စည်းကမ်းမဲ့ အမှိုက်ပစ် ကွမ်းတံတွေးထွေးမှု မပြုပြင်လျှင် ဒီမိုကရေစီနိုင်ငံ မတည်ထောင်နိုင်


Photo- ရန်ကုန်သို့လာရောက်၍ အမှိုက်ကောက်ပေးသည့် ဂျပန်လူမျိုး စေတနာ့ဝန်ထမ်းများအား တွေ့ရစဉ်
မြောက်ဒဂုံဘီအမ်ကားကို တာမွေအ၀ိုင်းမှ ဆူးလေသို့ စီးလာသည်။ ယာဉ်မောင်း နောက်ဘက်ခေါင်းပေါ်တွင် ''ဆေးလိပ်မသောက်ရ၊ အမှိုက်မပစ်ရ၊ ကွမ်းတံတွေးမထွေးရ၊ တွေ့ရှိပါက ဒဏ်ငွေ ၁၀၀၀၀''စာတန်းကပ်ထား သည်။ ယာဉ်မောင်းက ကားမောင်းရင်း ဆေးလိပ်သောက်နေသည်။ ယာဉ်နောက်လိုက်က ကွမ်းတံတွေး တပျစ်ပျစ်ထွေးသည်။ ခရီးသည် အမျိုးသမီးတဦးက မုန့်စားပြီး မုန့်ထုပ်စက္ကူကို ကားပေါ်မှ လမ်းမပေါ်သို့ ပစ်ချသည်။ ကားသည် ခြောက်ထပ်ကြီးဘုရားကိုကျော်လာစဉ် ရပ်ကွက်၏ လမ်းထိပ်တနေရာ၌ ''မည်သည့်ယာဉ်မျှ မရပ်ရ'' ဆိုင်းဘုတ်တည့်တည့်တွင် ကိုယ်ပိုင်ယာဉ်တစီးရပ်ထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် သက်ဆိုင်ရာတို့က စည်းမျဉ်းစည်းကမ်းများ ဒေသန္တရအမိန့်များကို ထုတ်ပြန်ကြသည်။ အဆိုပါ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်များသည် သက်ဝင်လှုပ်ရှားမှုမရှိ၊ ပြည်သူလူထုကလည်း အလေးထားလိုက်နာ မှုမရှိကြ။ လိုက်နာရကောင်းမှန်း အသိစိတ်ဓာတ်လည်း မရှိကြပေ။စစ်အစိုးရတခေတ်က စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ဆိုသည့် ကြွေးကြော်သံကို သတိရမိကာ နိုင်ငံ၏ရှေ့ရေးအတွက် ရင်လေးမိသည်။

၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကြီး ပြီးခါစ ဒေါ်အောင်ဆန်းစုကြည်က NLD အမတ်တွေ အမှိုက် ကောက်ကြဖို့ တိုက်တွန်းသည်။ ၂၀၁၅ ဒီဇင် ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကော့မှူးမြို့နယ်မှာ အမှိုက်ကောက်ပြခဲ့သည်။ သူမ၏စကားကိုနားထောင်ကာ NLD အမတ်အချို့ အမှိုက်ကောက်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ ယင်းနောက် ပြီးတော့လည်း ပြီးတာပဲဆိုသလို ဖြစ်သွားကြသည်။

NLD အစိုးရတက်ခါစက ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် ကွမ်းယာရောင်းချမှုများကို ကန့်သတ် မည်ဆို သော သတင်းများထွက်ပေါ်လာပြီး ကွမ်းယာရောင်းသူနှင့် ကွမ်းယာစားသူများအကြား အကြီးအကျယ် ဂယက် ရိုက်ခတ်သွားခဲ့သည်။ ကျွန်ုပ်တို့သည် ကွမ်းယာရောင်းမှု၊ ကွမ်းယာစားမှုကို အားမပေးပါ။ ဆန့်ကျင်မှုလည်း မပြုပါ။ သို့ရာတွင် စည်းကမ်းတကျ ကွမ်းတံတွေးထွေးစေချင်သည်။ ကျွန်ုပ်တို့၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ကွမ်းယာရောင်းချသူများသည် ကွမ်းယာဝယ်သူများကို စည်းကမ်းမဲ့ ကွမ်းတံတွေးမထွေးကြရန် သတိပေးသည်ဟု သိရသည်။ ဆေးလိပ်သောက်ချင်လျှင်လည်း လူတွေနှင့်ဝေးဝေး သတ်မှတ်ထားသည့်နေရာ၌ သွားရောက်ပြီး သောက်ကြရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် စစ်အစိုးရအဆက်ဆက်၏ စီမံခန့်ခွဲမှုအလွဲကြောင့် ရုပ်ပစ္စည်းဆိုင်ရာ ချို့တဲ့နွမ်းပါးသလို ပညာ ရေးစနစ် အဖျက်ဆီးခံရသောကြောင့် စိတ်ပိုင်းဆိုင်ရာလည်း ပျက်စီးလျက်ရှိသည်။ ပိုက်ဆံ ရှိသူများအကြား၌ ပင် 'ပြည်သူ့နီတိ'အခြေခံသဘော တရားမရှိကြပုံကို 7 Day Daily ပါ ဖေ့စ်ဘွတ်တခွင် ကဏ္ဍ၌ အောက်ပါအတိုင်းတွေ့ရသည်။

'' . . . ဂီတဖျော်ဖြေပွဲတခုတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ကြသည်ကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံတပုံနှင့်အတူ ''လက်မှတ်တစောင် ရှစ်သောင်း၊ တသိန်းဆိုရင်ကြည့်လိုက်ကြတာပဲ။ ပွဲတက်ဝတ်စုံနဲ့ ဘာနဲ့။ စိန်ဘယက်နဲ့ ဘာနဲ့လာကြပြီး အမှိုက်ကျ အမှိုက်ပုံးဆီထ မပစ်တတ်ကြပါလား။ အမှိုက်ပစ်တာကို မရှက် တတ်ကြဘူး။ ဒါကို ငယ်ငယ်ကတည်းက လေ့ကျင့်ပေးရမှာ။ ဒီမျိုးဆက်ကတော့ ပရမ်းပတာကြီးလာကြတာ။ နောက်မျိုးဆက်ကျမှ ကျောင်းစည်းကမ်းအနေနဲ့ ကြပ်ကြပ်မတ်မတ်သင်ပါ။ မလိုက်နာရင် ဒဏ်ရိုက်ပါ။ နေရာတိုင်းမှာ CCTV တပ်ဖို့လိုနေပြီ။ တိုးတက်တဲ့လူမျိုးဆိုတာ အမှိုက်ပစ်တာနဲ့ သိနိုင်တယ်။
အမှိုက်ပုံးများကိုလည်း စနစ်တကျထားပေး စေချင်ပါတယ်။ အမှိုက်စနစ်တကျစွန့်ပစ်ချင်တာမှာ တခါတလေ ပုံးရှာမရပါတဲ့။''

မှန်ပါသည် ခင်ဗျာ။ စာရေးသူသည် တခါက မြို့တွင်းဆူးလေအနီးမှ နေအိမ်သို့အပြန် မျက်နှာသုတ်သော တစ်ရှူးစက္ကူစကိုပစ်ဖို့ အမှိုက်ပုံးရှာဖွေရာမှာ မတွေ့ရတာကြောင့် တစ်ရှူးစမှာ အိမ်အထိပါလာပါသည်။ အင်္ဂလန်နိုင်ငံ မြို့လေးတမြို့တွင် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံမှ အမျိုးသမီးတဦးက သူမတို့ မြို့ရှိ ပန်းခြံ အတွင်း၌ ကိုက် ၅၀ အကွာအဝေးတိုင်းမှာ အမှိုက်ပုံးတခုရှိကြောင်း ဆောင်းပါးတပုဒ်တွင် ရေးသားထားသည် ကို မှတ်သားမိပါသည်။ ထို့ကြောင့် စည်ပင်သာယာအနေနှင့် ရပ်ကွက်တိုင်း၊ လမ်းတိုင်း၊ ပန်းခြံတိုင်း၌ အမှိုက်ပုံး များထားရှိပေးရပါမည်။ ပြည်သူလူထုအနေနှင့်လည်း အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရပါမည်။
နိုဝင်ဘာ ၁၁ ရက်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနနှင့် ဂျပန်နိုင်ငံ တိုကျိုမြို့တော် ပတ်ဝန်းကျင်ရေးရာဌာနတို့ ပူးပေါင်းပြီး အမှိုက်ကောက်ပြိုင်ပွဲကို ရန်ကုန်မြို့တော်ခန်းမရှေ့၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ''အမှိုက်ဟာ ကျန်းမာရေးအတွက် နောက်ဆက်တွဲ ဆိုးကျိုးပြဿနာတွေ ဖြစ်နိုင်တယ်။ အခု အမှိုက်ကောက်ပြိုင်ပွဲလုပ်တာဟာ ကလေးတွေရဲ့ စာရိတ္တအတွက် သင်ကြားရေးစနစ်တခုလည်း ဖြစ်ပါတယ်။ အမှိုက်ကောက်တာဟာ ရှက်စရာအလုပ် မဟုတ်ဘဲ ဂုဏ်ယူစရာ ဖြစ်တယ်ဆိုတာ လူတိုင်းသိရှိစရာဖြစ်တယ်ဆိုတာ လူတိုင်းသိရှိအောင် ပြန့်ပွားသွားအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်''ဟု ပြောသည်။

အမှိုက်ကောက်ပြိုင်ပွဲတွင် ဂျပန်နိုင်ငံသားများ အပါအ၀င် လူပေါင်း ၁၀၀ ကျော် ဆင်နွှဲခဲ့ပြီး အဖွဲ့တဖွဲ့လျှင် ငါးဦးနှုန်းဖြင့် အဖွဲ့ပေါင်း ၂၂ ဖွဲ့ ပါဝင်ဆင်နွှဲခဲ့သည်။ နံနက် ၈ နာရီတွင် မြို့တော်ခန်းမရှေ့မှ စတင်တာလွှတ်ပြီး အနီးပတ်ဝန်းကျင်လမ်းများသို့ ၀င်ရောက်ကာ အမှိုက်ကောက်ခဲ့ကြသည်။ ပြည်သူလူထုအတွင်း အမှိုက်ကောက်ခြင်း အလေ့အထများ ရှင်သန်လာပြီး မိမိတို့ရပ်ကွက်လမ်း၊ ကျေးရွာအစရှိသဖြင့် ပတ်ဝန်းကျင် သန့်ရှင်းရေးကို အလေးထားဆောင်ရွက်တတ်စေရန် အမှိုက်ကောက်ပြိုင်ပွဲကို ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်ဟု မြို့တော်ဝန်က ဆိုပါသည်။

စာရေးသူတို့ ရွှေဗမာများ အမှိုက်ကောက်သည့်ကိစ္စ၌ပင် ဂျပန်လူမျိုးများထံမှ အတုယူရမလို ဖြစ်နေသည်။ လူထုအတွင်း အမှိုက်ကောက်ခြင်း အလေ့အထများ ရှင်သန်လာစေရန်ပြိုင်ပွဲတခု လုပ်ပြရုံမျှဖြင့် ရပ်ထားရန် မသင့်ပေ။ ရန်ကုန်မြို့တော်ဝန်၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ အနုပညာရှင်များပါဝင်လျက် လူထုလှုပ်ရှားမှုများ အပတ်စဉ်သို့မဟုတ် လစဉ်ဆိုသလို စဉ်ဆက်မပြတ်ပြုလုပ်သင့်သည်။ အိမ်စောင့်အစိုးရ လက်ထက်တုန်းက မြို့တော်ဝန် ဗိုလ်မှူးကြီး ထွန်းစိန်သည် ''မြို့တော်ကို ချွေးဖြင့် ဆေးကြောမည်''ဆိုသော ဆောင်ပုဒ်ချမှတ်ကာ မြို့တော်သန့်ရှင်းရေး အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့ဖူးသည်။ အဆိုပါ လှုပ်ရှားမှုမျိုး ယခုပြန်လည်ဖော်ဆောင်သင့်သည်။ စည်းကမ်းတကျ အမှိုက်စွန့်ပစ်ခြင်း၊ ကွမ်းတံတွေးထွေးခြင်း၊ အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် လူထုကို ပညာပေးစည်းရုံး လှုံ့ဆော်ရသည်။ အမှိုက်ပစ်ခြင်း၊ ကွမ်းတံတွေးထွေးခြင်းတို့အတွက် ဆုပေးဒဏ် ပေးစနစ်ကို တိတိကျကျ ကျင့်သုံးရမည်။ မြို့တော်အတွင်း မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် သန့်ရှင်းရေးပြိုင်ပွဲများ ကျင်းပရမည်။ လစဉ် အသန့်ရှင်းဆုံးမြို့နယ်၊ အသန့်ရှင်းဆုံးရပ်ကွက် စာရင်းရွေးချယ်ပြီး အခမ်းအနားဖြင့် ဆုချီးမြှင့်ရမည်။ ခရီးသည်တင်ယာဉ်များပေါ်တွင် ''ဆေးလိပ်မသောက်ရ၊ အမှိုက်မပစ်ရ၊ ကွမ်းတံတွေး မထွေးရ''သတိပေးစာတန်းများ အသက်ဝင်လာအောင် လုပ်ရမည်။ နည်းလမ်းများ ရှာဖွေရမည်။ ကျူးလွန်သူများကို ထိရောက်စွာ ပြစ်ဒဏ်ချမှတ်ရမည်။ ''သူ့ဘာသာသူ ဆေးလိပ်သောက်၊ ကွမ်းတံတွေးထွေးတာ၊ ငါတို့နဲ့ ဘာဆိုင်သလဲဆိုသော တာဝန်မဲ့စိတ်ဓာတ်များ ပပျောက်အောင် အသိပညာ ပေးကြရမည်ဖြစ်သည်။ ဤအတွက် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ခရီးသည်များနှင့် ယာဉ်ထိန်းရဲ အားလုံးတွင် တာဝန်ရှိသည်။

ဗျသခငအေငသည်သမျွနါနငညွှညေသြငြှုညအနမညအေငသညေူ (ဗွှျှုဃ) မှ ပရောဂျက်ဒါရိုက်တာ မစ္စတာဟီရာနိုနိုဘုယုခိက ''၄ လပိုင်းမှာ အစိုးရတက်တယ်။ အစိုးရတော့ ပြောင်းသွားတယ်။ ဒါပေမဲ့ ဒီနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်သူတွေကိုယ်တိုင်က မပြောင်းဘူးဆိုရင် လုံးဝမပြောင်းလဲဘူး။ နောက်ထပ်နှစ် ၅၀ လည်း မပြောင်းဘူး။ မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်ပြောင်းလဲမှ ဖြစ်မယ်''ဟု အင်တာဗျူးတခုတွင် ပြော ကြားခဲ့သည်။

စာရေးသူ၏ အမြင်ကတော့ ပြည်သူလူထုအနေနှင့် စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းနှင့် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်း အကျင့်ဆိုးများကို ပြုပြင်ပြောင်းလဲပစ်ရမည်။ သို့မဟုတ်ပါက မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံအဖြစ်ရောက်ရှိမည်မဟုတ်သလို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတနိုင်ငံအဆင့်သို့ ရောက်ရှိမည်မဟုတ်ကြောင်း ဆိုဝံ့ကြောင်းပါဗျာ။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.