ကြက်၊ ဘဲဈေးမှာ လုံခြုံရေး CCTV ကင်မရာတွေ တပ်ဆင်မည်

 မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနဲ့အတူ လွှတ်တော်ကိုယ်စားလှယ်တွေ နိုဝင်ဘာလ ၆ ရက်နေ့က ကြက်၊ ဘဲဈေးကို သွားရောက်စစ်ဆေးစဉ် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနဲ့အတူ လွှတ်တော်ကိုယ်စားလှယ်တွေ နိုဝင်ဘာလ ၆ ရက်နေ့က ကြက်၊ ဘဲဈေးကို သွားရောက်စစ်ဆေးစဉ်
Photo: Kyaw Lwin Oo/ RFA

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြိုနယ်က ကြက်ဘဲဈေးမှာ မှုခင်းတွေလျော့ကျစေဖို့နဲ့ ဈေးလုံခြုံရေး အတွက် CCTV ကင်မရာအလုံး ၁၇၀ ကျော်ကို တစ်လအတွင်း အပြီးတပ်ဆင် သွားမယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

ဒီကြက်ဘဲဈေးဟာ ရန်ကုန်တစ်မြို့လုံးအတွက် ရောင်းဝယ်ဖောက်ကားနေတာဖြစ်လို့ ဈေးမှာမှုခင်းတွေကျ ဆင်းစေဖို့အတွက် CCTV တွေတပ်ဆင်ဖို့ လိုတယ်လို့ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်အမှတ် ၂ က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောပါတယ်။

တပ်ဆင်မယ့် CCTV လုံခြုံရေး ကင်မရာတွေကို ဈေးသူ၊ ဈေးသားတွေနဲ့ စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းပြီး တပ်ဆင်မှာဖြစ်ပါတယ်။

ကြက်ဘဲဈေးအနီး ပုသိမ်ညွန့်ရပ်ကွက်မှာ နေထိုင်သူတွေက ဈေးသူဈေးသားတွေနဲ့ ရပ်ကွက်သားတွေ ခိုက်ရန်ဖြစ်ပွားတာတွေ၊ စည်းကမ်းမဲ့တာတွေကို တိုင်ကြားတာကြောင့် မင်္ဂလာတောင်ညွန့်မြို့နယ်က လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဈေးသူဈေးသားတွေ၊ ဈေးတာဝန်ခံတွေ၊ စည်ပင်ကတာဝန်ရှိ သူတွေနဲ့ ဒီကနေ့ တွေဆုံခဲ့ကြတာဖြစ်ပါတယ်။

ဈေးသူဈေးသားတွေနဲ့ ရပ်ကွက်သားတွေ ခိုက်ရန်ဖြစ်ပွားတာတွေလျော့နည်းအောင် ဈေးပတ်ဝန်းကျင်က အရက်ဆိုင်တွေကို စိစစ်အရေးယူသွားဖို့ ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းသွားမယ်လို့လည်း လွှတ်တော်ကိုယ်စား လှယ်တွေက ပြောပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.