တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် အနီး ပစ်ခတ်မှုအား အမြန်ဆုံးရပ်စဲရန် တရုတ်သံအမတ် တိုက်တွန်း


တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် အနီးတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများနှင့် ပတ်သက်၍ အဘက်ဘက် အနေဖြင့် ချုပ်ထိန်းပြီး ပစ်ခတ်မှုအား အမြန်ဆုံးရပ်စဲရန် တိုက်တွန်းလိုကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန် က နိုဝင်ဘာ ၂၂ ရက်နေ့တွင် ကျင်းပသည့် မြန်မာ-တရုတ် ပူးပေါင်းကူညီ ဆက်ဆံရေး ဗဟိုအသင်းနှင့် မြန်မာနိုင်ငံရှိ တရုတ် ကုန်သည်လုပ်ငန်းရှင်များ အသင်း ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ ချစ်ကြည် ပူးပေါင်းဆောင်ရွက်ရန်အတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ခု လိုအပ်ပြီး တရုတ် နိုင်ငံအနေဖြင့် နှစ်နိုင်ငံ နယ်စပ်အနီးတွင် ဖြစ်ပွားနေသည့် ပစ်ခတ်မှုများအပေါ် အလေးအနက် ဂရုပြုကြောင်း ၊ အပစ်အခတ် ဖြစ်ပွားသည့် သက်ဆိုင်ရာ အဘက်ဘက်အနေဖြင့် ချုပ်ထိန်းပြီး ပစ်ခတ်မှုများကို အမြန်ဆုံးရပ်စဲရန် တိုက်တွန်းလိုသည်။

တရုတ် နိုင်ငံသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထောက်ခံ အားပေးပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှု သာလျှင် တိုင်းရင်းသား ပြန် လည်သင့်မြတ်ရေး နှင့် ရေရှည်ငြိမ်းချမ်းရေး ကိုရရှိနိုင်မည် ဖြစ်ကာ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အမြန် ပြန်လည် ရရှိလိုကြောင်းလည်း သံအမတ်ကြီး မစ္စတာဟုန်လျန်က ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံသည် လက်ရှိချိန်တွင် မျှော်လင့်ချက်နှင့် စီးပွားရေး အခွင့်အလမ်း များဖြင့် ပြည့်နက်နေပြီး တရုတ် နိုင်ငံ ကုန်သည် လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရန်၊ လူမှုဘဝ အခြေအနေ တိုးတက် ကောင်းမွန်စေရန် နှင့် တရုတ်-မြန်မာ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန် အတွက် ဆောင်ရွက် သွားရမည် ဖြစ်သည်။

မြန်မာ-တရုတ် ပူးပေါင်းကူညီ ဆက်ဆံရေး ဗဟိုအသင်းသည် အသစ်ဖွဲ့စည်းလိုက်သည့် အသင်းတစ်ခု ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည် ပူးပေါင်း ဆောင်ရွက်မှု အတွက်တွန်းအားသစ် တစ်ရပ်ဖြစ်စေ မည် ဖြစ်ကြောင်းလည်း သံအမတ်ကြီး မစ္စတာဟုန်လျန်က ပြောကြားခဲ့သည်။

ဆင်ဟွာ ( Ref )
ဇော်မင်းထွန်း
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.