အမျိုးသမီးတဦးအား သံကြိုးဖြင့်ချီပြီး ပိတ်လှောင်ထားသူက လူ ၇ ဦးကို သတ်ခဲ့ဟု ၀န်ခံ


ကာလာ ဘရောင်းနဲ့ နဲ့ရည်းစားဖြစ်သူ ချာလီ ကာဗာ (အပေါ်) နဲ့ တော့ ခိုးဟစ်ပ် (အောက်) ကာလာ ဘရောင်းနဲ့ နဲ့ရည်းစားဖြစ်သူ ချာလီ ကာဗာ (အပေါ်) နဲ့ တော့ ခိုးဟစ်ပ် (အောက်)
အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ အမျိုးသမီးတဦးကို ခွေးတကောင်လို သံကြိုးနဲ့ ချုပ်နှောင်ပိတ်လှောင်ထားလို့ ဖမ်းဆီးခံရသူဟာ အရင်က လူ ၇ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ၀န်ခံပြောဆိုပါတယ်။

အသက် ၄၅ နှစ်အရွယ် တော့ ခိုးဟစ်ပ် Todd Kohlhepp ဟာ ၂၀၀၃ ခုနှစ်က လူ ၄ ယောက်ကို သတ်ဖြတ်မှုတာဝန်ရှိတယ်လို့ ဒေသခံလုံခြုံရေးအရာရှိကို ၀န်ခံပြောဆိုခဲ့တာပါ။

သူခြံထဲမှာ လူ ၂ ယောက်ရဲ့အလောင်းကို မြှုပ်နှံထားတယ်ဆိုတဲ့ နေရာကိုလည်း တခြားရဲအရာရှိ ၂ ယောက်ကို ခေါ်ပြီးပြသခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့က ၉၅ ဧကရှိတဲ့ ခြံထဲမှာ လူသေအလောင်းတလောင်းကို တွေ့ရှိခဲ့ပြီး ခိုးဟစ်ပ်က ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ခိုးဟစ်ပ်ကို သူ့ခြံထဲက ကွန်တိန်နာတလုံးထဲမှာ ခွေးချည် သံကြိုးနဲ့ ချည်ပြီး ပစ်ထားခံရတဲ့ မစ္စ ကာလာ ဘရောင်းကို ရဲက တွေ့ရှိခဲ့ပြီး ဖမ်းဆီးထားတာပါ။

အဲဒီ ကာလာ ဘရောင်းနဲ့ နဲ့ရည်းစားဖြစ်သူ ချာလီ ကာဗာ တို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၄ ရက်နေ့ကမှ အမျိုးသမီးကို ကွန်တိန်နာထဲ သံကြိုးတွေချည်ပြီး ပိတ်လှောင်ထားတာကို ရဲတွေက တွေ့ရှိခဲ့တာပါ။ သူ့ရဲ့ရည်းစားဖြစ်သူကို ခိုးဟစ်ပ်က သူ့ရှေ့မှာပဲ ပစ်သတ်ခဲ့တယ်လို့ ချုပ်နှောင်ခံရတဲ့ ကာလာ ဘရောင်းက ပြောဆိုပါတယ်။
DVB TV News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.