ဒေါ်နယ်ထရမ့် - အမေရိကန် သမ္မတ နှင့် လက်နက်ကိုင်တပ်ပေါင်းစု ၏ စစ်သေနာပတိချုပ်

ဒေါ်နယ်ထရမ့် က အမေရိကန်၏ ၄၅ ဦး မြောက် သမ္မတ လောင်း အဖြစ် သမ္မတ အိုဘာမား နှင့် ရာထူး လွှဲပြောင်းရေး စတင် ဆွေးနွေးရန် ဖိတ်ကြားခံခဲ့ရပြီ ဖြစ်တဲ့အတွက် မနက်ဖန် ဆိုလျင် အိမ်ဖြူတော်သို့ ချီတက်ကာ တော့မှာ ဖြစ်ပါတယ်။

အကြို ရွေးကောက်ပွဲ စစ်တမ်းများကို မြောင်းထဲသို့ ပြစ်ထည့်လိုက်ပြီး ၂၉၀/ ၂၁၈ ဖြင့် တကမ္ဘာလုံးကို အံ့သြတုန်လှုပ်သွားစေခဲ့ပါတယ်။ ပို၍ အံ့သြစရာ ဖြစ်ခဲ့ပြန်သည်က အမေရိကန် ကို တည်ထောင်သူများ ရည်ရွယ်သလို check and balance လုပ်ရမည့် အထက် နှင့် အောက်လွှတ်တော်တို့က သူ၏ ပါတီ လက်ထဲသို့ ထိုးကျသွားခဲ့ ရပြန်ပါတယ်။ တနိုင်ငံလုံး ရဲပတောင်း ခ သွားစေသော သူအား မည်သည့် အမတ်က ဆန့်ကျင် ရဲပေတော့မည်နည်း။

ကျားကုတ် ကျားခဲ တိုက်ယူရမယ်လို့ အများယူဆထားကြတဲ့ ပင်ဆဲလ်ဗေးနီးယား၊ အိုဟိုင်ယို၊ ဖလောရီဒါ၊ နဲ့ မြောက်ကာရိုလိုင်းနားတွေမှာ အောင်ပွဲ ခံခဲ့တဲ့ အပြင် ဒီမိုကရက်တို့ ရဲ့ အစဉ်အလာ ခံတပ်ကြီး ဖြစ်တဲ့ မီချီဂန် နဲ့ ၀င်စကွန်ဆင် ပြိုလဲသွားခဲ့ရတာကို အံအားတသင့် ဖြစ်သွားခဲ့ပါတယ်။

အမေရိကန် လူထုကလည်း ထုံအသူများ မဟုတ်ကြ၊ ထရမ့် ပြောသမျှ ကို မျက်စိမှိတ်ယုံ၍ကား မဟုတ်၊ သို့သော် ၎င်းပြောသလို တကယ်တမ်း လိုက်လုပ်မှာ မဟုတ်၊ လုပ်ချင်၍လည်း မရ၊ ကွန်ဂရက် က ထိမ်းချုပ်သွားမည်ဟု ယုံကြည်သူများ ပြီး နိုင်ငံရေးအရ အလောင်းအစား ပြုလုပ်ခဲ့ခြင်းဖြစ်၍ မခန့်မှန်းနိုင်သော အန္တာရယ်များလှသည့် လမ်းကြောင်းပေါ်သို့ အမေရိကန် ကို တွန်းတင်ခဲ့ပြီး အမေရိကန် သြဇာအာဏာ တကမ္ဘာလုံး တွင် သက်ရောက်မှု ကျဆင်း လာနိုင်စရာ ရှိလာနေပြီ ဖြစ်ပါတယ်။ ဒီအနေအထားတွေကို မစ္စတာထရမ့် နားလည်ပုံ ရတဲ့ အရိပ်အယောင်တွေ ရွေးကောက်ပွဲ မဲဆွယ်ကာလ တလျောက်လုံး မှာ မတွေ့ခဲ့ရသေးပါဘူး၊

ထရမ့်ကတော့ အကွဲကွဲ အပြားပြား ဖြစ်ခဲ့သော တိုင်းပြည်ကို စည်းလုံးညီညွတ်အောင် ပြန်လည် တည်ဆောက်ရန် ကြိုးပမ်းသွားမည်ဟု အောင်ပွဲခံ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားခဲ့ပြီး ကလင်တန် အားလည်း ချီးမွမ်းခန်း ဖွင့်သွားခဲ့ပါတယ်။

ကလင်တန် က စောစောပိုင်းက အရှုံးဝန်ခံရမယ့် concession speech ကို ရွှေ့ဆိုင်းထားပေမယ့် ထရမ့်ဆီကို ချီးကြူးဂုဏ်ပြုကြောင်း တယ်လီဖုန်း နဲ့ အကြောင်းကြားခဲ့ပါတယ်။ နောက်နေ့မနက်မှာ ပြောတဲ့ မိန့်ခွန်းမှာ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရမှု အတွက် အမေရိကန် လူထုကို တောင်းပန်ခဲ့တဲ့ အပြင် ထရမ့်ကိုလည်း နိုင်ငံကို ဦးဆောင်သွားဖို့ အခွင့်အရေး တွေ ပေးကြပါရန် တိုက်တွန်းသွားခဲ့ပါတယ်။

သို့သော်လည်း ကမ္ဘာတ၀ှမ်း က တော့ ရှယ်ယာဈေးများ ထိုးကျသွားခြင်း နဲ့ အယုံအကြည်မဲ့ကြောင်း ပြသခဲ့ကြပါတယ်။

ကမ္ဘာတ၀ှမ်းရှိ ခေါင်းဆောင်များကတော့ ချီးကြူး ဂုဏ်ပြုကြောင်း သ၀ဏ်လွှာတွေ ၀င်လာမစဲ တသဲသဲ ဖြစ်နေပါတယ်။ သို့သော်လည်း ကမ္ဘာတ၀ှမ်း ရွာကြီး အသွင် ကုန်သွယ်ထွန်းကားမှု မှ နောက်ပြန်ဆုတ်ရေး၊ လုပ်အားခ နည်းတဲ့ မက္ကဆီကို၊ တရုတ် တို့ ကို ရွှေ့ပြောင်းပြီး စက်ရုံတွေ တည်နေကြတဲ့ အမေရိကန် ကုမ္ပဏီ တွေကို အပြစ်ဒဏ်ခတ်ရေး၊ လွတ်လပ်သော ကုန်သွယ်ရေး စာချုပ် များ ဖြစ်တဲ့ TIPP တို့ TPP တို့ အတွက်လည်း မျှော်လင့်ချက် မရှိတော့၊ အမေရိကန် နဲ့ မက္ကဆီကို အကြား အုတ်တံတိုင်းကြီး ကာလိုသည်သာ မက ကုန်သွယ်ရေးတွင် ပါ နိုင်ငံပတ်လည်း ၀င်းခြံခတ်ချင်သူ ဖြစ်လာနေတဲ့ အတွက် အမေရိကန်ကို ကုန်စည်တွေ တင်ပို့နေတဲ့ နိုင်ငံတွေ သတိထားကြရဖို့ ရှိလာနေပါတယ်။

ပြည်တွင်း စီးပွားရေးမှာ အခြေခံ အဆောက်အအုံတွေ အပေါ် ငွေကို ဒလဟော သုံးပြီး စီးပွားရေး ပြန်ပြီး ကျားကန် နိုင်အောင် လုပ်မယ့်အပြင် လူတဦးစီ နဲ့ ကုမ္ပဏီများ အပေါ် လည်း ၀င်ငွေခွန် လျော့ချမယ်လို့ ကြွေးကြော်ခဲ့တဲ့ အတွက် အဲ့သည့်နှစ်ချက် ဘယ်လိုများ သဟဇာတ ဖြစ်မလဲဆိုတာ စီးပွားရေး ပညာရှင်ကြီးများ ခေါင်းကုပ်လာကြရပါတယ်။ သူကိုယ်တိုင်က ၀င်ငွေခွန် ဘယ်လို ရှောင်တိမ်းရမလဲဆိုတာ သိနေတဲ့ အတွက် Apple တို့လို ကုမ္ပဏီ တွေ ဒေါ်လာ ဘီလီယံ နဲ့ ချီပြီး အမြတ်ငွေတွေ ပြည်ပ မှာထားရှိနေလို့ရတဲ့ tax loophole တွေ ကို ပိတ်ဆို့ခြင်းဖြင့် လိုတဲ့ငွေကို ရှာမယ်လို့ ပြောနေပါတယ်။

သူရဲ့ အောင်ပွဲခံ မိန့်ခွန်းမှာ အမေရိကန် အကျိုးစီးပွားကို ဦးထိပ်ထားမယ့် မူကြောင့် နိုင်ငံအားလုံးက အရင်ကလို မတရား အခွင့်အရေးတွေ ရတော့မှာ မဟုတ်ပဲ တိတိကျကျ ဆက်ဆံ သွားမယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲနေ့က မဲလိမ်ခံရမှာကို စိုးနေတဲ့ မစ္စတာ ထရမ့်ရဲ့ တိုက်တွန်းမှု နဲ့ လူဖြူ အမျိုးသားရေး ၀ါဒီ အဖွဲ့တွေ ဖြစ်တဲ့ Ku Klux Klan တွေ လာရောက် စောင့်ကြည့်ကြပြီး လော့အိန်ဂျဲလိစ် အရှေ့ပိုင်းက Azusa မြို့ မှာ ပြစ်ခတ်မှု ဖြစ်ပွားတဲ့ အတွက် တယောက်သေ နှစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။

ကယ်လီဖိုနီးယား ပြည်နယ်ကလည်း အမေရိကန် ကနေ ခွဲထွက်ဖို့ စတင်ပြီး လှုပ်ရှားမှုတွေ ပြသလာနေပြီလို့ သတင်းများက ဆိုပါတယ်။

အမေရိကန်ရှိ ပစ်ဘတ်၊ ပင်ဆဲလ်ဗေးနီးယား၊ ဆီရယ်တဲလ်၊ အော်စတင် နဲ့ ၀ါရှင်တန် မြို့ကြီးများ အပါအ၀င် အခြား မြှိုငယ်လေးများရှိ ကျောင်းသား ရာပေါင်းများစွာက စာသင်ခန်းမှ ထွက်ခွာခဲ့ကြပြီး "Stop President Trump" ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ အော်စတင်မှာ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့ပါတယ်။

ဒေါ်နယ် ထရမ့် တာဝါ ကြီး ရှိတဲ့ နယူးယောက် မက်ဟက်တန် ပေါ်ကို မည်သည့် လေယာဉ်မှ ပေ ၃၀၀၀ အောက် ဖြတ်ကျော်မောင်းနှင်ခွင့် မပြု့ဆိုတဲ့ အမိန့်ကို ထရမ့် အိမ်ဖြူတော်ကို ရွှေ့မယ့် ဂျန်န၀ါရီ ၂၁ ရက် အထိ အမေရိကန် လေကြောင်း ထိမ်းသိမ်းရေး က ထုတ်ပြန်လိုက်ပါတယ်။

ပြင်သစ် ရဲ့ လက်ဝဲယိမ်း Liberation သတင်းစာကြီးကတော့ American Psycho ဆိုပြီး ထရမ့်ပုံ နဲ့ ရှေ့မျက်နှာဖုံး အပြည် ထုတ်ဝေလိုက်ပါတယ်။

ဓါတ်ပုံ။ ။ The Economist

HSW
BrainWave ဉာဏ်လှိုင်း

COMMENTS

Name

art,1,article,1294,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6961,interview,213,knowledge,7,Live,8,LocalNews,15072,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: ဒေါ်နယ်ထရမ့် - အမေရိကန် သမ္မတ နှင့် လက်နက်ကိုင်တပ်ပေါင်းစု ၏ စစ်သေနာပတိချုပ်
ဒေါ်နယ်ထရမ့် - အမေရိကန် သမ္မတ နှင့် လက်နက်ကိုင်တပ်ပေါင်းစု ၏ စစ်သေနာပတိချုပ်
https://2.bp.blogspot.com/-W63OXtW6IaI/WCSRLv-tiAI/AAAAAAAAZ_I/9Zx72K1rS903ieBqbgMBX_sDPAet7eKuACLcB/s1600/Q1.jpg
https://2.bp.blogspot.com/-W63OXtW6IaI/WCSRLv-tiAI/AAAAAAAAZ_I/9Zx72K1rS903ieBqbgMBX_sDPAet7eKuACLcB/s72-c/Q1.jpg
dawnmanhon
http://www.dawnmanhon.com/2016/11/blog-post_839.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/11/blog-post_839.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy