တရုတ်နိုင်ငံဖက်သို့ အမြောက်ကျည်ဆန်များ ကျရောက်ခဲ့ကြောင်း တရုတ်အစိုးရ သတင်းထုတ်ပြန်


တရုတ်နယ်စပ်နှင့် ထိစပ်နေသော မြန်မာနိုင်ငံ မြောက်ပိုင်းကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် တရုတ်ဘက်ကိုကျော်ပြီး အမြောက်ကျည်ဆန် ကျမှန်ခဲ့သည့်အတွက် တရုတ်နယ်စပ်မြို့ရှိ လူနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု တရုတ်အစိုးရ သတင်းဌာန CCTV မှ ဖော်ပြခဲ့သည်။

ထို့ကြောင့် တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက တပ်လှန့်သတိပေးချက်ကို အမြင့်ဆုံး အနေအထားသို့ ထားလိုက်ပြီး လုံခြုံရေးအတွက် လိုအပ်သော လုံခြုံရေး ဆောင်ရွက်မှုများ လုပ်သွားမည်ဟု ဆိုသည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဂျန်ရွန်က တရုတ်အစိုးရအနေဖြင့် ယခုတိုက်ပွဲကို စိုးရိမ်ပူပန်နေပြီး သက်ဆိုင်ရာ စစ်တပ်များကို ယင်းတို့၏ စစ်ရေးတိုက်ခိုက်မှုများအား ရပ်တန့်ရန် သတိပေးခဲ့သည်။

မြန်မာနိုင်ငံမှ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဘက်မှ လူအချို့သည် တိုက်ပွဲကို ရှောင်ရန်အတွက် တရုတ်နယ်မြေထဲသို့ ပြေးဝင် လာသည်ဟု ဆိုသည်။ လူသားချင်း စာနာထောက်ထားမှုအရ ဒေသခံ တရုတ်အစိုးရက နယ်စပ်ဖြတ်ကျော်လာသူများကို လက်ခံပြီး ဒဏ်ရာရ သူများကို ဆေးကုသရန် ဆေးရုံသို့ ပို့ပေးခဲ့သည်ဟု သိရသည်။

ယူနန်ပြည်နယ်၊ ဝမ်တိန်မှ အာဏာပိုင်များသည် အရေးပေါ်တုံ့ပြန်မှုများကို လုပ်ဆောင်နေပြီး နယ်စပ်တွင် လက်နက်ကိုင် ရဲတပ်ဖွဲ့ များကို ပိုမို တိုးချထားခဲ့သည်။

တိုက်ပွဲမှ အမြောက်ကျည်ဆန် အစအနများသည် တရုတ်ဘက်သို့ ကျခဲ့ပြီး အမြောက်ကျည်ဆန် များသည် သူ့အိမ်ခေါင်မိုး ဆိုလာ အပူပေးစက် က ရေစည်ကို ထိမှန်သည်ခဲ့သည်ဟု တရုတ်ရွာသား တစ်ဦး က ပြောကြားကြောင်း တရုတ်သတင်းဌာန CCTV က သတင်း ထုတ်ပြန်ခဲ့သည်။

လင်းလင်း
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.