မခိုးဘူး၊ မလိမ္ဘူး၊ ပြည်သူကို အနိုင်မကျင့်ဘူး။



အလကားရတဲ့ ​လေကို
လွယ်​လွယ်​ ပါးစပ်​နဲ့မှုတ်​သွင်းရတာ​တောင်
ပူစီ​ပေါင်းတလုံးအဖြစ်​ ​ရောက်​ဖို့ အချိန်​​ပေးရ​သေးတယ်​...

မြန်​မာပြည်​သည်​ စိုက်​ပျိုး​ရေးနိုင်​ငံဖြစ်​သည်​လို့ ​အော်​ကျက်​ခဲ့ရတဲ့စာ​တွေကပဲ ​ကျောင်းပြန်​သွားသလား မ​ပြောတတ်​ဘူး..

ဒီ​လောက်​..
လယ်​​တွေသိမ်း
ယာ​တွေသိမ်းနဲ့ ​တောင်​သူလယ်​သမား​တွေကို နှိပ်​ကွပ်​ခဲ့တဲ့ကာလ​တွေအလွန်​၊ ဖြစ်​လာတဲ့အစိုးရလက်​ထက်​၊ ဒီအချိန်​​လေးအတွင်းမှာ ဘာ​တွေများ​မျှော်​လင့်​​နေကြလဲ မ​ပြောတတ်​ဘူး

နိုင်​ငံရဲ့အဓိကဝင်​​ငွေဟာ စိုက်​ပျိုး​ရေးက​နေရတယ်​ဆိုတာကြီးကို အာ​ပေါက်​​အောင်​ကျက်​ခိုင်းပြီး ဟိုဟာ​ရောင်းစား၊ ဒီဟာ​ရောင်းစားနဲ့ အထည်​ကြီးပျက်​နိုင်​ငံက ဘာ​တွေများ ဟုန်းခနဲဆိုထိုးတက်​သွားစရာရှိလို့ပါလိမ့်​...

လောကမှာ ..
မရှိတာထက်​ မသိတာခက်​တယ်
မသိတာထက်​ သိချင်​​ယောင်​​ဆောင်​ပြီး
အမှန်​တရားကို မသိချင်​တာက သာ၍ခက်​ပါတယ်​...

ကိုယ်​နိုင်​ငံအ​ကြောင်း ကိုယ်​သိရင်​ကို ဒီအချိန်​​လေးအတွင်းမှာ ဘာမှလုပ်​မရဘူးဆိုတာ သိပါလိမ့်​မယ်​...
စိုက်​ပျိုး​ရေး အဓိကထားတဲ့နိုင်​ငံအ​နေနဲ့ ဒီ​ခြောက်​လအတွင်း ဘာသီးနှံ​တွေစိုက်​ပြီး​တော့များ တိုးတက်​ချင်​​နေကြသလဲ မ​ပြောတတ်​...

စိုက်​သမျှသီးနှံ၊ ထွက်​သမျှသီးနှံ​တွေကလည်း နည်းပညာအားနည်းခြင်း၊ မိုး​လေဝသမမှန်​ခြင်း၊ ​ဈေးနှိမ်​ခံရခြင်း​တွေ​ကြောင့်​ အမြတ်​အစွန်းထက်​ အရင်း​တောင်​မနည်းပြန်​နှိုက်​ထုတ်​​နေကြရတဲ့ အဖြစ်​ကို သိ​စေချင်​စမ်းပါဘိ...
သီးနှံရလာရင်​​တောင်​ ပြည်​ပဝယ်​လက်​မရှိရင်​ အရင်းရှုံး​နေတဲ့ စိုက်​ပျိုး​ရေးနဲ့ နိုင်​ငံဘယ်​လိုတိုးတက်​ပါ့မလဲ.. ?

အစိုးရအဆက်​ဆက်​ စိုက်​ပျိုး​ရေးကို အား​ပေးခဲ့ကြသလားဆိုပြန်​​တော့ ​ချေး​တော်​​ငွေ​လေး​တောင်​ သူ့အချိန်​နဲ့သူ ကိုက်​ညီ​အောင်​ မ​ပေးနိုင်​​သေးပါဘူး...
သီးနှံ​မြေချချိန်​​ကျော်​ပြီး အပင်​​ပေါက်​​တွေရမှပဲ ​ချေး​တော်​​ငွေရကြတဲ့အဖြစ်​ကို ​တောင်​သူ​တွေသာ အသိဆုံးအဖြစ်​မှာပါ...

ကိုယ်​တိုင်​ စပါးတပင်​ဖြစ်​​အောင်​ မစိုက်​ဖူးတဲ့သူ​တွေက​တော့ ဒီဒုက္ခ​တွေ ဘယ်​သိနိုင်​ပါ့မလဲ...
မျက်​စိ​ရှေ့က ပိုက်​ဆံ​တွေဝင်​ထွက်​​နေတာကို ကြည့်​ပြီး မြန်​မာပြည်​ရဲ့စီးပွား​ရေးအတက်​အကျအတွက်​ အစိုးရသစ်​ကိုအပြစ်​တင်​​နေဖို့ဆိုတာ အင်​မတန်​ဉာဏ်​နဲလွန်းပါတယ်​...

အစိုးရသစ်​ဟာဆိုရင်​ ဘဏ္ဍာ​ရေးခွဲတမ်းတခုကို​တောင်​ တာဝန်​မယူရ​သေးပါဘူး..
၂၀၁၆ - ၁၇ ဘဏ္ဍာ​ရေးနှစ်​အတွက်​ အရင်​အစိုးရမဆင်းခင်​မှာပဲ ခွဲ​ဝေ​ပေးခဲ့ပြီး ဖြစ်​ပါတယ်
အဲဒီအတွက်​ ရတဲ့​ငွေနဲ့ ဖြစ်​​အောင်​လုပ်​​နေကြတဲ့အ​ခြေအ​နေပါ
(အ​နောက်​စည်းရိုးကာဖို့ကိစ္စအပါအဝင်​ ​ငွေ​ကြေးချ​ပေးသွားတာဟာ အရင်​အစိုးရလက်​ထက်​ပါ)

နိုင်​ငံတကာရင်းနှီးမြှုပ်​နှံမှုဆိုတာကလည်း အရင်​အစိုးရလက်​ထက်​မှာ အုံနဲ့ကျင်းနဲ့ဝင်​​ရောက်​ခြင်းမျိုး မရှိ​သေးပါဘူး
အခု အစိုးရသစ်​တက်​လာမှ ဖိတ်​​ခေါ်​နေတုန်းရှိပါ​သေးတယ်​..
နိုင်​ငံတကာက ရင်းနှီးမြှုပ်​နှံသူ​တွေကလည်း တိုင်းပြည်​ရဲ့ လုံခြုံ​ရေး၊ ​မြေ၊ ​ရေ၊လျှပ်​စစ်​မီး ကအစ ဘာတခုမှ စိတ်​ချရ​သေးတာ မဟုတ်​​တော့ ဝင်​လာဖို့ အင်​မတန်​စဉ်းစား​နေကြပါလိမ့်​မယ်​...

ဒီ​လောက်​အ​ခြေခံကျတဲ့ တိုင်းပြည်​စီးပွား​ရေးအ​ခြေအ​နေကို​တောင်​ မတွက်​ချက်​တတ်​ပဲ တိုင်းပြည်​ကဘာမှ တိုးတက်​မလာဘူးဆိုပြီး ​သောက်​​ဖောင်းထိုင်​ထု​နေဖို့ဆိုတာ အ​တော်​ကို ဆင်​ခြင်​တုံတရားမဲ့လွန်းပါတယ်

အစိုးရအဖွဲ့ဝင်​​တွေနဲ့ လွှတ်​​တော်​အမတ်​တချို့ အသုံးမကျတာ​တွေရှိမယ်​၊ သုံးစားမရတာ​တွေရှိမယ်​..
ဒါ​တွေက တဖြည်းဖြည်း ဖြုတ်​လိုက်​၊ အ​ရေးယူလိုက်​နဲ့ ပြင်​ဆင်​သွားရမယ့်​အရာ...
သေချာတာက​တော့ ဘယ်​ဝန်​ကြီးမှ ခိုးမစား​တော့ဘူး..
လာဘ်​​ပေးလာဘ်​ယူမှုရှိရင်​လည်း တိုင်​လို့ရပြီ..
အရင်​ကတည်းက အရင်​အစိုးရလက်​ထက်​ကလူ​တွေနဲ့ ​ပေါင်းပြီးပျက်​စီး​နေတဲ့ ​ခေါက်​ရိုးကျိုးဝန်​ထမ်း​တွေက​တော့ ရှိ​နေအုံးမှာပဲ..
ဒါ​တွေလည်း အ​ရေးယူကြဖို့​တော့ လို​နေ​သေးတယ်
မထိရဲတာလား
တကယ်​မသိတာလား
တိုင်​မယ့်​သူ မရှိတာလား​တော့ မသိဘူး

အတွင်းဝန်​တို့၊ ညွှန်​ချုပ်​တို့၊ ဦးစီးမှုးတို့ဆိုတာ​တွေက အ​ရေးပါတဲ့လူ​တွေဆိုတာ သိကြမယ်​ထင်​ပါတယ်
အဲဒီလူ​တွေရဲ့ တချို့​သောက်​ကျင့်​​တွေက ပြင်​မရ​အောင်​​ခေါက်​ရိုးကျိုး​နေတာ​တွေ ရှိလိမ့်​မယ်​..
ဒါ​တွေကို ပြင်းပြင်းထန်​ထန်​အ​ရေးယူရလိမ့်​မယ်​...

ပြောရမယ်​ဆိုရင်​ အစိုးရသစ်​အ​နေနဲ့ လာဘ်​​ပေးလာဘ်​ယူမှုနဲ့ မသမာမှု​တွေကို ကိုင်​တွယ်​အ​ရေးယူမှု အင်​မတန်​အားနည်း​နေ​သေးတာကို ​တွေ့​နေရတယ်​...
အားရစရာမ​ကောင်းဘူးလို့ ​ပြောရမယ်

တဖန်​..
မသမာမှု​တွေ ရှိတယ်
မတရားမှု​တွေ ရှိတယ်
လာဘ်​​ပေးလာဘ်​ယူမှု​တွေရှိတယ်​လို့ ​ပြောကြသူ​တွေကလည်း တကယ်​ထိ​ရောက်​​အောင်​၊ အ​ရေးယူလို့ရ​အောင်​ ကူညီနိုင်​စွမ်းမရှိကြဘူး..
ဆိုးတာက တိုင်​တာနဲ့ တိုင်​တဲ့လူပြုတ်​သွားတဲ့ သာဓက​တွေကလည်း များ​တော့ အခက်​သား...
တိုင်​တဲ့လူရဲ့ လုံခြုံ​ရေးကို အာမခံနိုင်​စွမ်းမရှိ​သေးတာကလည်း တရားဥပ​ဒေစိုးမိုး​ရေးအတွက်​ အဓိကလိုအပ်​ချက်​ကြီး ဖြစ်​​နေ​သေးတယ်​...

အ​မေစု ​ပြောသလိုပဲ..
ကျမတို့အစိုးရ မလိမ်​ဘူး၊ မခိုးဘူး၊ ပြည်​သူကို အနိုင်​မကျင့်​ဘူးဆိုတာက​တော့ ​သေချာပါတယ်

ကျန်​တာက​တော့ ပြည်​သူ​တွေအ​နေနဲ့ ပြည်​သူ့တာဝန်​​ကျေပြီး အစိုးရသစ်​နဲ့ ပူး​ပေါင်း​ဆောင်​ရွက်​ဖို့ပါပဲ...

ကြည့်​​သောသူ မြင်​ကြပါလိမ့်​မယ်
ပညာရှိ​သောသူများ မြင်​​အောင်​ကြည့်​ပါလိမ့်​မယ်​...

YaeTayZa #​တောကဘကြီး
Labels:

Post a Comment

  1. "အစိုးရအနေနှင့်ရေယဉ်နစ်မြုတ်ပြီးပြည်သူတွေ
    သေပွဲဝင်ရမှာကိုကြိုတင်ကာကွယ်မပေးနှိင်ခြင်း
    ဖြစ်ရပ်ကိုမှနှ်ကန်စွာမကိုင်တွယ်နှိင်ခြင်းတို့အတွက်
    တစ်နိုင်ငံလုံးကိုတောင်းပန်ပါတယ်"

    လို့ပြောပြီးနောက်တာဝန်ယူတာဝန်ခံသည့်အနေနှင့်
    ဝန်ကြီးချုပ်နှုတ်ထွက်သွားခဲ့ပါတယ်
    သမတဟာလည်းပြည်သူလူထုကိုအနူးအညွှတ်
    တောင်းပန်ခဲ့ပါတယ်

    တစ်လွဲမထင်လိုက်ကြပါနှင့်
    ကျောင်းသားအများအပြားနှင့်ပြည်သူတွေသေခဲ့ရတဲ့
    တောင်ကိုရီးယားဖယ်ရီနစ်မြုတ်မှုမှာပါ
    ပြည်သူ့အစိုးရအစစ်တွေကဒီလိုတာဝန်ခံကြပါတယ်

    =တာဝန်ခံတာဝန်သိပြီးရိုးသားပွင့်လင်းတဲ့အစိုးရနှင်
    ခေါင်းရှောင်တာဝန်ခံမှု့မရှိ မရိုးသားသူတွေဒီနေရာမှာ
    ဗူးပေါ်သလိုပေါ်တာပါပဲ=

    စာရေးသူတို့နိုင်ငံက
    ပြည်သူ့အစိုးရဆိုပြီးပါးစပ်ကအမြှုတ်ထွက်အောင်ပြော
    နေသူတွေကတော့သူတို့အပြစ်ကိုမမြင်အောင်တစ်ဖက်
    ကိုပြင်းပြင်းထန်ထန်အရေးယူဖို့စားမလိုဝါးမလိုကြိမ်း
    မောင်းနေပါတယ်

    =အခြားနိုင်ငံတွေမှာဆိုရင်သူတို့ဘာသာရေးအားလပ်
    ရက်တွေမှာပြည်သူတွေအဆင်ပြေစွာသွားလာနှိင်အောင်
    သင်္ဘော၊ရထားတွေကိုအထူးတိုးပြီးပြေးဆွဲပေးပါတယ်=

    အာဇာနည်ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည်ဆိုတဲ့
    သီချင်းကိုတောင်မဆိုသင့်ဆိုတဲ့ရူးကြောင်ကြောင်ဗကပ
    နောက်လိုက်တွေကြီးစိုးနေတဲ့စာရေးသူတို့ရဲ့တိုင်းပြည်မှာ
    တော့ ဗုဒ္ဓဘာသာနေ့ထူးနေ့မြတ်မှာပြည်သူတွေအတွက်
    လုံစိစဉ်မပေးတော့ မှီရာရရာရှိတာလေးကိုပဲအတင်းတိုးစီး
    ရတော့ပြည်သူများစွာမရှုမလှသေပွဲဝင်ခဲ့ရပါတယ်

    လူထုခေါင်းဆောင်ဆိုပြီးကိုယ့်ဟာကိုယ်နာမည်တပ်ထား
    သူတွေရှက်ကြောပြတ်နေတယ်ထင်ပါတယ်
    =လူထုခေါင်းရှောင် ဖြစ်နေပါတယ်=

    ဘာအလုပ်ပဲဖြစ်ဖြစ်
    သူများပြောမှမဲမရမှာစိုးလို့ထလုပ်ပြတာအလကားပါ

    ဒီမှတ်ချက်ကိုELEVEN MEDIA ရဲ့YOUTUBE
    မှာလည်းစာရေးသူတင်ထားပါတယ်

    ReplyDelete

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.