နောက်ဆုံးအချီ တစ်ဖက်နှင့်တစ်ဖက်ထိုးစစ်ဆင်နေသော အမေရိကန်ရွေးကောက်ပွဲ နောက်ဆုံးအခြေအနေ


အမေရိကန်သမ္မတ ရွေး ကောက်ပွဲ၏ နောက်ဆုံးအပြီး သတ်ရလဒ်ထွက်တော့မည့်ရက် များ နီးကပ်လာပြီဖြစ်သည်။ ထို့ ကြောင့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင် တန်၊ ရီပက်ဘလေကန်သမ္မတ လောင်း ဒေါ်နယ်ထရန့်နှင့် သူတို့ ၏ မဟာမိတ်များသည် ပြည်နယ် ငါးဆယ်ရှိ အမေရိကန်နိုင်ငံတစ် ဝန်းမှာ အသည်းအသန်မဲဆွယ်နေ ကြသည်။ သည်မဲဆွယ်ပွဲသည် နောက်ဆုံးအချီ အပြီးသတ် အား ထုတ်မှုလည်းဖြစ်သည်။ ထို့ ကြောင့် ကျန်ရှိနေသေးသော မဲရလဒ်များကိုရရှိရန် သမ္မတ လောင်းနှစ်ဦးက အကြိတ်အနယ် ကြိုးစားနေကြ၏။

မဲရလဒ်အကြိတ်အနယ်ဖြစ် နေသည်က သမ္မတလောင်းနှစ်ဦး ၏ အရည်အချင်း၊ သူတို့ကို ကူညီ မဲဆွယ်ပေးသူများနှင့် ဒေါ်လာ သန်းချီဖြုန်းကြသော ကြော်ငြာ သုံးစွဲမှုအခြေအနေမှာ မူတည်နေ သည်။

ဒေါ်နယ်ထရန့်နှင့် ရီပက်ဘလေ ကန်များ

ဒေါ်နယ်ထရန့်က ဒုတိယသမ္မတလောင်း အင်ဒီယားနားပြည် နယ်အုပ်ချုပ်ရေးမှူး မိုက်ခ်ပန်စ် နှင့်အတူ ဖလော်ရီဒါ၊ အရီဇိုးနား၊ နယူးမက္ကဆီကိုနှင့် ကော်လိုရာဒို ပြည်နယ်များတွင် လှည့်လည်မဲ ဆွယ်နေသည်။ သူ၏ သားသမီး များကလည်း သူ၏ကိုယ်စား အဓိ ကမဲအဆုံးအဖြတ်ပေးနိုင်သည့် ပြည်နယ်များဖြစ်သော ကော်လို ရာဒို၊ မြောက်ကယ်ရိုလိုင်းနား၊ မစ်ချီဂန်၊ အိုဟိုင်းရိုးနှင့် ပင်ဆယ် ဗေးနီးယားပြည်နယ်များမှာ မဲ ဆွယ်နေကြ၏။

‘‘ခြောက်ရက်အတွင်း ကျွန် တော်တို့က ဖလော်ရီဒါမှာ နိုင် တော့မယ်။ ပြီးရင် အိမ်ဖြူတော် ကိုလည်း အနိုင်ရမှာပဲ။ ဒီလိုနိုင် မယ်ဆိုတာကို စိတ်က အလိုလို သိနေပြီ။ ဟုတ်တယ်မဟုတ်လား။ ကျွန်တော်တို့အနေနဲ့ သည်အ တိုင်း အေးအေးဆေးဆေး အပိုင် လုပ်ဖို့ပဲ လိုတယ်။ ဟုတ်တယ်နော်။ဒီနေရာပဲ ရှိနေပါစေ၊ ဒေါ်နယ်ဒီအနေအထားမှာပဲရှိပါစေ ဘေး မချော်သွားစေနဲ့ ဒေါ်နယ်’’ဟု ဒေါ်နယ်ထရန့်က သူ့ကိုထောက်ခံ သူလူအုပ်ကြီးကို ဟစ်ကြွေးပြော ကြားခဲ့သည်။

ရီပက်ဘလေကန်ပါတီ ခေါင်းဆောင်ပိုင်းက အစတွင် ထရန့်ကို မကြိုက်ကြသော်လည်း မဲပေးရာတွင်မူ ထရန့်ကိုပဲ ပေးခဲ့ ကြသည်။ ထရန့်နှင့် မတည့်သော ရီပက်ဘလေကန်ခေါင်းဆောင် ပိုင်းက ပေါလ်ရိုင်ယန်နှင့် တဒ် ခရုစ်တို့သည် ထရန့်ကို မဲပေးခဲ့ကြ သည်။ သူတို့ကို ဒေါ်နယ်ထရန့်က စကားလုံးများဖြင့် ပြင်းပြင်းထန် ထန် တိုက်ခိုက်ခဲ့သည်။ သို့သော် လည်း အမေရိကန်လွှတ်တော်ထဲ မှာ ရီပက်ဘလေကန်များကို တွေ့ လိုသည့်အတွက် ယခုကဲ့သို့ မဲပေးခဲ့ခြင်းဟု ရီပက်ဘလေကန်လွှတ် တော်အမတ်၊ အမေရိကန်လွှတ် တော်ဥက္ကဋ္ဌ ပေါလ်ရိုင်ယန်က ပြောခဲ့သည်။

သို့သော် ရီပက်ဘလေကန် သမ္မတဟောင်းများဖြစ်ကြသော ဂျော့ဘုရှ်နှင့် သူ၏ ဖခင်ဂျော့် အိတ်ခ်ျဒဗလျူဘုရှ်က ဟီလာရီ ကလင်တန်ဘက်က မဲပေးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ သူတို့၏ တူနှင့်မြေးဖြစ်သူ ဂျော်ခ်ျ ပီဘုရှ်ကိုယ်တိုင်က သူ့ဦးလေးနှင့် အဘိုးဖြစ်သူ သမ္မတဟောင်းများ သည် ဟီလာရီကို မဲပေးကောင်း ပေးနိုင်သည်ဟု ပြောခဲ့ခြင်းဖြစ် သည်။

ဟီလာရီနှင့် အပေါင်းပါများ

ဟီလာရီကလင်တန်သည် ဗုဒ္ဓဟူးနေ့ညနေမှာ ဒီမိုကရက် တစ်ပါတီဘက်က သူ့ကို မဲဆွယ် ပေးသူများနှင့်အတူ နီဗာဒါနှင့် အရီဇိုးနားပြည်နယ်များမှာ မဲဆွယ် ခဲ့သည်။ သူ့အတွက် နိုင်ငံတစ်ဝန်း လှည့်လည်မဲဆွယ်ပေးသူများမှာ သမ္မတအိုဘားမား၊ ဒုတိယသမ္မတဂျိုးဘစ်ဒန်၊ အထက်လွှတ်တော် အမတ် အဲလက်ဇဘက်ဝါရင်းနှင့် ဟီလာရီနှင့် ယခင်က ပြိုင်ဘက် ဖြစ်ခဲ့ဖူးသူ ဘာနီဆန်ဒါးတို့လည်း ပါဝင်သည်။

‘‘အမျိုးသမီးတွေကို စော် ကားသိက္ခာချတဲ့သူ၊ မသန်စွမ်း တွေကို လှောင်ပြောင်ကျီစယ်တဲ့ သူ၊ လက်တင်အမေရိကန်လူမျိုး တွေကို စော်ကားတဲ့သူကို ကမ္ဘာ မှာ ဩဇာအကြီးဆုံးရုံးခန်းမှာ ရောက်လာမယ်ဆိုရင် ဘယ်လို တွေဖြစ်ကုန်မလဲ။ လူတွေကို တစ်ယောက်နဲ့ တစ်ယောက်တည့် အောင်လုပ်တဲ့ အမေရိကန်တွေ ကို အတူတကွဖြစ်အောင် မကြိုး စားတဲ့ သမ္မတမျိုးကို ရခဲ့ရင် ဘယ်လိုတွေဖြစ်လာမလဲ။ ကျွန်မတို့ ဒါကို မှန်းဆစရာတောင်မလိုပါ ဘူး။ သူပြောခဲ့တာတွေနဲ့ သူ့အ လုပ်နဲ့ ရွေးကောက်ပွဲမဲဆွယ်တာ တွေမှာ သူပြောတာတွေပဲကြည့် လိုက်ရုံနဲ့ သိနေပြီ’’ဟု လာ့စ်ဗီး ဂတ်စ်မြို့မှာ ဒေါ်နယ်ထရန့် သမ္မတဖြစ်လာပါက မည်သို့မည် ပုံ အိမ်ဖြူတော်ကို အုပ်ချုပ်မည် လဲဆိုသည်ကို ဟီလာရီက သူ့ကို ထောက်ခံသူများအား ပြောကြား ခဲ့သည်။

ကြာသပတေးနေ့အစော ပိုင်းတွင် ဟီလာရီအတွက် မဲ ဆွယ်ပေးနေသော ဒုတိယသမ္မတဂျိုးဘစ်ဒန်က ဖလော်ရီဒါက မဲဆန္ဒရှင်များကို မဲဆွယ်ရင်း ဒေါ်နယ်ထရန့်ကို အောက်ပါအ တိုင်း ပြောကြား၏။

‘‘ခင်ဗျား ဖလော်ရီဒါမှာ နိုင် တာဆိုရင် အဲဒါ ခင်ဗျားနိုင်တာ အကုန်ပဲ။ ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲညမှာ အိပ်ရာစော စောဝင်နိုင်သွားပြီ’’

မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာ ဟီလာရီကလင်တန် အတွက် အသည်းအသန် မဲဆွယ်ပေးနေသူက သမ္မတအိုဘားမား ဖြစ်သည်။ မြောက်ကယ်ရိုလိုင်း နား တက္ကသိုလ်အားကစားကွင်း မှာ မဲဆွယ်စည်းရုံးရာမှာ သမ္မတ အိုဘားမားက ‘‘ခင်ဗျားတို့ကို ဖိအားပေးရတာတော့ ကျွန်တော် မလုပ်ချင်ပါဘူး။ ဒါပေမဲ့ နိုင်ငံရဲ့ ကံကြမ္မာက ခင်ဗျားတို့ ပခုံးပေါ် မှာ ရောက်နေပြီ’’

ထို့အတူ ဟီလာရီကလင် တန်၏ အီးမေးလ်အမှုကို ပြန် လည်စစ်ဆေးခဲ့သော အမေရိ ကန်ထောက်လှမ်းရေးအဖွဲ့ အက်ဖ်ဘီအိုင်၏ အခြေအမြစ်မရှိ သော သတင်းအချက်အလက်များ ဖြင့် လုပ်ဆောင်သည်ဆိုပြီး အို ဘားမားက ပြစ်တင်ဝေဖန်ခဲ့ သည်။ အစပိုင်းမှာ အမျိုးသမီး များကို လိင်စော်ကားမှုစကားများ ကြောင့် ထရန့်ကို လူကြိုက်များမှု ကျဆင်းပြီး ဟီလာရီက ဦးဆောင် နေခဲ့သည်။ သို့ရာတွင် အက်ဖ်ဘီ အိုင်က အီးမေးလ်ပြဿနာပြန်စစ် ဆေးမည်ဟု ပြောကြားသောအ ခါ ဟီလာရီ၏ မဲများလည်း ကျ ဆင်းခဲ့၏။

နောက်ဆုံးရလဒ်

ယခုရွေးကောက်ပွဲသည် အမေရိကန်နိုင်ငံသမိုင်းမှာ ရာဇ ဝင်တွင်သော ရွေးကောက်ပွဲဟု ဆိုနိုင်သည်။ အမေရိကန်မဲဆန္ဒ ရှင်အများစုက ဒီမိုကရက်တစ် ဟီလာရီရော ရီပက်ဘလေကန် ဒေါ်နယ်ထရန့်ကိုပါ မကြိုက်ကြ ပါ။ သူတို့နှစ်ယောက်စလုံးက ရိုး သားမှုမရှိဟု မဲပေးသူများက ထင် ကြသည်။ ထို့ကြောင့် သည်ရွေး ကောက်ပွဲမှာ မဲမပေးသူများလည်း အတော်များသည်။

တိုင်းမ်မဂ္ဂဇင်းနှင့် ဘီအက်စ် ရုပ်သံများအရ ဟီလာရီက အရှေ့ကနေ အနည်းငယ်အသာဖြင့် ဦးဆောင်နေဆဲဖြစ်သည်။ ဟီလာ ရီ၏ မဲအများစုက အမျိုးသမီးများ နှင့် လူဖြူမဟုတ်သူ အမေရိကန် များဖြစ်သည်။ သူက မဲဆန္ဒရှင် များ၏ ထောက်ခံမှု ၄၅ ရာခိုင်နှုန်း ရထားပြီး ဒေါ်နယ်ထရန့်ကမူ ၄၂ ရာခိုင်နှုန်းရှိသည်။ တခြားပါတီ ငယ်များမှ သမ္မတလောင်းနှစ်ဦး အနက် ဂရင်းပါတီက သမ္မတ လောင်း ဂျေလ်စတိုင်းသည် ၄ ရာခိုင်နှုန်းနှင့် လစ်ဘေတေးရီယန် ပါတီမှ ဂယ်ရီဂျွန်ဆင်သည် ၄ ရာခိုင်နှုန်းရထားသည်။

တခြားပါတီငယ်နှစ်ခုက အ ဆိုပါ သမ္မတလောင်းနှစ်ဦးသည် ရွေးကောက်ပွဲမဲရလဒ်ဖြင့် သမ္မတ မဖြစ်နိုင်သော်လည်း သူတို့၏ မဲ ရလဒ်က သိပ်မဆိုးဟု ဆိုနိုင် သည်။ သူတို့ကို မဲထည့်မှုများလျှင် ထရန့်နှင့် ဟီလာရီတို့ ရနိုင်မည့် မဲများ ပါသွားပြီး ထိခိုက်နိုင် သည်။
Mizzima - News in Burmese
ကိုးကား ဝါရှင်တန်ပို့စ်၊

နယူးယောက်တိုင်းမ်၊ စီဘီအက်စ်ရုပ်သံသတင်းများ

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6918,interview,212,knowledge,7,Live,8,LocalNews,15003,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: နောက်ဆုံးအချီ တစ်ဖက်နှင့်တစ်ဖက်ထိုးစစ်ဆင်နေသော အမေရိကန်ရွေးကောက်ပွဲ နောက်ဆုံးအခြေအနေ
နောက်ဆုံးအချီ တစ်ဖက်နှင့်တစ်ဖက်ထိုးစစ်ဆင်နေသော အမေရိကန်ရွေးကောက်ပွဲ နောက်ဆုံးအခြေအနေ
https://1.bp.blogspot.com/-QEs4dy4aDaY/WB4Bkxwn4nI/AAAAAAAAZ7M/A-sM4eilff4_KRwY_nxGOT7y_ZiIDiSrQCLcB/s640/q1.jpg
https://1.bp.blogspot.com/-QEs4dy4aDaY/WB4Bkxwn4nI/AAAAAAAAZ7M/A-sM4eilff4_KRwY_nxGOT7y_ZiIDiSrQCLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2016/11/blog-post_851.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/11/blog-post_851.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy