ဘုရင်ဘူမိဘောအား မဟာမင်းမြတ်အဖြစ် ဂုဏ်ပြုရန် ထိုင်းအစိုးရစီစဉ်



ကံတော်ကုန်ဘုရင်မင်းမြတ် ဘူမိဘောအား တော်ဝင်ဈာပနာပြီးစီးပါက the Great (မဟာမင်းမြတ်)ဘွဲ့ အပ်နှင်းဂုဏ်ပြုသွားရန်အတွက် အစိုးရက စီစဉ်လျက်ရှိကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက နိုဝင်ဘာ ၁၅ ရက်က ပြောသည်။

ထိုသို့ ဘုရင်ဘူမိဘောအား မဟာတပ်ခေါ် ဂုဏ်ပြုမှုကို ကက်ဘိနက်တွင် အရင် အတည်ပြုချက်ယူပြီးနောက် တော်ဝင်နန်းတော်ဗျူရိုသို့ တင်သွင်းကာ ထောက်ခံချက် ယူရမည်ဖြစ်သည်။

အစိုးရအနေဖြင့် ကံတော်ကုန်ဘုရင်မင်းမြတ်အား မဟာမင်းမြတ်အဖြစ် ဂုဏ်ပြုရန် ရေရှည်စဉ်းစားလာခဲ့သော်လည်း သင့်တော်သည့် အချိန်ကို စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ပရာယွတ်က ပြောသည်။

ရာမမင်း-၆ တစ်ဖြစ်လဲ ဘုရင်မင်းမြတ်ဘူမိဘော၏ အထိမ်းအမှတ်များဖြစ်သော နှစ်စဉ် ကျင်းပမြဲဖြစ်သည့် မေ ၅ ရက် ဘုရင်နန်းတက်နေ့ထူးနေ့မြတ်နှင့် ဒီဇင်ဘာ ၅ ရက် ဘုရင့်မွေးနေ့ ပြက္ခဒိန်ပါ ရက်မြတ်အခမ်းအနားများကိုလည်း အိမ်ရှေ့စံမင်းသား နန်းတက်သည့်အခါ ပြင်ဆင်သွားရမည်ဖြစ်ပြီး ပြင်ဆင်ပြက္ခဒိန်အား တော်ဝင်နန်းတော်ဗျူရိုသို့ ဆုံးဖြတ်ချက် တောင်းခံသွားရမည်ဖြစ်ကြောင်း
ဝန်ကြီးချုပ်က ပြောသည်။

ထိုသို့ ဘုရင်ဘူမိဘောနှင့် ဆက်စပ်သည့် နေ့မြတ်များ ပြက္ခဒိန်တွင် မရှိတော့သော်လည်း မိမိ၏ စိတ်တွင် အမြဲအမှတ်ရနေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်က ပြောခဲ့သည်။

စစ်သားအဖြစ်လည်းကောင်း၊ ဝန်ကြီးချုပ်အဖြစ်လည်းကောင်း ဘုရင်မင်းမြတ်အတွက် အမှုထမ်းနိုင်ခဲ့သည့်အတွက် ဂုဏ်ယူမိကြောင်း၊ နန်းစံနှစ် ၇၀ တွင် တိုင်းပြည်နှင့် ပြည်သူတို့အတွက် ဆောင်ရွက်ပေးသွားမှုများကြောင့် ဘုရင်မင်းမြတ်အား လေးစားကြည်ညိုရင်းစွဲရှိပါကြောင်းလည်း ၎င်းက ပြောခဲ့သည်။

============

Mizzima - News in Burmese

http://www.mizzimaburmese.com/article/20310
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.