ကမ္ဘောဒီးယားကို အနိုင်ကစားမည်ဟု မြန်မာအသင်းနည်းပြချုပ်ဆို

၂ဝ၁၆ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (ခ) ဒုတိယနေ့ပွဲစဉ်များဖြစ် သည့် အိမ်ရှင်မြန်မာနှင့် ကမ္ဘောဒီယား၊ ဗီယက်နမ်နှင့် မလေးရှားတို့ ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို Novotel ဟိုတယ်၌ ကျင်းပခဲ့သည်။ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ် က ဆီမီးဖိုင်နယ် တက်ရောက်ရေး မျှော်လင့်ချက်အတွက် ကမ္ဘောဒီးယားကို အနိုင်ကစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာအသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ''အဖွင့်ပွဲမှာ ဗီယက်နမ်အသင်းကို ရှုံးခဲ့လို့ ကမ္ဘောဒီးယား အသင်းနဲ့ပွဲက မဖြစ်မနေ အနိုင်ကစားရတော့မယ့်ပွဲ ဖြစ်ပါတယ်။ ပွဲတိုင်းမှာ ဖိအားတော့ ရှိပါတယ်။ ဖိအားတွေကို ကျော်ဖြတ်နိုင်အောင်လည်း ပြင်ဆင်ထားပါတယ်။ ကစားသမားတွေရဲ့ ယုံကြည်မှုနဲ့ စိတ်ဓာတ်ပိုင်း တက်လာအောင် သေချြာ ပုလုပ်ပေးထားပါတယ်။ ကမ္ဘောဒီးယားအသင်းက ခြေစွမ်းပိုင်း ကောင်းမွန်တဲ့ အသင်းဖြစ်ပြီး တစ်ဦးချင်း ခြေစွမ်းပိုင်း ကောင်းမွန်သူတွေ ပါပါတယ်။ အထူးသဖြင့် နံပါတ် (၁၁) ဗာသာနာကာကို သတိထားရပါမယ်'' ဟု ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား အသင်းနည်းပြချုပ် လီတေးဟွန်က ''ဒီပွဲက အလွန်ကို ခက်ခဲမှာပါ။ နှစ်သင်းစလုံး အဖွင့်ပွဲမှာရှုံးထားပြီး ဆီမီးဖိုင်နယ် တက်ရောက်ဖို့ အရေးပါနေလို့ ဖြစ်ပါတယ်။ မလေးရှားနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ လိုချင်တဲ့ရလဒ်ကို မယူနိုင်ခဲ့ပါဘူး။ ကျွန်တော့် ကစားသမားတွေအပေါ် ယုံကြည်မှုအပြည့် ရှိပါတယ်။ ဒီပွဲမှာ မြန်မာအသင်းဆီက အမှတ်ရယူနိုင်မှာပါ'' ဟု ပြောကြားခဲ့သည်။

အုပ်စု (ခ) ဒုတိယနေ့ပွဲစဉ်များကို နိုဝင်ဘာ ၂၃ ရက်(ယနေ့)တွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ြပီး ညနေ ၃ နာရီတွင် ဗီယက်နမ်အသင်းနှင့် မလေးရှားအသင်း၊ ညနေ ၆ နာရီတွင် အိမ်ရှင် မြန်မာအသင်းနှင့် ကမ္ဘောဒီးယား အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.