မြစ်ဆုံစီမံကိန်းကို ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ ကန့်ကွက်



မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို တွေ့ရစဉ်။ Photo: Myo Zaw Ko/RFA
ဧရာဝတီမြစ်ဆုံစီမံကိန်းကို အကောင်အထည်မဖော်သင့်ကြောင်း ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ က ဧရာဝတီမြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာ၊ စိစစ်သုံးသပ်ရေးကော်မရှင် စေလွှတ် ထားတဲ့ မြန်မာ့ပတ်ဝန်းကျင် သိပ္ပံသုတေသနအဖွဲ့ ကွင်းဆင်းလေ့လာစဉ် ကန့်ကွက်လိုက်ပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံသုတေသန MEI အဖွဲ့နဲ့ မနေ့က တွေ့ဆုံချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော် သစ်တော၊ သတ္တု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိုက်ပျိုးရေး နဲ့ မွေးမြူရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း က ပြော ပါတယ်။

ဧရာဝတီမြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင်က မြန်မာ့ ပတ်ဝန်းကျင်သိပ္ပံသုတေသနအဖွဲ့ကို ကွင်းဆင်းလေ့လာဖို့ စေလွှတ်ထားတာဖြစ်ပြီး အဲဒီအဖွဲ့ဟာ ဧရာဝတီမြစ်နဲ့ ဆက်စပ်မြို့နယ်တွေက ဒေသခံတွေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။

မနေ့ကတွေ့ဆုံပွဲကို ခေါင်လန်ဖူး၊ ပူတာအို၊ နောင်မွန်း အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဗန်းမော် စတဲ့ ဧရာဝတီမြစ်နဲ့ ဆက်စပ်တဲ့ ဒေသတွေမှာ နေထိုင်တဲ့ကိုယ်စားလှယ်တွေ အပါအဝင် ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ သစ်တော၊ သတ္တု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဆိုင်ရာကော်မတီက လွှတ်တော် ကိုယ်စားလှယ်တွေ စုစုပေါင်း ၂ဝ ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမြောက်ဖျား ရေခဲတောင်ဒေသတွေကနေမြစ်ဖျားခံပြီး မေခ နဲ့ မလိခ မြစ်နှစ်သွယ် ပေါင်းဆုံ လို့ ဖြစ်ပေါ်လာတဲ့ ဧရာဝတီမြစ်ပေါ်က မြစ်ဆုံရေကာတာ စီမံကိန်းအပါအဝင် မေခနဲ့ မလိခမြစ်တွေပေါ်မှာပါ တည်ဆောက်ဖို့ စီစဉ်နေတဲ့ ရေကတာစီမံကိန်း ၇ ခုကို အပြီးတိုင်ဖျက်သိမ်းဖို့ အလွှာအသီးသီးက ပြည်သူတွေ က တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.