ထရမ့်ပ်အား လုပ်ကြံသတ်ဖြတ်ရန် တောင်းဆိုမှုများ မြင့်တက်

ပေါ့တ်လန် နိုဝင်ဘာ ၁၂

အမေရိကန် သမ္မတသစ်အဖြစ် ရွေးကောက် ခံရသည့် ဒေါ်နယ်ထရမ့်ပ်အား ဆန့်ကျင်သည့် ဆန္ဒပြပွဲများ နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် ဖြစ်ပွားနေစဉ် တွစ်တာဝက်ဘ်ဆိုက်ပေါ်၌ ၎င်းအားလုပ်ကြံသတ်ဖြတ်ရန် တောင်းဆိုမှု များ မြင့်တက် လာကြောင်း သိရသည်။

အဆိုပါ တောင်းဆိုမှုများသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက နဗားဒါးပြည်နယ် ရီနိုမြို့၌ နောက်ဆုံးမဲဆွယ် စည်းရုံးစဉ် အော်စတင်ကရေ့စ်အမည်ရှိ အမျိုးသားတစ်ဦးက သေနတ်ဟု အော်ဟစ်ခြင်းကြောင့် လုံခြုံရေးများက ထရမ့်ပ်အား စင်မြင့်အထက်မှ ဘေးလွတ်ရာသို့ ခေါ်ဆောင်သွားပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်းဖြစ် သည်။ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ယင်းအမျိုးသားအား ရှာဖွေမှုများ လုပ်ဆောင်သော်လည်း မည်သည့် လက်နက်တစ်စုံတစ်ရာမျှ တွေ့ရှိခဲ့ခြင်း မရှိဟု Washington Post သတင်းစာက ဖော်ပြသည်။

နိုဝင်ဘာ ၈ ရက်တွင်ကျင်းပသည့် သမ္မတရွေးကောက်ပွဲတွင် ထရမ့်ပ်ကပြိုင်ဘက် ဟီလာရီကလင်တန်အား မမျှော်လင့်ဘဲ အနိုင်ရရှိပြီးနောက် ရွေးကောက်ပွဲပြီးဆုံးချိန်မှ စ၍ နိုင်ငံအတွင်းရှိ မြို့ကြီးများတွင် ထရမ့်ပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားလျက် ရှိသည်။

အလားတူ အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်မြို့၌ နိုဝင်ဘာ ၁ဝ ရက်တွင် ပြည်သူ ၄ဝဝဝ ခန့်က ထရမ့်ပ်ဆန့်ကျင်ရေး ဆန္ဒပြမှုတစ်ရပ် ကျင်းပနေစဉ် အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က ဆန္ဒပြသူ ၂၅ ဦးကို ဖမ်းဆီး ထားကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.