုလိုချင်လို့ စာချွန်တင်ခြင်းဖြစ်ပါတယ်”ဟု ဒေါ်သန္တာကပြောသည်။

စာချွန်တင်ခြင်းနှင့်ပတ်သက်၍ တရားသူကြီးသုံးပါးက သေချာစွာလေ့လာဆန်းစစ်ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။ “ကျွန်တော်တို့က အလွတ်တန်းသတင်းထောက် ကိုပါကြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှာ အသတ်ခံခဲ့ရတာနဲ့ပတ်သက်လို့ ကျိုက်မရောမြို့နယ်တရားရုံးက သေမှုသေခင်ဆုံးဖြတ်ထားပါတယ်။ နောက်တော့ လူသတ်မှုနဲ့ အမှုပြောင်း ဖွင့်ပါတယ်။ နောက်ပြီးတော့ မှားယွင်းမှုဆိုပြီး အမှုကိုပိတ်သိမ်းလိုက်ကြတယ်။ ဒီအမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က အရပ်ဘက်တရားရုံးမှာ ပွင့်လင်းမြင်သာစွာ စစ်ဆေးဖို့ အကြံပြု ထားပေမယ့် စစ်တရားရုံးက အမှုပိတ်သိမ်းခဲ့ပါတယ်။ ဥပဒေနဲ့မညီညွတ်တာတွေ များနေပါတယ်”ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

ကိုပါကြီးသေဆုံးမှုနှင့်ပတ်သက်၍ အစောင့်စစ်သည် နှစ်ဦးကို စစ်တရားရုံးချုပ်က စစ်ဆေးခဲ့ပြီးနောက် တန်းပြည့်စစ်မှုထမ်းဆောင်နေချိန်တွင်ဖြစ်ပေါ်ခဲ့သည့်အတွက် တရားသေလွှတ်ပေးခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနက ပြန်ကြားခဲ့သည်ဟု ၂၀၁၅ ခုနှစ် မေ ၈ ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.