မူဆယ်မှ ဒေသခံအချို့ ကြယ်ဂေါင်သို့ ဆက်လက် ထွက်ပြေးလာသဖြင့် ကြယ်ဂေါင်တွင် မြန်မာဘက်မှ စစ်ဘေးရှောင် ၅၀၀၀ ခန့်ရှိလာ


ကောလာဟလများ ဖြန့်ဝေမှုနှင့် ယမန်နေ့ ညက ပစ်ခတ်သံအချို့ ဆက်လက် ကြားရမှုကြောင့် မူဆယ်ဒေသခံအချို့မှာ တရုတ်နိုင်ငံ ဘက်ခြမ်းရှိ ကြယ်ဂေါင်သို့ သွားရောက်ကြသဖြင့် ကြယ်ဂေါင်တွင် မြန်မာ ဘက်မှ နေရပ်စွန့်ခွာလာသူ ၅၀၀၀ ခန့်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့က ထပ်များလာတယ်။ တစ်နေ့ကနဲ့ ဒီနေ့အထိ စုစုပေါင်း ၅၀၀၀ လောက်ရှိမယ်။ ကောလာဟလတွေ ထွက်တယ်။ တချို့က ဆိုင်ကယ်တွေနဲ့ လိုက်အော်နေတာ့လေ” ဟု ကြယ်ဂေါင်တွင် ဆိုင်ဖွင့်လှစ်နေသူ မြန်မာပြည်ဖွား တစ်ဦးက နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ပြောသည်။

ကြယ်ဂေါင်ဘက်သို့ ထွက်ပြေးလာသူများအား မနောကွင်းတွင် နေရာချ ထားပေးသည်ဟု သိရသည်။

တရုတ်-မြန်မာ နယ်စပ် မူဆယ် ခရိုင်အတွင်း တိုက်ပွဲများကြောင့် တရုတ်နယ်ထဲသို့ ထွက်ပြေးလာသူများအား တရုတ်ဘက်မှ လူသားချင်းစာနာမှု အကူညီများ ပေးအပ်လျက်ရှိသည်ဟု တရုတ် အစိုးရမှ ကြေညာချက် ထုတ်ပြန်ထားသည်။

“ဒီမှာကတော့ ဒီကနေ့ ညနေပိုင်း ၅ နာရီလောက်အထိ တည်တည်ငြိမ်ငြိမ် ပဲ။ ဒါပေမဲ့ နေ့လယ်က တချို့က ဆိုင်ကယ်တွေနဲ့ ပတ်ပြီး နေရပ်စွန့်ကြ ဖို့ လျှောက်လိုက်ပြောတော့ တချို့ကလည်း ကြောက်ပြီး ကြယ်ဂေါင်ဘက် သွားကြတယ်။ ကျွန်တော်ကတော့ မူဆယ်မှာပဲ။ ဆိုင်တွေ အိမ်တွေကတော့ များသောအားဖြင့် ပိတ်ထားကြတယ်” ဟု မူဆယ်ဒေသခံ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် ဦးစိုင်းကျော်သိန်းက နိုင်ဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် ပြောသည်။

မူဆယ်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်း မရှိသော်လည်း လူ အများ ကြောက်ရွှံ့နေမှုကြောင့် မြို့အတွင်း လုံခြုံရေးကို ရဲ ၊ ပြည်သူ့စစ် စသည့် အဖွဲ့များက တာဝန်ယူနေသည်ဟု သိရသည်။

မုံးကိုး ၊ ပန်ဆိုင်း စသည့် ဒေသများမှ ဒေသခံများမှာ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့်နေ့မှစ၍ တရုတ်နိုင်ငံ ၀မ်တိန်ဘက်သို့ နေရပ်စွန့်ခွာ ထွက်ပြေးမှုများရှိခဲ့ပြီး ၀မ်တိန်တွင် စစ်ဘေးရှောင် ၂၈၀၀ ရောက်ရှိနေ သည်ဟု ၀မ်တိန်ရောက် ကချင်တိုင်းရင်းသား တစ်ဦးက The Ladies News သို့ ပြောသည်။

Photo - သျှမ်းသံတော်ဆင့် (စစ်ဘေးရှောင်တချို့အား တွေ့ရစဉ်)
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.